Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠မြပဲသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း

$
0
0

မြေပဲသီးနှံသည် ဆီထွက်သီးနှံများအနက် စားသုံးဆီ ဖူလုံရေးအတွက် အဓိကအရေးကြီးသည့်သီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နှစ်စဉ် (၁.၆)သန်း မှ(၁.၈)သန်းထိ စိုက်ပျိုးသောသီးနှံဖြစ်ပြီး ဆီဖူလုံမှု၏ ၃၆% ထိထုတ်လုပ်ပေးပါသည်။ မြေပဲသီးနှံကိုမိုးရာသီနှင့်ဆောင်းရာသီ   အပြင် မိုးနည်းပါးသောဒေသများတွင် စကမြေပဲအဖြစ် စိုက်ပျိုးလျှက်ရှိပါသည်။

ရာသီဥတု

မြေပဲသီးနှံသည် သမနွေးပိုင်းသီးနှံ (Sub tropical Crop) ဖြစ်၍ အလင်းရောင်နှင့်အပူချိန်လိုအပ်ပါသည်။ သင့်တော်သည့် အပူချိန်မှာ ၂၅ံCမှ ၃၀ံC ရှိပြီး မိုးရေချိန် (၂၀”-၆၀”) အတွင်း ရွာသွန်းသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

မြေအမျိုးအစား

အစိုဓါတ် ထိမ်းသိမ်းနိုင်သော နှုန်းမြေ၊ သဲနှုန်းမြေ၊ နှုန်းစနယ်မြေ၊ ကိုင်းကျွန်းမြေတို့တွင် ဖြစ်ထွန်းပါသည်။ မြေချဉ်ငံဓါတ် ၆-၆.၅ သည် အကောင်းဆုံးဖြစ်၍ မြေချဉ်ငံဓါတ် ၅.၅အောက် မြေမျိုးတွင် စိုက်ပျိုးရန်မသင့်ပါ။

မြေပဲသီးနှံအထွက်နှုန်းတိုးစေရန်ဆောင်ရွက်ရမည့်နည်းလမ်းများ

(၁) မြေပဲသီးနှံအထွက်ကောင်းမျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် အရည်အသွေးကောင်းမွန်၍ ပင်ပေါက်ရာခိုင်နှုန်း ၈၀% အထက်ရှိသော မျိုးစေ့ကို အသုံးပြုရမည်။

(၂) မစိုက်ပျိုးမီတစ်ပတ်အလိုတွင် အစေ့ထုတ်ပြီး သေးလွန်းကြီးလွန်းသော မျိုးစေ့များကိုဖယ်ပြီး အသုံးပြုရမည်။

(၃) စိုက်ခင်းကို ပေါင်းမြက်များ ပြောင်စင်၍ ညီညာစေရန်အတွက် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် မြေပြုပြင်ရမည်။   အောက်မြန်မာနိုင်ငံမိုးရာသီ လယ်မြေများတွင် ဘောင်တင်၍ စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၄) မိုးမြေပဲကို ဇွန်လကုန်တွင်လည်းကောင်း၊ ဆောင်းမြေပဲကို စက်တင်ဘာလလယ်မှ နိုဝင်ဘာလလယ်အထိလည်းကောင်း စကမြေပဲ ကို သြဂုတ်လ (၁၅) ရက်အတွင်း အပြီးစိုက်ပျိုးပါ။

(၅) မြေပဲသီးနှံသည် မြေချဉ်ငံဓါတ် ၅.၅ အောက်ရှိ မြေမျိုးတွင် စိုက်ပျိုးပါက အထွက်နှုန်း မြင့်မားစွာ မရရှိ၍ မြေချဉ်ငံဓါတ် ၅.၅ အထက်ရှိ   မြေအမျိုးအစားများတွင် စိုက်ပျိုးရမည်။

(၆) ပင်ထောင်မြေပဲ အထွက်ကောင်း မျိုးများဖြစ်သည့် ဆင်းပဒေသာ – ၅၊ ဆင်းပဒေသာ – ၆၊ ဆင်းပဒေသာ – ၇၊ မကွေး – ၁၁၊ ၊ မကွေး – ၁၅ မျိုးများကို ရွေးချယ်အသုံးပြုရန်နှင့် ပင်ပြန့်မြေပဲကို ကျောင်းကုန်းမျိုးအား အသုံးပြုပါ။

