ခေါက်ဒင် (တောင်ယာ) စပါးမျိုး၏ အရည်အချင်းလက္ခဏာများ
၁။ မူရင်းမျိုးအမည် – ခေါက်ဒင် (စပါးနီ)
၂။ မူရင်းဒေသ – ထိုင်း
၃။ ရယူခဲ့သည့် အဖွဲ့အစည်း – မြန်မာစိုက်ပျိုးရေးလုပ်ငန်း၊ ကရင်ပြည်နည်
၎။ စတင်စမ်းသပ်သည့်ခုနှစ် – ၂၀၀၆ ခုနှစ်၊ မိုးရာသီ
၅။ စမ်းသပ်ခဲ့သည့် ကာလ – ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ
၆။ စမ်းသပ်သည့်ဒေသများ – ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့၊ ဘားအံ၊ ဖာပွန်၊ သံတောင်၊ ကော့ကရိတ်၊ တောင်တွင်းကြီး၊ ကျောက်ထု
၇။ မျိုးအုပ်စု – ဧည့်မထ
၈။ အသက်ရက် – ၁၄၅
၉။ အပင်အမြင့် (စမ) – ၁၂၀ – ၁၃၅
၁၀။ အနှံပါပင်ပွား – ၇ – ၁၁
၁၁။ တစ်နှံပါသီးလုံး – ၁၀၆ – ၁၃၃
၁၂။ အောင်စေ့ရာခိုင်နှုန်း – ၉၀
၁၃။ အစေ့ (၁၀၀၀) အလေးချိန် (ဂရမ်) – ၂၂ – ၂၆
၁၄။ ဆန်ရည်ဆန်သား – ကြည်လင်
၁၅။ စားသုံးမှုအဆင့် – ကောင်း
၁၆။ အထွက်နှုန်း (တင်း) – ၆၀ – ၈၀
၁၇။ သင့်တော်သည့်ဒေသ – အပူပိုင်း တောင်ယာစပါး စိုက်ပျိုးသည့်ဒေသ နှင့် ယာစပါးစိုက်ပျိုးသည့်ဒေသများ
၁၈။ အစားထိုးသင့်သည့်စပါးမျိုး – အထွက်နှုန်းနည်းသည့်ဒေသ တောင်ယာစပါးမျိုးများ
ခေါက်ဒင် (တောင်ယာ) စပါးမျိုး၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများ
- အခြားတောင်ယာစပါးမျိုးများ၊ ယာစပါးမျိုးများထက် အပင်ဖြစ်ထွန်းမှု ပိုကောင်း၍ ရွက်ပြားပိုကြီးပြီး အရွက်အရောင်မှာ ပို၍ အစိမ်းရင့်ရောင်ဖြစ်ခြင်း။
- စပါးပင်အမြင့်မှာ အခြားယာစပါးမျိုးထက် (၅) လက်မ ပိုမြင့်ပြီး တစ်နှံပါ အောင်စေ့အရေအတွက်ပိုခြင်း။
- ရေငတ်ဒဏ်ခံနိုင်သည့် တောင်ယာစပါးဖြစ်သော်လည်း အခြားယာစပါးမျိုးများထက် အထွက်နှုန်းကောင်းပြီး စားသုံးမှုအဆင့် ကောင်းမွန်သော စပါးမျိုးဖြစ်ခြင်း။
- လယ်စပါးအနေဖြင့်လည်း စိုက်ပျိုးနိုင်ခြင်း
- မိုးနည်းသည့်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး မိုးခေါင်သည့်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိခြင်း။
- ဆန်နီပါဝင်မှု မရှိခြင်း
- သဲဆန် ကုန်းကြောဒေသများတွင်လည်း အထွက်နှုန်းကောင်းမွန်ခြင်း။
စိုက်ပျိုးရေးဦးစီးဌာန
The post ခေါက်ဒင် (တောင်ယာ) စပါးမျိုး၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများ appeared first on Myanmar Farmers' Portal.