မျိုး
အထွက်ကောင်းမျိုးများဖြစ်သည့် စပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး – ၁၊ နိုင်ငံတော် မျိုးစေ့ကော်မတီမှ အတည်ပြု ထားသော နိုင်ငံခြားစပ်မျိုးများ နှင့် OPV မျိုးဖြစ်သည့် ဆင်းရွှေကြာ – ၂ မျိုးများ အသုံးပြုပါ။
အရေအသွေးကောင်းမွန်၍ အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးများကို အသုံးပြုရန်။
စိုက်စနစ်
စိုက်ချိန်
– စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးရန် ။
(မိုး – မေ – ဇွန်၊ ဆောင်း – စက်တင်ဘာ – အောက်တိုဘာ)
မြေအမျိုးအစား
- မြေသားနက်၍ မွပြီးမြေဆီလွှာအာဟာရ ထက်သန်သောမြေ နှင့် နှုန်းမြေတွင် စိုက်ပါ။ ရေစိမ့်အား ကောင်းပြီး ရေမ၀ပ်သောမြေ ဖြစ်ရမည်။ pH ၆ . ၀ မှ ၇.၅ ဖြစ်ရမည်။
အပင်ဦးရေ
- တန်းကြား (၂) ပေ နှင့် ပင်ကြား (၉) လက်မထား၍ တစ်ကျင်း (၃ – ၅)စေ့ စိုက်ပျိုးရန် (အပင်ဦးရေ ၂၉၀၀၀) ကျော်
သားခွဲခြင်း
- တစ်ကျင်း (၁) ပင်ချန်၍ (၁၅) ရက်သားအတွင်း အပြီး သားခွဲရန်။
ရေပေးသွင်းခြင်း
- အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှုမရှိစေရန် နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅% ၀င်ချိန်နှင့် ပန်း ၇၅% ၀င်ချိန်ရေပေးသွင်းရန်။
- ရေပေးသွင်းချိန်တွင် ရေမ၀ပ်ရန် အရေးကြီးပါသည်။
ပျားအုံထားရှိခြင်း
- ဖြစ်နိုင်သော ဒေသများ၌ နေကြာစိုက်ခင်းများတွင် ပျားအုံများထားရှိရန်။
သွင်းအားစု
သဘာဝမြေသြဇာ
- မြေပြင်ချိန်တွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေးကို ၁ တန် မှ ၃ တန် အထိ ထည့်သွင်းပေးရန် ။ (၁တန် = ၁၂၅ တင်း)
ဓာတ်မြေသြဇာ
- မြေပြုပြင်ချိန် တစ်ဧကကို ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၅၆) ပေါင် နှင့် ပိုတက် (၅၆) ပေါင် နှင့် အဖူးဝင်ချိန် ယူရီးယားတစ်ဧက (၅၆) ပေါင် နှင့် ပန်းစပွင့်ချိန် ယူရီးယား တစ်ဧက (၅၆) ပေါင်နှုန်း အသုံးပြုရပါမည်။
အပင်ကာကွယ်ရေး
ပေါင်းမြက်
- ပေါင်းမြက်များကို အပင်ပေါက်ပြီး (၄၀) ရက်သားအတွင်း နှိမ်နင်းပေးရန်။
ပိုးမွှား
- အပင်ငယ်စဉ်တွင် ဖြတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများ ကျရောက်တတ်သဖြင့် အချိန်မီကာကွယ်ရန် လိုအပ်ပါသည်။
- အစေ့အဆံတည်ချိန်တွင် သီးလုံးဖောက်ပိုး နှင့် ရွက်စုံစားခူဝါများ ကျရောက်တတ်ပါသည်။ ထိသေပိုးသတ်ဆေးတစ်မျိုးမျိုး ကို အသုံးပြုနိုင်ပါသည်။
ရောဂါ
- နေကြာပင်ငယ်များတွင် မှိုရောဂါကျရောက်တတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးရန်။
- နေကြာရွက်ခြောက်ရောဂါ ဆိုးရွားစွာကျရောက်ပါက ပွင့်ဖူးဝင်ချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းရန်။
ရိတ်သိမ်းနည်းစနစ်
- နေကြာပွင့်နောက်ကျောဘက် အ၀ါရောင် သမ်းလာချိန် ရိတ်သိမ်းရန်။
- ရိတ်သိမ်းပြီး၊ နေကြာပွင့်များအား တစ်ပွင့်နှင့် တစ်ပွင့် မထပ်စေဘဲ (၂ – ၃) ရက်နေလှန်း အစေ့ချွေရန်။
- အစေ့တွင်းအစိုဓာတ် (၅ – ၆) % ထိရရှိရန် (၂ – ၃) ရက်နေလှန်း၍ လေလုံအောင် သိုလှောင်ရန်။
စိုက်ပျိုးရေးဦးစီးဌာန
The post နေကြာတစ်ဧကတင်း (၅၀) ကျော်အထွက်နှုန်းရရှိရန်နည်း appeared first on Myanmar Farmers' Portal.