(၇) မျိုးစေ့ကို Thiram, Daconil, Homi မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။

(၈) စိုက်ချိန်တွင် မျိုးစေ့အား ပဲမြစ်ဖု ဇီဝမြေသြဇာ တစ်ဧက တစ်ပေါင်နှုန်းဖြင့် လူးနယ်စိုက်ပျိုးပါ။

(၉) ပင်ထောင်မြေပဲမျိုး တန်းကြား ၁၅’’ ၊ ပင်ကြား ၄’’ ထား၍ လည်းကောင်း ပင်ပြန့်မြေပဲမျိုးအား တန်းကြား ၁၈’’ ၊ ပင်ကြား ၄” ထား၍ လည်းကောင်း စိုက်ပျိုးပါ။

(၁၀) ပင်ထောင်မြေပဲကို ပင်စည်မကြီးမှ တိုက်ရိုက်ထွက်သည့် ဘေးကိုင်း (၄) ကိုင်း အနည်းဆုံး ရရှိအောင်နှင့် ရိတ်သိမ်းချိန်တွင်        တစ်ဧက အပင်ဦးရေ (၁) သိန်း ရရှိအောင် ဆောင်ရွက်ပါ။

(၁၁) မျိုးစေ့ချရာတွင် စိုက်ကြောင်းအတိမ်အနက်သည် အလွန်အရေးကြီး၍ မြေအနက် (၁၁/၂’’) မှ (၂’’) အတွင်း အစိုဓါတ်လုံလောက်စွာ ရရှိနိုင်မည့် အတိမ်အနက်တွင် စိုက်ပါ။

(၁၂) သဘာဝမြေသြဇာ တစ်ဧက လှည်း (၅-၁၀) စီနှုန်း ထည့်ပေးပါ။

(၁၃) ဓါတ်မြေသြဇာကို တစ်ဧက ပုလဲ (၂၈) ပေါင်၊ တီစူပါ (၈၄) ပေါင်၊ ပိုတက်ရှ် (၂၈) ပေါင်၊ လချေး (Gypsum) (၂၀၀) ပေါင် ထည့်သွင်း သုံးစွဲပါ။ ဓါတ်မြေသြဇာကို မြေပြင်ချိန်တွင် ထည့်သွင်းပြီး လချေးကို မြေပဲစိုက်ပြီး (၄၅) ရက်သားတွင် ထည့်သွင်းသုံးစွဲပါ။

(၁၄) မြေပဲစိုက်ပြီး (၄၅) ရက်သားအတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။

(၁၅) မြေပဲအပင် ဖြစ်ထွန်းချိန် အသက်ရက် (၂၅-၄၅) အတွင်း ရေလိုအပ်မှု မရှိစေရန်နှင့် အဆံဖြည့်ချိန်ဖြစ် သော (၇၀-၉၀) ရက်သား အတွင်း ရေလိုအပ်မှု မရှိစေရန် ဆောင်ရွက်ပါ။

(၁၆) ရွက်လိပ်ရွက်ကပ်၊ ပျ နှင့် ဖြုတ်စိမ်းများကို ကာကွယ်နှိမ်နင်းပါ။

(၁၇) ရွက်ပြောက်ရောဂါနှင့် ခါးရိရောဂါအတွက် မှိုသတ်ဆေးများ သုံး၍ ကာကွယ်ပါ။

(၁၈) မြေပဲပင်ညှိုးလာပြီး အရွက်များဝါလာချိန် ရင့်မှည့်သော အတောင့် ၇၀% ရှိချိန်တွင် ရိတ်သိမ်းပါ။

(၁၉) မြေပဲရိတ်သိမ်းချိန်တွင် မြေပဲအတောင့် အစိုဓါတ် (၄၀-၅၀%) ရှိ၍ ခြောက်သွေ့အောင် (၃-၄) ရက် နေလှန်းပြီး ခူးဆွတ်ယူပါ။

(၂၀) သိုလှောင်ရာတွင် မြေပဲတောင့် အစိုဓါတ် (၇-၈%) ထိသာရှိရန်အတွင် နေလှန်းပြီး သံပုံး(သို့) ပလပ်စတစ်အိတ်တို့ဖြင့် သိုလှောင်ပါ။

Source by – လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

 

 

 

The postေ⁠မြပဲသီး⁠နှံအထွက်⁠နှုန်းတိုးရန် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>