၁။ ခေါက်ဒင် စပါးမျိုးသည် အသက်ရက် (၁၄၅) ရက်ရှိသဖြင့် မိုးမကျမီ နှင့် မိုးကျလျှင်ကျခြင်း စိုက်ပျိုးပါ။
၂။ အထွက်ကောင်း တောင်ယာစပါးမျိုးဖြစ်သည့်အတွက် အထွက်နှုန်းနည်းသည့် ယာစပါးမျိုးများ စိုက်ပျိုးသည့်နေရာ များတွင် အစားထိုးစိုက်ပျိုးသင့်ပါသည်။
၃။ မိုးခေါင်ဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းမွန်သဖြင့် မြေအဟာရနည်းသောဒေသနှင့် အထက်မြန်မာပြည် မိုးခေါင် သည့် သဲဆန်ကုန်းကြောဒေသတွင် စိုက်ပျိုးသင့်ပါသည်။
၎။ တောင်ယာစပါးဖြစ်သော်လည်း မိုးကောင်းသောလယ်မြေများတွင် စိုက်ပျိုးနိုင်ပါသည်။
၅။ မိုးစပါးအနေဖြင့် ဧပြီလ နှင့် မေလများတွင် စိုက်ပျိုးသင့်ပါသည်။
၆။ ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက အခြားအထွက်ကောင်းမျိုးများကဲ့သို့ စိုက်ပျိုးနိုင်ပြီး သက်တမ်း (၅) လရှိသဖြင့် ရင့်မှည့်ချိန်၊ ရိတ်သိမ်းချိန် မိုးမမိစေရန် ပျိုးထောင်ချိန်ကို သက်တမ်းတွက်ချက်ပျိုးထောင်ပါ။
၇။တစ်ဧက ၀င်ဆန့် ကောက်ကွက်ကို (၈၀၀၀၀) မှ (၁၂၀၀၀၀) အတွင်း ရရှိအောင် စိုက်ပျိုးပါ။
၈။ လက်ဆ (၃ – ၄) ဖြင့် အတိမ်အနက် (၁.၅)” ထက် မပိုရန် ဂရုပြု စိုက်ပျိုးပါ။
၉။ မျှော်မှန်းအထွက်နှုန်းရရှိစေရန် ရွက်ဖျန်းဇီဝမြေသြဇာကို အပင်ပွားစည်းချိန်၊ မှို့ကပ်ချိန် နှင့် ပန်းပွင့်ချိန်တို့တွင် (၃) ကြိမ်ခန့် ဖျန်းပေးပါ။
၁၀။ အပင်မြင့်သဖြင့်ယိုင်လဲမှုဒဏ်ခံနိုင်စေရန် ပိုတက်မြေသြဇာအား အပင်လှန်ချိန်၊ အပင်ပွားစည်းချိန်၊ မှို့ကပ်ချိန်များတွင် ယူရီးယားမြေသြဇာ နှင့်အတူ ရောထည့်သုံးပါ။
၁၁။ ဧည့်မထအုပ်စုတွင် ပါဝင်ပြီး ဆန် အရည်အသွေးကောင်းမွန်ကာ စားသုံးမှုကောင်းသဖြင့် အထက်မြန်မာနိုင်ငံ မိုးနည်းဒေသ တောင်ယာစပါးနှင့် ယာစပါး စိုက်ပျိုးသည့်ဒေသများတွင် အထူးစိုက်ပျိုးသင့်သည့်စပါးမျိုး ဖြစ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ခေါက်ဒင် (တောင်ယာ)စပါးမျိုးစိုက်ရန် လိုက်နာရမည့်အချက်များ appeared first on Myanmar Farmers' Portal.