Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အ⁠စေ့ထုတ်ေ⁠ပြာင်းတစ်ဧကတင်း (၈၀) အထွက်⁠နှုန်းရရှိရန် နည်းပညာ

$
0
0

မျိုး

ဒေသအလိုက် အောက်ပါအထွက်ကောင်းမျိုးများ နှင့် ရေဆင်းစပ်မျိုးများကို စိုက်ပျိုးရန်၊ ရေဆင်းစပ်မျိုးများ၏ အရည်အချင်းလက္ခဏာကို ဖော်ပြပါသည်။

တောင်ပေါ်ဒေသ

ဧကရီ၊ ရေဆင်းစပ်မျိုး (၃)၊ ရေဆင်းစပ်မျိုး (၅)

မြေပြန့်ဒေသ

ရွှေဝါ (၁)၊ စူဝမ် (၃)၊ ရေဆင်းစပ်မျိုး (၂)၊ ရေဆင်းစပ်မျိုး (၄)၊ ရေဆင်းစပ်မျိုး (၃)၊ ရေဆင်းစပ်မျိုး (၅) နှင့် နိုင်ငံတော်မျိုးစေ့ကော်မတီမှ ထောက်ခံထားသော နိုင်ငံခြားမျိုးများ။

မြေအမျိုးအစား

ရေစိမ့်ဝင်မှုကောင်း၍ ရေမ၀ပ်သောမြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေနက်။

စိုက်စနစ်

အပင်ဦးရေ

ရာသီအလိုက် အောက်ပါတစ်ဧကအပင်ဦးရေ ရရှိအောင် စိုက်ပျိုးရန်။

မိုးရာသီတစ်ဧက အပင်ဦးရေ – ၂၃၀၀၀ မှ ၂၅၀၀၀

မိုးနှောင်း/ ဆောင်းရာသီ  တစ်ဧက အပင်ဦးရေ – ၁၇၀၀၀ မှ ၂၀၀၀၀

(တစ်ဧကတွင်ရှိသင့်သည့်အပင်ဦးရေ မပြည့်ပါကအထွက် (၄၀% မှ ၆၀%) ကျဆင်းနိုင်ပါသည်။

သားခွဲခြင်း

အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် မဖြစ်မနေ သားခွဲပြီးပင်ခြေမြေဆွပေးရန်။

ဘောင်တင်ခြင်း

အပင်ပေါက်စုံပြီး (၃၅) မှ (၄၀) ရက်သားတွင် ဘောင်တင်ရန်။

အစေ့အတိမ်အနက်

မြေအစိုဓါတ်ပေါ်မူတည်၍ မျိုးစေ့အတိမ်အနက်ကို ၂” မှ ၂.၅”ထား၍ စိုက်ပျိုးသင့်ပါသည်။

သွင်းအားစု

သဘာဝမြေသြဇာ

နွားချေး (သို့) သစ်ဆွေးမြေသြဇာ တစ်ဧကလျှင် (၃) တန်နှုန်းကိုမြေမပြုပြင်မီ ညီညာစွာထည့်သွင်းရန်

ဓါတ်မြေသြဇာ

၁။ မြေချဉ်ငံဓာတ်နိမ့်သော တောင်ပေါ်မြေများတွင် နှစ်ပါတ်ကြိုတင်၍ တစ်ဧက မဖောက်ထုံး ၅၀၀ ပေါင်နှုန်းညီညာစွာ ထည့်သွင်းရန်။

၂။ ဒေသအလိုက်အောက်ပါအတိုင်းဓာတ်မြေသြဇာထည့်သွင်းရန်။

အပင်ကာကွယ်ရေး

ပိုးမွှား

အပင် (၁)လသားတွင် ကျရောက်တက်သော ရွက်စားပိုးနှင့် ပျပိုး၊ ပန်းပွင့်ချိန်တွင် မိုးပြတ်ပါက ကျရောက်တက်သော ပျပိုးများကို အချိန်မီထိသေပိုးသတ်ဆေးဖြင့် နှိမ်နင်းရန်။

ရောဂါ

အစေ့ထုတ်ပြောင်းတွင် ကျရောက်တက်သော အောက်ပါရောဂါများကို ကာကွယ်ရန်

ပေါင်းမြက်

အပင်ပေါက်စုံသည်မှ (၄) ပတ်သားအထိ ပေါင်းလုံးဝကင်းစင်စေရန် ကြားလိုက်ပေါင်းရှင်းပေးရန်။

အခြားဖျက်ဆီးသတ္တ၀ါများ

အစေ့ထုတ်ပြောင်းစေ့များ နို့ရည်တည်ချိန်မှ စတင်၍ ဖျက်ဆီးတတ်သော ကြွက်၊ ခွေး၊ ကြက်တူရွေးတို့အား ကာကွယ်ရန်။

ရိတ်သိမ်းနည်းစနစ်

  • အစေ့ထုတ်ပြောင်းဖက်သည်အ၀ါရောင်သန်းပြီး အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းရန်။
  • ရိတ်သိမ်းပြီးချက်ချင်း ဖက်ခွာ၍ နေလှန်းရန်။
  • ဖက်ခွာပြီး အဖူးများကို စုပုံထားခြင်း မပြုရပါ။ စုပုံထားသောအဖူးများတွင် မှိုအလွယ်တကူတက်၍ အစေ့ထွက်နှင့် အရည်အသွေးပါကျဆင်းစေနိုင်ပါသည်။
  • အစေ့များကို အစေ့တွင်း အစိုဓာတ် (၁၅)ရာခိုင်နှုန်းအောက်ကျစေရန် နေလှန်းရန်။
  • အစေ့များ နေလှန်းရာတွင် အထူ ၂ ၁/၂” – ၃” အထိသာ ညီညာစွာ ဖြန့်၍နေလှန်းရန်။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း

The post အ⁠စေ့ထုတ်ေ⁠ပြာင်းတစ်ဧကတင်း (၈၀) အထွက်⁠နှုန်းရရှိရန် နည်းပညာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>