စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း
စိုက်ပျိုးမြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေသည် ဓါတုနှင့် ဇီဝဆိုင်ရာအန္တရာယ်ရှိသည့် မြေနေရာ မဖြစ်စေရ။ စိုက်ကွင်းမြေပုံနှင့် မှတ်တမ်းထားရှိပါမည်။
ရေ
စိုက်ပျိုးရာတွင် အသုံးပြုမည့် ရေအရည်အသွေးကို ဓါတ်ခွဲ စစ်ဆေးရမည်။ မွေးမြူရေးဇုံ၊ ဆေးရုံ၊ စက်ရုံများမှ ဖြတ်သန်းလာသောရေ၊ မြူနီစပယ် စွန့်ပစ်ရေနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်ပေါ်နိုင်သည့် ရေများကို အသုံးမပြုရ။ (ရေဆိုးရေညစ်များကို ပြန်လည်စီရင်၍ အသုံးပြုလျှင် WHO Guideline အရ လိုက်နာ အသုံးပြုရန်)။
မျိုးစေ့ / ပျိုးပင်
ရေမြေဒေသနှင့် ကိုက်ညီပြီး ပိုးမွှားရောဂါ ကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်။ စိုက်ပျိုးမည့် မျိုးစေ့၊ ပျိုးပင် နှင့် မျိုးပွားအစိတ်အပိုင်းများရ ရှိသည့်နေ့စွဲ တို့ကို မှတ်တမ်းတင်ထားရှိရမည်။
မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ
စိုက်ပျိုးသည့် သီးနှံတစ်ခုချင်းအတွက် အသုံးပြုသည့် မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများတွင် အန္တရာယ် ဖြစ်စေသော ဓါတု နှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှုများ မရှိစေရ။
သဘာဝမြေသြဇာများအား ကောင်းစွာဆွေးမြေ့ အောင် ဆောင်ရွက်ပြီးမှ အသုံးပြုရမည်။
မြေသြဇာ (သို့မဟုတ်) မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ ရောနှောခြင်း နှင့် သိုလှောင်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆွေးမြေ့စေရန် ဆောင်ရွက်ခြင်းတို့ကို မြေနှင့် ရေအရင်းအမြစ် သန့်ရှင်းမှု ထိခိုက်စေသော နေရာများတွင် မပြုလုပ်ရ။
မြေသြဇာ (သို့မဟုတ်) မြေဆီလွှာဖြည့်စွက်ပစ္စည်းများ ၀ယ်ယူသုံးစွဲရာတွင် မှတ်ပုံတင် ထားသောပစ္စည်းများ ဖြစ်ရမည့်အပြင် မှတ်တမ်းများတွင် ရေးသွင်းထားရှိရမည်။
စိုက်ပျိုးရေးသုံး ဓါတုဆေးများ နှင့် အခြား ဓါတုပစ္စည်းများ
ဓါတုဆေးများ အသုံးပြုမှုအနည်းဆုံး ဖြစ်စေရန် ဘက်စုံ ပိုးမွှားကာကွယ်ရေး နည်းစနစ်များကို အသုံးပြုရမည်။
ပိုးသတ်ဆေး ဥပဒေ၊ မြေသြဇာဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက်မှုများ အဖြစ်စေရေး အထူးဂရုပြုရမည်။
ဓါတုဆေးများကို အသုံးပြုရန် လိုအပ်ပါက တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် ဓါတုဆေးများကိုသာ အသုံးပြု၇မည်။
ဆေးဖြန်းပြီးနောက် အသုံးပြုမည့် ဆေးအုပ်စုအလိုက် မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ကာလ အပိုင်းအခြားကို အတိအကျ လိုက်နာရမည်။
ပိုးသတ်ဆေး စနစ်တကျကိုင်တွယ် သုံးစွဲနည်းများကို သိရှိနားလည်ထားရမည်။ ဓါတုဆေးများ ၀ယ်ယူ၊ သိုလှောင်၊ သုံးစွဲမှု၊ အသုံးချမှုနှင့် စွန့်ပစ်မှုတို့ကို စနစ်တကျ ဆောင်ရွက်၍ မှတ်တမ်းများတွင် ရေးသွင်းထားရှိရမည်။
လောင်စာဆီ၊ ချောဆီ နှင့် အခြားသော စိုက်ပျိုးရေးသုံးမဟုတ်သည့် ဓါတုဆေးများကို သီးနှံများညစ်ညမ်းမှု အန္တရာယ်အနည်းဆုံး ဖြစ်စေရန် ကိုင်တွယ် အသုံးပြုခြင်း၊ သိုလှောင်ခြင်း နှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ရမည်။
အပင်ပြုစုစောင့်ရှောင့်ခြင်း
သီးနှံအလိုက် နည်းလမ်း မှန်ကန်စွာ ပြုစုစောင့် ရှောက်ဆောင်ရွက်ရမည်။
စိုက်ပျိုးရေး နှင့် အခြားဆက်စပ်ပစ္စည်းများ
ထွက်ကုန်သီးနှံအတွက် အသုံးပြုစော ပစ္စည်းကိရိယာများ၊ သိုလှောင် ပစ္စည်းများနှင့် အခြား ပစ္စည်းများသည် သန့်ရှင်းပြီး ထွက်ကုန်သီးနှံညစ်ညမ်းမှု မရှိစေရ။
စွန့်ပစ်ပစ္စည်း၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ အသုံးပြုသည့် ပစ္စည်း များကို တိတိကျကျ သတ်မှတ်ထားရမည်။ ၄င်းပစ္စည်းများဖြင့် ထွက်ကုန်သီးနှံများ ထည့်ခြင်း၊ သိုလှောင်ခြင်း မပြုရ။
ရိတ်သိမ်းခြင်း နှင့် ထွက်ကုန်ပြုပြင်ခြင်း
