ပျပိုး
အင်္ဂလိပ်အမည် ။ .။ Aphid
သိပ္ပံအမည် ။ ။ Myzus circumflexus (Buckton, 1876)
မျိုးရင်း ။ ။ Apididae
မျိုးစဉ် ။ ။ Hemiptera
ဖျက်ဆီးပုံလက္ခဏာများ
အကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များသည် အပင်၏ သစ်ရည်ကို စုပ်ယူသည်။
အရွက်များ အ၀ါရောင်ဖြစ်သွားကာ ရွဲ့စောင်းသွား ပြီး ကြီးထွားမှု ညံ့သွားသည်။
ပျားရည်ချိုးထုတ်လုပ်ခြင်းက အနက်ရောင်ကြပ်ခိုးမှိုကို ဖြစ်စေသည်။
ကာကွယ်နှိမ်နင်းခြင်း
အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းပါ။
- ရေတစ်လီတာတွင် မာလာသီယွန် (Malathion ၂) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။
- ဆေးဂန္ဓမာပါဝင်သော ပိုးသတ်ဆေးများကို သုံးပါက ထိရောက်သည်။
သစ်ခွသရစ်ပိုး
အင်္ဂလိပ်အမည် – Orchid Thrip
သိပ္ပံအမည် – Chaetanaphothrips orchidii Moulton
မျိုးရင်း – Thripidae
မျိုးစဉ် – Thysanoptera
ဖျက်ဆီးပုံလက္ခဏာများ
- အကောင်ငယ်များ နှင့် အကောင်ကြီးများသည် အရွက်၏ သစ်ရည်များကို စုပ်ယူသည်။
- အရွက်များ နှင့် ပန်းပွင့်များတွင် ပြောက်ကြားများ ဖြစ်ပေါ်တတ်သည်။
ကာကွယ်နှိမ်နင်းခြင်း
- ပိုက်ကွန်ဖြင့် စိုက်သော ဧရိယာများတွင် ပိုးသတ်ဆေးခဲများ အသုံးပြုခြင်းသည် သရစ်ပိုးကြောင့် ဖြစ်သော ပန်းပွင့်များဒဏ်ရာရမှုကို သက်သာစေသည်။
- ရေတစ်လီတာတွင် ရွက်ဖျန်းပိုးသတ်ဆေးများ ဖြစ်သော ဆိုင်ဖလူသရင် ၁၀ အီးစီ (Cyfiuthrin 10 EC) နှင့် ကလိုပိုင်ရီဖော့စ် (Chlopyrifos) ကို (၁) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါက ဒဏ်ရာရ ပန်းအရေအတွက်ကို လျော့နည်းစေသည်။
- ရေတစ်လီတာတွင် ဒိုင်မီသိုအိတ် ၄၀ အီးစီ (Dimethoate 40 EC) ကို (၁) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။
ယင်ဖြူ
ငွေရောင်ရွက်ယင်ဖြူ
အင်္ဂလိပ်အမည် – Silverlraf Whitefly
သိပ္ပံအမည် – Bemisia tabaci Gennadius,1889
မျိုးရင်း – Aleyrodidae
မျိုးစဉ် – Hemiptera
ပိန်းပန်းယင်ဖြူ
အင်္ဂလိပ်အမည် – Anthurium Whitefly
သိပ္ပံအမည် – Aleurotulus anthuricola Nakahara
မျိုးရင်း – Aleyrodidae
မျိုးစဉ် – Homoptera
ဖျက်ဆီးပုံလက္ခဏာများ
အကောင်ငယ်များ နှင့် အကောင်ကြီးများသည် အရွက်များ၏ သစ်ရည်ကို စုပ်ယူသည်။
ကာကွယ်နှိမ်နင်းခြင်း
- ဒိုင်မီသိုအိတ် ၄၀ အီးစီ (Dimethoate 40 EC) ကို ပက်ဖျန်းပါက ဥ၊ အကောင်ငယ် နှင့် အရွယ်ရောက်ကောင် အရေအတွက်ကို လျော့နည်းစေသည်။
- မာလာသီယွန် ၅၀ အီးစီ (Malathion 50 EC) သည် အရွယ်ရောက်ကောင်များ နှင့် ရုပ်ဖုံးများကို နှိမ်နင်းရာတွင် ထိရောက်သည်။
- ဘီဖန်သရင် ၁၀ ဒဗလျုပီ Bifenthrin 10 WP သည် အကောင်ကြီးများကိုသာ နှိမ်နင်းနိုင်သည်။
- အဆီဖိတ် ၇၅ အက်စ်ပီ (Acephate 75 SP) ပိုးသတ်ဆေးများသည် အကောင်ငယ် နှင့် ရုပ်ဖုံးအရေအတွက်ကို လျော့နည်းစေသည်။
မွှားပင့်ကူနီ
အင်္ဂလိပ်အမည် – Carmine Red Spider Mite
သိပ္ပံအမည် – Tetranychus cinnabarinus Boisduval
မျိုးရင်း – Tetrany chidae
မျိုးစဉ် – Trombidiformes
ဖျက်ဆီးပုံလက္ခဏာများ
- အရွက်များကို အ၀ါရောင်သန်းသော ပြောက်ကြားများ ဖြစ်စေသည်။
- အရွက်များတွန့်ရှုန့်သွားကြပြီး အညိုရောင် ပြောင်းသွားသည်။
- အရွက်များ၏ အောက်ဖက်မျက်နှာပြင်ပေါ်တွင် ပင့်ကူအိမ်ကို တွေ့ရသည်။
ဖျက်ပိုး၏ ၀ိသေသလက္ခဏာ
- အကောင်ငယ်များ နှင့် အရွယ်ရောက်ကောင်များသည် အနီရောင်ရှိကြသည်။
- ဥများကို အရွက်များ၏ အောက်ဖက်တွက်အုကြပြီး အဖြူးရောင်ရှိကာ စက်ဝိုင်းပုံရှိသည်။
ကာကွယ်နှိမ်နင်းနည်း
- ဖျက်ဆီးခံရသော အပင်များကို ရေတစ်လီတာလျှင် ဒီကိုဖောလ်၁၈.၅ အီးစီ (Decofol 18.5 EC) ကို (၀.၈) မီလီလီတာနှုန်း ရောစပ်ပက်ဖျန်းပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ပိန်းပန်းတွင် ကျရောက်သော အင်းဆက်ဖျက်ပိုးများအား ကာကွယ်နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.