Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

SRI နည်း၏ အထွက်⁠နှုန်းတိုး⁠စေသည့် အေ⁠ကြာင်းများ

$
0
0

၁။ ကြဲကြဲစိုက်ခြင်း

၂။ အပင်ငယ်စဉ်တွင် ရွှေ့ပြောင်းခြင်း

၃။ ပေါင်းများကို မြေကြီးအတွင်းသို့ ထည့်သွင်းခြင်း

၎။ အစေ့နည်းနည်းသုံးခြင်း

၅။ ရေလိုအပ်ချက်လျော့ချခြင်း

၆။ အော်ဂဲနစ်မြေဆွေးများအသုံးပြုခြင်း။

စိုက်ပျိုးရန် သင့်တော်သောမြေ

ဆားမပေါက်သောမြေ၊ မြေပြင်ညီဖြစ်ပြီး ရေသွင်းရေထုတ်လွယ်ကူသော မြေနှင့် မြေသြဇာပြည့်ဝသောမြေကိုဆိုလိုသည်။ စိုက်ပျိုး သူများအတွက် မိမိမြေ၏ အသေးစိတ်အချယ်အလက်အားလုံးကို သိထားရန် လိုအပ်သည်။

လယ်ယာမြေကို မြေသြဇာပြည့်ဝသောမြေဖြစ်ရန်

(က) နုံးမြေထည့်သွင်းခြင်း

(ခ) မြေဆွေးထည့်သွင်းခြင်း

(ဂ) သစ်စိမ်းမြေဆွေးပေးသော သီးနှံများ စိုက်ပျိုးခြင်း

(ဃ) အိမ်မွေးတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း။

အထက်ပါနည်းများအနက် အနည်းဆုံး (၂) နည်းကို နှစ်စဉ် ဆောင်ရွက်သင့်သည်။

ဖျာပုံသဏ္ဍာန်ပျိုးထောင်နည်း

ပျိုးထောင်ရန်အတွက် စပါးစေ့များကို (၁၂) နာရီကြာ ရေစိမ်ပါ။

ရေပေါ်ပေါ်လာသော မျိုးစေ့များကို ဖယ်ရှားပါ။

ယင်းနောက် (၂၄) နာရီကြာ ဖုံးအုပ်ပါ။

(စပါးမျိုးအလိုက် အချိန်အပြောင်းအလဲ ရှိပါသည်။)

ပျိုးခင်းမြေပြင်ရန်အတွက် အောက်ပါပစ္စည်းများ လိုအပ်ပါသည်။

(က) မြေ

နုံမြေ (သို့) လယ်မြေနှင့် နွားချေး (သို့) မြေဆွေးတို့ကို (၇း ၂) အတိုင်းရောစပ်ပြီး သမအောင်နယ်ထားသောမြေ

(ခ) အောက်ခံအခင်း

အောက်ခံအခင်းအဖြစ် ပလပ်စတစ်အခင်း (သို့) ဘိလပ်မြေအိတ်နှင့် မြေသြဇာ အိတ်စသည့် အိတ်ခွံများ (သို့) ငှက်ပျောရွက်စသည့် သစ်ရွက်များ

(ဂ) သစ်သားပေါင်

(၂)ပေ x(၁) ပေအကွက်ငယ်များပါသည့် သစ်သားပေါင်ဖြစ်သည်။ ယင်းသစ်သားပေါင်ဖြစ်သည်။ ယင်းသစ်သားပေါင်ကို (၂ – ၁) (၂)လက်မ x (၁)လက်မ သစ်သားဖြင့် ပြုလုပ်သည်။ မြေကြီးအား (၂)ပေ x (၁) ပေ ပုံစံ အတုံးများပြုလုပ်ရန် ဖြစ်သည်။
အကွက်ငယ် (၂) ကွက်မှ အကွက်ငယ် (၁၆) ကွက် အထိ အရွယ်အစားအမျိုးမျိုးပြုလုပ်နိုင်သည်။ ပလတ်စတစ်အခင်းပေါ်ရှိ သစ်သားပေါင်အတွင်းသို့ ရောစပ်ထားသောမြေကို ထည့်ပါ။

အကွက်ငယ် (၁၆) ကွက်အတွင်း နို့ဆီဗူး (၂) လုံးကို အသုံးပြုထားသည်။ ယင်းနို့ဆီဗူး (၂) လုံးကို ဗူးဝက်စီအညီအမျှ (၄) ပုံပုံပြီး ဗူးဝက် တစ်စုစီအား အကွယ် (၄) ခုအတွက် ကြဲပက်နိုင်မည် ဖြစ်သည်။

