ကောက်ရိုးမှိုကိုအသုံးပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ် (Cellophane bag) ဖြင့်စိုက်ပျိုးနည်း
၁။ ကောက်ရိုး၊ ရိုးပြတ်ကို (၂-၄)လက်မ အရှည်ဖြတ်တောက်ပြီး ရေ၀အောင်ဖျန်းပေးပါ။
၂။ အလျား (၅)ပေ၊ အနံ (၅)ပေ၊ အမြင့် (၁ ၁/၂)ပေ ရှိအလျားပုံပြုလုပ်ပါ။
၃။ တမံသလင်းပေါ်တွင် ဇယားကိုချ၍ ရေဖျန်းထားသောကောက်ရိုးများကိုထည့်ပြီး ခြေဖြင့်နင်းသိပ်ပေးပါ။ အမြင့် (၃-၅)ပေရှိအောင် ပြုလုပ်ပေးပါ။
၎။ (၄)ရက်ကြာလျှင် ဇယားကို မ၊ ချွတ်၍ နေရာပြောင်းပြီးရိုးပြတ်စတို့ကို အထက်အောက်လှန်ကာ၊ ဇယားတွင် ပြန်ဖြည့်ထည့်၍ ဖိသိပ် ပေးပါ။
၅။ နောက် (၄)ရက်ကြာပါက ၊ အသုံးပြုရန် အဆင်သင့်ဖြစ်လာပါမည်။ ၄င်းကောက်ရိုးဖြတ်စများကိုအောက်ခြေနှုတ်ခမ်းများ အတွင်း ဖက်သို့ ခေါက်ထားသောပလပ်စတစ်အိပ်ထဲတွင် (၆၀)ကျပ်သားခန့်ထည့်ပြီး အိပ်ကိုတွန့်ခေါက်မနေစေပဲ တင်းကြပ်စွာ ဖိသိပ်ပေးပါ။
၆။ ထို့နောက် ပလပ်စတစ်ကော်လာများစွပ်ပြီး၊ ပလပ်စတစ်အိပ်နှုတ်ခမ်းကိုအပြင်သို့လှန်ချ၍ တင်းကြပ်အော်ဆွဲပြီးသရေကွင်းဖြင့် ချည်နှောင်ပေးပါ။
၇။ က်ာလာဝကို ဂွမ်းဖြင့် မချောင်မကြပ်ပိတ်၍ ပလပ်စတစ်ခွက်ဖြင့် အပေါ်မှ စွပ်အုပ်ပေးပါ။ သို့မဟုတ် စက္ကူပလပ်စတစ်စတို့ဖြင့် လုံခြုံစွာ ဖုံးအုပ်ချည်နှောင်ပေးပါ။
၈။ သံစည်ပိုင်း ပေါင်းအိုးတွင် အထုပ်များကို သပ်ယပ်စွာ စီတန်း၍ဆင့်ထည့်ပြီး သုံးနာရီကြာပီးအပူပေး၍ ပေါင်းပါ။
၉။ အထုပ်များကို သန့်ရှင်း၍ လေလုံသော အခန်းတွင်အအေးခံပြီးမှိုမျိုးထည့်သွင်းပါ။
၁၀။ မှိုမျိုးထည့်ပြီး အထုပ်များကို သီးသန့်အခန်းတစ်ခန်းတွင်အခန်းအပူချိန်အတိုင်းထားပါ။ (၃)ပါတ်ကြာပါက အဖြူရောင်မှိုမြင်များ ပြည့်လာပါမည်။
၁၁။ အိပ်အတွင်းမှိုမျှင်ပြည့်လာပြီးနောက် အိပ်ပတ်ပတ်လည်တွင် ခပ်စောင်းစောင်း သို့မဟုတ် ကြက်ခြေခတ်သဏ္ဍန်(၄-၆)ချက်ခန့်ခွဲပါ။
၁၂။ တနေ့ရေ(၃)ကြိမ်စိုရွှဲအောင်ပတ်ဖျန်းပါ။ တပတ်ကြာလျှင်မှိုပွင့်ထွက်လာပါမည်။
၁၃။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်နိုင်ပါသည်။
