ထောပတ်သီးများကို မှန်ကန်သော ရင့်မှည့်မှုရှိသည့် အချိန်တွင် သင့်တော်သည့် နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
- ထောပတ်သီးများ ခူးဆွတ်ရိတ်သိမ်းသည့် အခါတွင် အသီးများထိခိုက်ပျက်စီးမှု အဖြစ်စေရန် မှန်ကန်ကောင်းမွန်သည့် နည်းလမ်းများကို အသုံးပြုရမည်။
- ရင့်နေသော ထောပတ်သီးများ ခူးဆွတ်ရန် အကောင်းဆုံးအချိန်မှာ မျိုးအပေါ်မူတည်ပါသည်။
- ထောပတ်သီးများကို ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်အောင် ခူးဆွတ်ပြီး အရိပ်ရသောနေရာ၊ သန့်ရှင်းသော အခင်းပေါ်တွင် ထားရှိရမည်။
- ထောပတ်သီးများတွင် ဓာတုဆေးများ အသုံးပြမည်ဆိုလျှင် ထွက်ကုန်များကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် အသင့်လျော်ဆုံး ဓါတုဆေးများကိုသာ ရွေးချယ်ရမည်။
- ခူးဆွတ်ပြီးသော ထောပတ်သီးများကို မြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုတ်ပိုးသည့် ကြမ်းပြင် သို့မဟုတ် သိုလှောင်သည့် နေရာကြမ်းခင်းနှင့် တိုက်ရိုက် တိတွေ့ခြင်းမရှိအောင် သန့်ရှင်းသော အခင်း / ပစ္စည်းပေါ်တွင် ထားရှိရမည်။
- ထောပတ်သီးထုပ်ပိုးမည့် နေရာအနီးပတ်ဝန်းကျင်တွင် ပိုးမွှားများ နှင့် အိမ်မွေးတိရစ္ဆာန်များ မရှိစေရ။.
- ထောပတ်သီးအတွက် သက်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ဆွဲခြား၍ စနစ်တကျ ထုပ်ပိုးရမည်။
သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း
ထောပတ်သီးများကို ဓါတု၊ ဇီဝ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများ နှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း ပြုလုပ်ရမည်။ သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု့၊ အခြားပစ္စည်းများ နှင့် ပိုးမွှားကျရောက်မှု့ ရှိ/ မရှိ ကိုစစ်ဆေးရမည်။
- ထောပတ်သီးများ ထုပ်ပိုးမည့် ထုတ်ပိုးပစ္စည်းများကို လေ၀င်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်။
- ထောပတ်သီးများကို လတ်လတ်ဆတ်ဆတ် သိုလှောင်နိုင်ရန်အတွက် အအေးခန်းများကို စနစ်တကျနှင့် သပ်သပ်ရပ်ရပ်ထားရှိရမည်။
- ပုံမှန်အားဖြင့်လေဖြင့် အအေးခံခြင်းနည်းစနစ် (Air – coolinsystem) အတွက် အသုံးပြုမည့် ပန်ကာများကို စနစ်တကျသန့်ရှင်းထားရှိရမည်။
- သယ်ယူပို့ဆောင်ရာတွင်လည်း တင်ပို့လိုသည့် နေရာရောက်သည်အထိ သီးနှံ၏ ဇီဝဖြစ်စဉ်များနှင့် ဓာတ်ပြောင်းလဲမှုများကို ထိန်းသိမ်းကြည့်ရှု့ရမည်။
- ထောပတ်သီး ထိခိုက်ဒဏ်ရာရမှု၊ အရည်အသွေးကျဆင်းမှုသည် သယ်ယူပို့ဆောင်စဉ်ကာလတွင် အများဆုံး ဖြစ်နိုင်သောကြောင့် စနစ်တကျ သယ်ယူပို့ဆောင်ခြင်းကို အထူးဂရုပြုဆောင်ရွက်သင့်သည်။
- ပို့ဆောင်သည့် ယဉ်များသည် သန့်ရှင်းရမည်။ တိရစ္ဆာန်များနှင့် သီးနှံများ ရောနှောသယ်ဆောင်ခြင်းမပြုရ။
The post ထောပတ်သီးရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း appeared first on Myanmar Farmers' Portal.