အပေါ်မျက်နှာပြင်ကို ညီညာစေပြီး အညှောင့်ဖောက်ထားသော မျိုးစေ့များကို ကြဲပက်ပါ။

ကြဲပက်အပြီး မြေကြီးနှင့် ခပ်ပါးပါးဖုံးအုပ်ပြီး သင့်လျော်သော အစိုဓါတ်ရရှိစေရန် ရေပန်းကရားဖြင့် ရေလောင်းပေးပါ။

ယင်းနောက် သစ်သားပေါင်ကို ဖယ်လိုက်လျှင် ပျိုးခင်းတစ်ခုကို ရပြီ ဖြစ်သည်။

ထက်မံ၍ ကောက်ရိုးပါးပါးဖြင့် ဖုံးအုပ်ပေးပါ။

ပထမ (၅) ရက်တွင် အစိုဓါတ် လိုအပ်ပါက နေ့စဉ်နံနက်နှင့် ညနေတို့၌ ရေလောင်းပေးရန် ဖြစ်ပါသည်။

(၃) ရက်အကြာ အပင်ငယ်များ အညွှန့်ထွက်ချိန်တွင် ကောက်ရိုးကို ဖယ်ရှားပေးရန် ဖြစ်သည်။

အရွက် (၂) ရက်ထွက်ချိန်တွင် စိုက်ပျိုးရန် အသင့်ဖြစ်သော အချိန် ဖြစ်သည်။

တစ်ဧက အတွက် နို့ဆီဗူး (၁၀) လုံးခန့် လိုအပ်မည်ဖြစ်၍ ယင်း (၁၆) ကွက်ပါဖျာ (၅)ချပ်လိုမည်ဖြစ်သည်။ အပိုအလို အဖြစ် ဖျာတစ်ချပ်ပိုမို၍ ပျိုးထောင်ပါ။

ဖိုင်လိုခရွန်နှင့် စပါးထွက်နှုန်း

ဖိုင်လိုခရွန်ဟူသည် အရွက်တစ်ရွက်နှင့် ပင်ပွား အသစ်တစ်ခုထွက်ရန် ကြာချိန်ကို ဆိုသည်။

အခြေအနေကောင်းအတွက် ဖိုင်လိုခရွန်တစ်ခုသည် (၅) ရက် ကြာသည်။

ပင်ပိုင်းကြီးထွားမှု ကာလအတွင်း ဖိုင်လိုခရွန် (၁၂)ခု ရှိသည်။ ပင်ပွားတစ်ပင်သည် ဖိုင်လိုခရွန် (၂) ကြာပြီးနောက် ထပ်မံ၍ ပင်ပွားတစ်ပင် ထွက်ရှိသည်။

ဒုတိယနှင့် တတိယ ဖိုင်လိုခရွန်များတွင် ပျိုးပင်အား ရွှေ့ ပြောင်းစိုက်သင့်သည်။

စိုက်ခင်းအားပြုပြင်ခြင်း

ထုံးတမ်းစဉ်လာအတိုင်းပြုပြင်ရန် ဖြစ်သည်။ အခြောက်ထယ်ထိုးခြင်း မပြု၇ပါ။ လယ်ကွက်သည် ရေပြင်ညီ ဖြစ်ရန် နှင့် ပျိုးပင်ရွှေ့ေ့ပြာင်း စိုက်ပျိုးရာတွင် ရေမရှိရန် လိုအပ်သည်။ စိုက်ပျိုးရာတွင်

တန်းကြားပင်ကြား (၁၀ x ၁၀) လက်မ အနည်းဆုံး ထားသင့်သည်။

သင့်တော်သောနည်းကို အသုံးပြု၍ အမှတ်အသား ပြုလုပ်သည်။

(၁၂) တန်း (၁) တန်းလှပ်လမ်းများ ချန်ပေး၍ လိုအပ်သည်။

ယင်းလမ်းများသည် လယ်ကွင်းအတွက် လေ၀င်လေထွက် ကောင်းမွန်စေသည်။

ရလဒ်အဖြစ် ပိုးမွှားရောဂါကျ ရောက်မှုနှုန်းကို လျော့ကျစေသည်။

ရွှေ့ ပြောင်းစိုက်ပျိုးခြင်း

(၈ – ၁၂) ရက်ကြား အပင်ကို ရွှေ့ ပြောင်းစိုက်ပျိုးရန် ဖြစ်သည်။ ပျိုးပင်များကို လွယ်ကူစွာ ရွှေ့ ပြောင်းနိုင်သည်။ (ပျိုးနှုတ်မလို)
အပင်ငယ်အား ထိခိုက်မှု မရှိစေရေးဆောင်ရွက်ရန် ဖြစ်သည်။