လွှစာကိုအသုံးပြု၍ ဆယ်လိုဖိန်း ပလပ်စတစ်အိပ် (Cellophane bag) ဖြင့် စိုက်ပျိုးနည်း
၁။ မျိုးပွားစာများကိုအလေးချိန်အားဖြင့် အောက်ပါအတိုင်းရောစပ်ပါ။
သစ်ပွလွှစာ – ၁၀၀ ရာခိုင်နှုန်း
ဆန်ဖွဲနု – ၅-၁၀ ရာခိုင်နှုန်း
ဆားခါး – ၀.၂ ရာခိုင်နှုန်း
အစိုဓါတ် – ၆၅-၇၅ ရာခိုင်နှုန်း
တို့ကိုနှံ့စပ်အောင်ရောမွှေပါ။
၂။ အောက်ခြေနှုတ်ခမ်းများအတွင်းဖက်သို့ ခေါက်ထားသော ပလပ်စတစ်အိပ်များကို (၆၀)ကျပ်သားနှုန်းထည့်၍ အိပ်ကိုတွန့်ခေါက်မနေ စေပဲ၊ တင်းကျပ်စွာ ဖိသိပ်ပေးပါ။
၃။ ပလပ်စတစ်ကော်လာများစွပ်ပြီး ပလပ်စတစ်အိပ်နှုတ်ခမ်းများကို အပေါ်သို့လှန်ချ၍ တင်းကြပ်အောင်ဆွဲပြီး သားရေကွင်းဖြင့် ချည်နှောင်ပါ။
၎။ တဖတ်တွင် အချင်း(၁)လက်မရှိပြီး တဖတ်ချွန်ထပ်ပုံသဏ္ဍန် သစ်သားချောင်းဖြင့် အိပ်၏ အောက်ခြေအထိ အပေါက်ဖော်ပေးပါ။
၅။ ကော်လာဝကို ဂွမ်းဖြင့်မချောင်မကြပ်ပိတ်၍ ပလပ်စတစ်ခွက်ဖြင့် အပေါ်မှ စွပ်အုပ်ပေးပါ။ သို့မဟုတ် စက္ကူ ပလပ်စတစ်စတို့ဖြင့် လုံခြုံစွာ ဖုံအုပ်ချည်နှောင်ပေးပါ။
၆။ သံစည်ဝိုင်း ပေါင်းအိုးတွင် အထုပ်များကို သန့်ရှင်းသပ်ယပ်စွာ စီတန်းဆင့်ထည့်ပြီး (၃)နာရီကြာ မီးအပူပေး၍ ပေါင်းပါ။
၇။ အထုပ်များကို သန့်ရှင်း၍ လေလုံသောအခန်းတွင် အအေးခံပြီး မှိုမျိုးကို ထည့်သွင်းပါ။
၈။ မှိုမျိုးထည့်ပြီး အထုပ်များကို သီးသန့် အခန်းတခန်းတွင် အခန်းအပူချိန် အတိုင်းထားပါ။ (၃) ပါတ်ကြာပါက ၊ အဖြူရောင် မှိုမျှင်များ ပြည့်လာပါမည်။
၉။ အိပ်အတွင်း မှိုမျှင်ပြည့်လာပြီးနောက် အိမ်ပတ်လည်တွင် ခပ်စောင်းစောင်း သို့မဟုတ် ကြက်ခြေခတ်သဏ္ဍန် (၄-၆) ချက်ခန့် ခွဲပါ။
၁၀။ တနေ့ ရေ (၃) ကြိမ် စိုရွဲအောင် ဖျန်းပေးပါ။ တပါတ်ကြာလျှင် မှိုပွင့် ထွက်လာပါမည်။
၁၁။ မှိုတထုပ်မှ မှို (၁၅-၂၀) ကျပ်သား ထွက်ရှိနိုင်ပါမည်။
Source by – လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း
The post ငွေမိုးမှို၊ ငွေနှင်းမှို နှင့် ပြည်သာယာမှိုစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.