သီးနှံများကို မှန်ကန်သော ရင့်မှည့်မှုရှိသည့်အချိန်တံင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ် ရိတ်သိမ်းရမည်။ ရိတ်သိမ်းပြီး ထွက်ကုန် သီးနှံများကို မြေကြီး (သို့မဟုတ်) သိုလှောင်သည့်နေ ရာ ကြမ်းခင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း / ပစ္စည်းပေါ်တွင် ထားရှိရမည်။
ဆေးကြောသန့်စင်ရန် လိုအပ်သော သီးနှံနှင့် အစိတ်အပိုင်းများအတွက် အသုံးပြုသောရေသည် သန့်ရှင်းစင်ကြယ်ရမည်။
သီးနှံအလိုက် သတ်မှတ်ထားသော စံချိန် စံညွှန်း အတိုင်း အဆင့်အတန်းခွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း
ထွက်ကုန်များကို ဓါတု၊ ဇီဝ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေနိုင်သော ကုန် ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။
လောင်စာဆီ၊ ပိုးသတ်ဆေး နှင့် မြေသြဇာများ လယ်ယာသုံးကိရိယာများ အပါအ၀င် အခြားပစ္စည်းများနှင့် ထွက်ကုန်များကို ရောနှောသိုလှောင်ခြင်းမပြုရ။
သယ်ယူပို့ဆောင်သည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြား ပစ္စည်းများ နှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိ စစ်ဆေးရမည်။
အဆောက်အဦးများ ဆောက်လုပ်ထားခြင်း
ထွက်ကုန်များအား ထုပ်ပိုးခြင်း၊ ကိုင်တွယ်ပြုပြင်ခြင်း နှင့် သိုလှောင်ထားရှိခြင်း တို့တွင် ဘေးဥပါဒ် အန္တရာယ်ကျရောက်မှု နည်းပါးစေရန် သီးသန့် အဆောက်အဦးများ တည် ဆောက်ြ ခင်း (သို့မဟုတ်) သီးသန့် ဆောင်ရွက်မည့် နေရာများသတ်မှတ်ရမည်။ ပြုပြင်ထိန်းသိမ်းပေးရမည်။
တိရိစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း
အိမ်မွေး နှင့် လယ်ယာလုပ်ငန်း သုံးတိရစ္ဆာန်များကို ရိတ်သိမ်း၊ ထုပ်ပိုး၊ သိုလှောင်သည့်နေရာများတွင် မရှိစေရ။
အထောက်အထား နှင့် မှတ်တမ်းများ
ထုတ်လုပ်သူသည် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နှင့် ပတ်သက်သည့် မှတ်တမ်းများကို အနည်းဆုံး (၂) နှစ် သိမ်းဆည်းထားရမည်။
လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအတွက် သတ်မှတ်ထားသည့် မှတ်တမ်းပုံစံတွင် မှတ်တမ်းရေးသွင်းထားရမည်။
နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း
သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန်အတွက် ထုပ်ပိုး ပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားပြုလုပ်ထားရမည်။
သီးနှံထွက်ကုန် ပစ္စည်းတစ်ခုခြင်းစီအတွက် တင်ပို့သည့်နေရာနှင့် ပေးပို့သည့် ရက်စွဲတို့ကို မှတ်တမ်းထားရှိရမည်။
သင်တန်း
ထုပ်လုပ်မှုနှင့် လုပ်သားများအား မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်း ကျင်မှုနည်းပညာများရရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း သင်တန်းများ တက်ရောက်ထားရမည်။
ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း
ထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးနေသည့် နည်းလမ်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်ေ ကြာင်းသေချာစေရန် လုပ်ငန်းအားလုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ပြန်လည် စစ်ဆေး ရမည်။
တိုင်ကြားချက်များရှိပါက မိမိကိုယ်တိုင်ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဤဆောင်ရွက် ချက်များအတွက် မှတ်တမ်းများ ထိန်းသိမ်းထားရှိရမည်။
တစ်ကိုယ်ရေသန့်ရှင်းခြင်းနှင့် လုပ်သားများဘ၀သာယာဝပြောရေး
လုပ်ငန်းခွင်ရှိ သိသာထင်ရှားသော နေရာများတွင် တစ်ကိုယ်ရည် သန့်ရှင်ရေး နှင့် ပတ်သက် သည့် ညွှန်ကြားချက်များကို ရေးသားပြသထားရှိရမည် (သို့မဟုတ်) လုပ်သားများသိရှိအောင် ဖြန့်ဝေပေးထားရမည်။
မိလ္လာရေ နှင့် စွန့်ပစ်အညစ်အကြေးရေများကို အန္တရာယ်မရှိအောင် ဂရုတစိုက် စွန့်ပစ်ရမည်။
လုပ်သားများ ကျန်းမာရေး နှင့် လူမှုဘ၀သာယာဝပြောရေး အလေးထားဆောင်ရွက်ပေးရမည်။
စိုက်ပျိုးရေးဦးစီးဌာန
The post မြန်မာ GAP – Protocol (ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ကော်ဖီသီးနှံ) များ စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ appeared first on Myanmar Farmers' Portal.