ပျိုးပင်ကို လက်မ နှင့် လက်ညှိုးကြားထားပြီး မြေကြီးနှင့် အတူ ယူပါ။ ပြီးနောက် မြေပြင်အထက် (၁) လက်မ အကွာ မှ လက်ညှိုးကို အသုံးပြုပြီး အောက်ဖက်ကို ညင်သာစွာဆွဲပြီး စိုက်ပျိုးရန် ဖြစ်သည်။

ပေါင်းနှိမ်နင်းခြင်း

SRI နည်းတွင် ရေအမြဲမရှိသည့်အတွက် ပေါင်းများ ပိုမိုပေါက်သည်။

ပေါင်းများကို လက်နှင့် နှုတ်ပြီး လက်ကွက်၏ အပြင်ဘက်သို့ ပစ်မည့်အစားပေါင်းတွန်းကိရိယာကို အသုံးပြုပြီး မြေဆီလွှာအတွင်း ထည့်သွင်းလျှင် အကျိုးကျေးဇူးများစွာရရှိမည်။

ပေါင်းတွန်းကိရိယာကို ပြောင်းရွှေ့ စိုက်ပြီး (၁၀) ရက်နှင့် (၂၀) ရက် မြောက်သော ရက်များတွင် အသုံးပြုရန် ဖြစ်သည်။ လိုအပ်လျှင် (၃၀) ရက် နှင့် (၄၀)ရက်များတွင် ဆက်လက်အသုံးပြုရန် ဖြစ်သည်။

ရေအသုံးချမှု

မြေပြင်တွင် ရေအမြဲလွှမ်းနေခဲ့လျှင် အမြစ်များသည် အောက်စီဂျင်ချို့ တဲ့မှုကြောင့် သေကြေမှု ဖြစ်ပွားသည်။

SRI နည်းတွင် ရေကို အမြဲ ဖုံးလွှမ်းမနေရန် စီစဉ်သည်။

ရေသွင်းရေထုတ်တစ်လှည့်စီပြုလုပ်ပေးရသည်။

ရေထုတ်အပြီး မြေဆီလွှာ၏ အပေါ်ယံကြော အက်ကွဲသည့် အချိန်တွင် ရေကိုပြန်လည်သွင်းပေးရမည်။

ပေါင်းတွန်းကိရိယာ မသုံးမီ (၁)ရက် အလိုတွင် လယ်ကွင်းအားေ၇သွင်း ပေးရန် လိုအပ်သည်။

မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြား ရေကို (၁) လက်မခန့် သွင်းထားရန် လိုအပ်သည်။

စပါးစေ့များ၏ (၇၀) ရာခိုင်နှုန်းခန့် မာလာသည့် အချိန်တွင် ရေထုတ်ပေးရန် လိုအပ်သည်။

ပိုးမွှားရောဂါထိန်းသိမ်းမှု

SRIနည်းတွင် အော်ဂဲနစ်မြေသြဇာကို အသုံးပြုရသည့်ရလဒ်အဖြစ်အပင်များကျန်းမာကြံ့ခိုင်ပြီးပိုးမွှားရောဂါကျရောက်မှုနှုန်း    လျော့စေသည်။

ပိုးမွှားများကို Amrit jalam နည်းဖြင့် နှိမ်နင်းနိုင်သည်။

(က) နွားကျင်ငယ်ရေ (၁) လီတာ၊ (ခ) နွားချေး၊ (၁) ကီလိုဂရမ် (သို့) (၆၀)ကျပ်သားခန့် (ဂ) ထန်းလျက် (၂၅၀) ဂရမ် (သို့) (၁၅-၂၅) ကျပ်သား (ဃ) ရေ (၁၀) လီတာ

ပြင်ဆင်အသုံးပြုပုံ

အထက်ပါပစ္စည်းများကို ပလပ်စတစ်ပုံး (သို့) မြေအိုးတစ်လုံးတွင် ထည့်သွင်းရောစပ်ပြီး (၂၄) နာရီ အချဉ်ဖောက်ပါ။ ရရှိသော ဖျော်ရေနှင့် ရေကို (၁း၁၀) အတိုင်းရောပြီး ဆေးဖျန်းပုံးအတွင်း အ၀တ်သန့်သန့်တစ်ခုဖြင့် စစ်ထည့်ကာ အသုံးပြုရန် ဖြစ်သည်။ ဖျော်ရေကို ရက်ပေါင်း (၃၀) ထိ ထားနိုင်သည်။ နေ့စဉ်မွှေရန် လိုအပ်သည်။

Source – စိုက်ပျိုးရေးဦးစီးဌာန

The post SRI နည်း၏ အထွက်⁠နှုန်းတိုး⁠စေသည့် အေ⁠ကြာင်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>