၁။ သက်လတ်စပါးမျိုးများ စိုက်ပျိုးသည့်နေရာတွင် လုံးသွယ်မွှေးနှင့် ဒေသမျိုးများကို မျိုးအစားထိုး လဲလှယ် စိုက်ပျိုးသင့်ပါသည်။
၂။ မျိုးစေ့ အရည်အသွေး ထိန်းနိုင်ရန်အတွက် အခြေခံမျိုးသန့်အဆင့် (၁) နှင့် (၂) ကို အဓိကထားမျိုးပွားပြီး တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးထိန်း/ မျိုးပွား စိုက်ပျိုးရန် အတွက် ခေါင်နှံမျိုးစေ့များ ရွေးချယ်၍ မျိုးပွား စိုက်ပျိုးရမည်။
၃။ သုံးနှစ်ခန့်ကြာလျှင် မျိုးရောနိုင်သဖြင့်မျိုးသန့်ရရှိရန် နှံကောက်စနစ်ဖြင့် မျိုးရွေးချယ် ရိတ်သိမ်း၍ မျိုးထိန်းပါ။ အခင်းပြတ်ရိတ်ပြီး ရရှိသည့်စပါးမှ မျိုးအဖြစ်မစိုက်သင့်ပါ။
၎။ အောက်မြန်မာနိုင်ငံတွင် မိုးစပါး / နွေစပါးအဖြစ် စိုက်ပျိုးနိုင်ပြီး ကုန်းမြင့်ဒေသနှင့်စစ်ကိုင်း၊မန္တလေး၊ မကွေး တိုင်းတို့တွင် မိုးစပါးအဖြစ် စိုက်ပျိုး သင့်သည်။
၅။ မိုးစပါးအနေဖြင့် ဇွန်လ၊ ဇွန်လိုင်လများတွင် စိုက်ပျိုးပါက သက်တမ်း (၁၂၅) ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။
၆။ နွေစပါးအနေဖြင့် ပျိုးထောင်ချိန်တွင် အပူချိန် (၁၆) ဒီဂရီစင်တီဂရိတ်အောက်နိမ့်သောဒေသများ၌ ပလပ်စတစ် ဖုံးအုပ်ပျိုးထောင်ခြင်းဖြင့် ပုံမှန်သက်တမ်း (၁၂၅) ရက် နှင့် ရိတ်သိမ်းနိုင်သည်။
၇။ သက်တမ်း (၄) လကျော်ရှိသဖြင့် ရင့်မှည့်ချိန်၊ ရိတ်သိမ်းချိန်၊ မိုးမမိစေရန် ပျိုးထောင်ချိန်ကို သက်တမ်း တွက် ချက်၍ ပျိုးထောင်ပါ။
၈။ ပျိုးသက် (၂၅) ရက်ဖြင့် ကောက်ကွက် (၁) သိန်း (၅) သောင်း မှ (၁) သိန်း (၇) သောင်းရအောင် မစိပ်လွန်း၊ မကြဲလွန်းသောကောက်ပင် အကွာအဝေးဖြင့် စိုက်ပါ။
၉။ လက်ဆ (၃)ပင် မှ (၄)ပင်ဖြင့် အတိမ်အနက် (၁) လက်မခွဲထက် မပိုရန် ဂရုပြုစိုက်ပါ။
၁၀။ အပင်ကြီးထွားမှု ကာလတလျှောက် အထူးသဖြင့် အနှံပါပင်ပွားထွက်ချိန်နှင့် မှို့ကပ်ချိန်ကာလတွင် ရေတိမ်တိမ်ထားပါ။ (၁ လက်မ မှ ၂ လက်မ)
ရေဆင်းလုံးသွယ်၏ အရည်အချင်းလက္ခဏာများ
၁။ အသက်ရက် – ၁၂၅
၂။ အပင်အမြင့် (စမ) – ၁၀၅
၃။ အနှံပါပင်ပွား – ၁၀ – ၁၂
၎။ အနှံအရှည် (စမ) – ၂၈
၅။ တစ်နှံပါသီးလုံး – ၁၅၉
၆။ အောင်စေ့ရာခိုင်နှုန်း – ၉၀
၇။ စပါးစေ့အတိုင်းအတာ
အလျား (မမ) – ၁၀.၃၀
အနံ (မမ) – ၂.၄၁
အလျား / အနံ – ၃.၄၁
၈။ ဆန်စေ့အတိုင်းအတာ
အလျား (မမ) – ၇.၆၁
အနံ (မမ) – ၂.၂၃
အလျား / အနံ – ၃.၄၁
၉။ အစေ့ (၁၀၀၀) အလေးချိန် (ဂရမ်) – ၂၅.၉
၁၀။ အေမိုင်လို့စ် – ၂၂.၂
၁၁။ ဆန်ရည်ဆန်သား – ကြည်လင်
၁၂။ စားသုံးမှုအဆင့် – ကောင်း
၁၃။ ပရိုတိန်း (ရာခိုင်နှုန်း) – ၈.၂၂
၁၄။ ဆန်ရှည်ထွက်မှု – ၁.၅၆
၁၅။ Gel Temperature – High/ Intermediate
၁၆။ Gel Consistency – Hard
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post ရေဆင်းလုံးသွယ်စပါးမျိုးစိုက်ပျိုးရန် လိုက်နာရမည့်အချက်များ appeared first on Myanmar Farmers' Portal.