အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းစနစ်
ဤစနစ်မှာ ရှေးအကျဆုံး စိုက်ပျိုးမှုစနစ်ဖြစ်သည်။ လူသားများ အဖွဲ့လိုက် စုပေါင်းပြောင်းရွှေ့နေထိုင်သော ခေတ်ကာ လမှ စ၍မိမိတို့၏ နေ့စဉ် စားသုံးရန် အစာအတွက် စိုက်ပျိုးခဲ့ကြသည်။ မြေဆီ မြေနှစ် ကုန်ခမ်းသွား၍ စိုက်ပျိုးမှုမေ အာင်မြင်သောအခါတွင် နေရာသစ်ကို ရှာဖွေလေ့ရှိကြသည်။ အချုပ်အားဖြင့် ဤစိုက်ပျိုးမှုစနစ်သည် မိမိ၏ အဖွဲ့ အစည်း သို့မဟုတ် မိမိအိမ်ထောင်စားသုံးရန်အတွက် စိုက်ပျိုးခြင်းဖြစ်သည်။
ဈေးတင်သွင်းရန် စိုက်ပျိုးခြင်း
လူနေမှုစနစ်တိုးတက်လာ၍ မြို့ ကြီးပြကြီးများတွင် အမြဲတစေ နေထိုင်လာကြသောအခါ စိုက်ပျိုးရန်အတွက် မြေနေ ရာမရှိခြင်း၊ အခြားစီးပွားရေးလုပ်ငန်းကြောင့် အချိန်ပို မရှိခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း လုပ်ငန်းကို မကျွမ်း ကျင်ခြင်း စသည်တို့ကြောင့် ကိုယ်တိုင်မစိုက်ပျိုးကြတော့ပေ။ ထိုအခါ မြို့ ၏ အနီးပါတ်ဝန်းကျင် မြေနေရာများတွင် မြို့သူ မြို့သားများအတွက် စိုက်ပျိုးရောင်းချလာကြသည်။ အချုပ်အားဖြင့် မြို့ ၏လိုအပ်မှုအပေါ် မူတည်စိုက်ပျိုးခြင်း ဖြစ်သည်။
အဝေးပို့ဆောင်ရန် စိုက်ပျိုးခြင်း
ခေတ်၏ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်လာ၍ ပို့ဆောင်ဆက်သွယ်ရေးအစီအစဉ်ကောင်းမွန်လာသောအခါ ဟင်း သီးဟင်းရွက်ကို ဒေသ နှင့် ကိုက်ညီသော နေရာများတွင် သီးနှံအလိုက် စိုက်ပျိုးလာကြပြီး အရပ်ရပ်သို့ မော်တော်ကား၊ မီးရထား၊ လေယာဉ် စသည်တို့ဖြင့် တင်းပို့ရောင်းချလာကြသည်။ ဤစိုက်ပျိုးခြင်းသည် ရေမြေ ရာသီဥတု ကိုက်ညြီ ခင်းကြောင့် အထွက်နှုန်းအဆင့်အတန်းကောင်းမွန်ပြီး ဈေးနှုန်းချိုသာစေသည် အချုပ်အားဖြင့် လမ်းပန်းဆက် သွယ်အဆင်မြေမှုနှင့် တင်ပို့နိုင်သော ဒေသများ၏ လိုအပ်ချက်ပေါ်မူတည်ပြီး စိုက်ပျိုးကြသည်။
စည်သွတ်လုပ်ငန်းအတွက် စိုက်ပျိုးခြင်း
သီးနှံတို့ကို သိုလှောင်နိုင်သော နည်းပညာများကို တတ်မြောက်လာသောအခါ အဝေးပို့စိုက်ပျိုးခြင်းမှ ထွက်ရှိလာသော ပိုလျှံများကို စည်သွတ်လုပ်ငန်း စက်ရုံများမှ ၀ယ်ယူ အသုံးပြုလာကြသည်။ သီးနှံအလိုက်အများအပြား စိုက်ပျိုးေ သာဒေ သများတွင် စက်ရုံကြီးများတည်ဆောက်လာကြပြီး လတ်ဆက်စွာ စားသုံးရန်အတွက် အတန်းအစား အကောင်း များကို အဝေးသို့ ဈေးနှုန်ူးတစ်မျိုးဖြင့် ရောင်းချပြီး လက်ကျန်ကို စက်ရုံများသို့ ဈေးနှုန်းလျော့၍ ရောင်းချ ကြသည်။ ယခုအခါတွင် စက်ရုံလိုအပ်ချက်ပေါ်မူတည်၍ သီးသန့်စိုက်ပျိုးလာကြသည်။ ထိုအခါ စည်သွတ်လုပ်ငန်းနှင့် ကိုက်ညီမည့်မျိုးကို ရွေးချယ်၍ စိုက်ပျိုးကြသည်။
တွန်းအားပေး စိုက်ပျိုးခြင်း
ယခုအခါတွင် အလွန်တိုးတက်ကြွယ်ဝသော နိုင်ငံများတွင် ဟင်းသီးဟင်းရွက်ကို ရာသီချိန်မဟုတ်သော်လည်း အောင်ြ မင်စွာ စိုက်ပျိုးနိုင်ရန် ဖန်တီးလာကြသည်။ အထူးသဖြင့် ခရမ်းချဉ်သီး နှင့် သခွားသီးကို တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် မှန်အိမ်ကြီးများဆောက်လုပ်ပြီး အပူချိန် ထိန်သိမ်းပေး၍ စိုက်ပျိုးလာနိုင်သည်။ ရာသီမဟုတ်သော အချိန်တွင် အထူြး ပုစု စိုက်ပျိုးရခြင်းကြောင့် စိုက်စရိတ်ကြီးမားသည်။ ဈေးကြီးပေး၍ ၀ယ်စားနိုင်သော နိုင်ငံများတွင်သာ အသုံးပြု စိုက်ပျိုးကြသည်။
မျိုးစေ့ထုတ်လုပ်ရန်အတွက် စိုက်ပျိုးခြင်း
ဟင်းသီးဟင်းရွက်ကို မျိုးအတွက် စိုက်ပျိုးခြင်းနှင့် စားသုံးရန်အတွက် စိုက်ပျိုးခြင်းတို့သည် ကွာခြားမှုရှိသည်။ မျိုးကောင်း မျိုးသန့်ကို သုံးမှသာလျှင် စိုက်ပျိုးမှုကို အကျိုးဖြစ်ထွန်းမည် ဖြစ်သည့် အလျှောက် မျိုးကောင်း မျိုးသန့် ရရှိရန်အတွက် သင့်လျှော်သော မြေ၊ ရာသီဥတု၊ ရောဂါကင်းသော ဒေသတို့တွင် ရွေးချယ် စိုက်ပျိုးရပေသည်။ မျိုးစေ့အတွက် ရိတ်သိမ်းခြင်း၊ ခြွေခြင်း၊ နေလှန်းခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းစသောလုပ်ငန်းများသည် သီးသန့် လုပ်ငန်းများ ဖြစ်သည့်အလျှောက် ကျွမ်းကျင်နားလည်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလာကြသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု နည်းစနစ်များ appeared first on Myanmar Farmers' Portal.