မြေနေရာ ရွေးချယ်ခြင်း
ယခင်နှစ်၊ ယခင်ရာသီတွင် မျိုးပြားတူ (မိုးစပါး – ဆင်းသုခ၊ ၊ နွေစပါး – ဆင်းသုခ)၊မျိုးစေ့အ ဆင့်တူ ( မျိုးသန့် မျိုးပွားမျိုးစေ့) စိုက်ပျိုးခဲ့သောမြေကို ဦးစားပေးရွေးချယ်ရပါမည်။
သဲဆန်လွန်းသောမြေကွက်၊ ပိုးမွှားရောဂါပြင်းထန်စွာကျရောက်ခဲ့သော မြေကွက်၊ ပေါင်ြး မက်ထူထပ်စွာ ပေါက်ရောက်သော မြေကွက်ကို ရှောင်ကြဉ်ရပါမည်။
မျိုးရွေးချယ်ခြင်း
ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီးအထွက်နှုန်းကောင်းသော မျိုးများ၊ အရည်အသွေြး မင့်မားသော မျိုးများ(ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး၊ ဆင်းသွယ်လတ်၊ ဧရာမင်း) ကို ရွေးချယ်စိုက်ပျိုးရပါမည်။
မျိုးစေ့ရယူစိုက်ပျိုးခြင်း
မျိုးစေ့ခြံများမှ ထုတ်လုပ်ပွားများသည့်မျိုးစေ့ (မျိုးသန့်မျိုးပွားမျိုးစေ့) မျိုးသန့်စင်မှုရာခိုင်နှုန်း အနည်းဆုံး (၉၈) ရာခိုင်နှုန်း၊ အပင်ပေါက်ရာခိုင်နှုန်း အနည်းဆုံး (၈၅) ရာခိုင်နှုန်းနှင့် မျိုးကွဲပါဝင်ခြင်းမရှိသည့် မျိုးစေ့များကို ရယူစိုက်ပျိုးရပါမည်။
စနစ်တကျ စိုက်ပျိုးခြင်း
ဗီဇသန့်စင်သော မျိုးစေ့ရရှိရန်အတွက် မျိုးပြားတူညီ၊ မျိုးစေ့ အဆင့်တူသော သီးနှံများ ကိုတစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးရပါမည်။ မျိုးပြားမတူသော မျိုးများကို ရောနှောစိုက်ပျိုးခြင်း မပြုရပါ။
မျိုးကွဲနုတ်ပယ်ရန်နှင့် အပင်ပြုစုစောင့်ရှောက်ရာတွင် လွယ်ကူစေရန်အတွက် စပါးသီးနှံတွင် (၆)တန်း (၁) တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရပါမည်။
ယာသီးနှံများတွင် အတန်းလိုက်စိုက်စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးရပါမည်။
မျိုးကွဲနုတ်ပါယ်ခြင်း
စိုက်ပျိုးထားသော သီးနှံမျိုးပြားပင်၏ လက္ခဏာနှင့် မတူညီသော မျိုးကွဲပင်များ၊ မျိုးသန့်စင်မှုကို ထိခိုက်စေသည့် ပေါင်းပင်များ၊ ပိုးမွှားရောဂါကျရောက်နေသည့် အပင်များကို သီးနှံပင်ကြီးထွားမှု အဆင့်တိုင်းတွင် စစ်ဆေး၍ အမြစ်မှ နုတ်ပါယ်ရပါမည်။
ရိတ်သိမ်း၊ နယ်လှေ့၊ အခြောက်ခံခြင်း နှင့် သိုလှောင်ခြင်း
သီးနှံမျိုးများအလိုက် အသင့်တော်ဆုံးအစိုဓာတ်ရှိချိန်တွင် စနစ်တကျ ရိတ်သိမ်းရပါမည်။
ရိတ်သိမ်း၊ ချွေလှေ့ကိရိယာများကို မျိုးပြားတစ်မျိုး ရိတ်သိမ်းပြီးတိုင်း မျိုးရောနှောမှု မရှိစေရန် စနစ်တကျ သန့်စင်ရပါမည်။
သီးနှံမျိုးအလိုက် အစိုဓါတ်အနည်းဆုံးရရှိရန် (စပါးသီးနှံ – ၁၃ ရာခိုင်နှုန်း၊ ပဲမျိုးစုံသီးနှံ – ၉ ရာခိုင်နှုန်း၊ ဆီထွက်သီးနှံ – ၉ ရာခိုင်နှုန်း) နေလှန်းအခြောက်ခံရပါမည်။
သိုလှောင်သော အိတ်၊ ပုံးများကို မျိုးရောနှောမှု မရှိစေရန် စနစ်တကျ သန့်စင်ပြီးမှ သုံးစွဲရပါမည်။
လေ၀င်လေထွက်ကောင်း၍ ခြောက်သွေ့သော သိုလှောင်ရုံများတွင် စနစ်တကျ သိုလှောင် ရပါမည်။
မျိုးစေ့ထောက်ခံချက်ပေးခြင်း
မျိုးစေ့များကို မသိုလှောင်မှီ မျိုးစေ့နမူနာများ (စပါး၊ ပဲ၊ နှမ်း – နို့ဆီ ၄ ဗူး) (ပြောင်း၊ မြေပဲတောင့် -၁ ပြည်) စနစ်တကျယူပြီး မျိုးစေ့ အရည်အသွေးစစ်ဆေးရေး ဓါတ်ခွဲခန်း (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) သို့ ပေးပို့စစ်ဆေး၍ မျိုးစေ့ထောက်ခံချက် ရယူပြီး မျိုးသန့်ပွားများရေးအတွက် စနစ်တကျဖြန့်ဖြူးရပါမည်။
ိစိုက်ပျိုးရေးဦးစီးဌာန
The post သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းစနစ်များ appeared first on Myanmar Farmers' Portal.