ခူးဆွတ်/ ရိတ်သိမ်းခြင်း
ကျွဲကောသီးနှံအတွက် ရိတ်သိမ်းခြင်းနှင့် သက်ဆိုင်သည့် မှန်ကန်ကောင်းမွန်သော နည်းစနစ် များကို လိုက်နာရန် လိုအပ်ပါသည်။ ကျွဲကောသီးနှံတွင် ပန်းပွင့်ပြီး (၈)လ အကြာတွင် ခူးဆွတ်နိုင်ပါသည်။
ခူးဆွတ်ပြီး ကျွဲကောသီးများကို မြေကြီး (သို့မဟုတ်) ကိုင်တွယ်ထုတ်ပိုးသည့် ကြမ်းပြင် (သို့မ ဟုတ်) သိုလှောင်သည့်နေရာ ကြမ်းခင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းသော အခင်း/ ပစ္စည်းပေါ်တွင် ထားရှိရမည်။
အသီးများအား ဆေးကြောသန့်စင်ရာတွင် အသုံးပြုသောရေသည် သန့်ရှင်းစေကြယ်ရမည်။
ကျွဲကောသီးနှံအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း အဆင့်အတန်း ခွဲခြား၍ စနစ်တကျ ထုပ်ပိုးသင့်ပါသည်။
ခူးဆွတ်ပြီး ကျွဲကောသီးများကို သန့်ရှင်းသော ထည့်စရာ (Container) ထဲထည့်၍ ထုတ်ပိုး မည့်နေရာ (Packing House) ထဲ မပို့ခင်အချိန်ထိ အရိပ်ရသော နေရာတွင် ထားရန်လိုအပ် သည်။ သီးနှံများအတွင်းသားပျက်စီးခြင်းနှင့် ထိုခိုက်ဒဏ်ရာ ဖြစ်ခြင်းများမှ ကာကွယ်နိုင်ရန် ရိတ်သိမ်းပြီးသော သီးနှံများအား Polyethylene ကဲ့သို့ ပလပ်စတစ်အိတ်များဖြင့် ထည့်ရန် သယ်ယူခြင်း (သို့) နူးညံ့သော အရာဝတ္ထုနှင့် လိုင်းအလိုက် အကန့်လိုက်ထည့်ရန် လိုအပ်ပါသည်။
ခူးဆွတ်မှုပြုလုပ်နေစဉ် ကျွဲကောသီးများထည့်ထားသောခြင်းများ ဆင့်ထပ်ရာတွင် ခြင်းတစ်ြ ခင်းနှင့် တစ်ခြင်းကြားတွင် ကြားခံထားပြီး မြေပြင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရန် လိုအပ်မည်။
ကျွဲကောသီးများအား ခူးဆွတ်မည်ဆိုပါက မခူးဆွတ်မီ နှင့် ခူးဆွတ်ပြီးနောက် အသုံးပြုမည့် ကိရိယာများအား သန့်ရှင်းသောရေ နှင့် သန့်ရှင်းရန် လိုအပ်ပါမည်။
ခူးဆွတ်သည့်နေရာ၊ ခူးဆွတ်သည့်နေ့ရက်၊ ခူးဆွတ်သည့်အချိန်၊ ခူးဆွတ်သည့် လုပ်သား စသည်တို့ကို တိတိကျကျ မှတ်တမ်းများ ထားရှိရန် လိုအပ်ပါသည်။
ကျွဲကောသီးများကို သင့်တော်သောခူးဆွတ်ချိန် ယေဘုယျအားဖြင့် အသီးများ အားလုံးနီးပါး ရင့်မှည့်ချိန်ရောက်မှသာ ခူးဆွတ်ရန် ဆုံးဖြတ်သင့်ပါသည်။
သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း
ကျွဲကောသီးနှံများကို ဓါတု၊ ဇီဝ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်းပြုလုပ်ရပါမည်။
သယ်ယူပို့ဆောင်မည့် ယာဉ်များကို အသုံးမပြုမီသန့်ရှင်းမှု၊ ဓါတုဆေးဖိတ်ဆင်မှု၊ အခြား ပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိကို စစ်ဆးရမည်။
ဈေးကွက်လိုအပ်ချက်အရ ကျွဲကောသီးများ သယ်ယူ ပို့ဆောင်ခြင်း နှင့် သိုလှောင်ခြင်းများ အတွက် ကျန်းမာရေး နှင့် ညီညွတ်ရန် ထုတ်ကုန်များအား သန့်ရှင်းစွာ ထားရန် နှင့် ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် ထုတ်ကုန်၏ အရည်အသွေးအား အထူးမြှင့်တင်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် လိုအပ်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကျွဲကောသီး ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း appeared first on Myanmar Farmers' Portal.