အပင် အမျိုးအစားအလိုက် ရေလိုအပ်မှုခြားနားနေပြီး အပင်တစ်မျိုးတည်း၌ပင်အပင် သက်တမ်း ကိုလိုက်၍ ရေလိုအပ်တဲ့ ပမာဏလည်း မတူညီပါ။
ဥပမာ – နှံစားပြောင်းထက် ပြောင်းဖူးကရေလိုအပ်မှု ပိုများပြီး ပဲအမျိုးမျိုးထက် စပါးက ရေလိုအပ်မှု ပိုများသည်။ ယေဘုယျအားဖြင့် အပင်များစွာတို့သည် ပင်ပိုင်းကြီး ချိန် ကာလ(Vegetative growth) တွင် ရေ လိုအပ်မှု အများဆုံးဖြစ်သည်။
ရေသည် ပရိုတိုပလာဇမ်(Protoplasm) အတွင်း မရှိမဖြစ် ပါဝင်ရလေသည်။ ရေသည် ကြီးထွား ရှင်သန်နေသော အပင်များ၏ အစိတ်အပိုင်းများအတွင်း (၈၅% မှ ၉၅%)အထိ ပါဝင်နေသည်။
ရေတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင်တို့ ပျော်ဝင်နိုင်ကြသည်။ ရေသည် Photosynthesis ဖြစ်စဉ်တွင် အဓိက ပါဝင်ရပြီး ကစီဓာတ်(Starch) မှ သကြား(Sugar) ဓာတ်သို့ ပြောင်းလဲပေးရာတွင် ရေမရှိက မဖြစ်နိုင်ပေ။
ကုန်ကြမ်းပစ္စည်းများနှင့် အစာများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရန်ကူညီသည်။ ရေသည် သက်ရှိဆဲလ်များ ပြန့်တင်းအောင် Turgidity ကို တည်မြဲစေရန် ဆောင်ရွက်ရသည်။
အပင်တို့သည် နည်းလမ်းမျိုးစုံဖြင့် ရေကို ရယူကြသော်လည်း အမြစ်များက မြေကြီးထဲမှ ရေကို အဓိက ရယူကြသည်။ ရယူလိုက်သော ရေအားလုံးသည် အပင်အတွင်း၌ ကြီးထွား ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ဖြစ်စေ၊ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ငန်းများတွင်ဖြစ်စေ အသုံးပြုသည်။ သို့သော် အပင်တို့ ရယူလိုက်သော ရေ ပမာဏ၏ ၅ ရာခိုင်နှုန်း ပမာဏခန့်ကိုသာ အသုံးပြုပြီး တခြား သော ရေများသည် လေထုထဲသို့ အငွေ့ပြန်ခြင်းဖြင့် ကုန်ဆုံးသွားသည် ထိုသို့ ကုန်ဆုံးသွာြး ခင်းအား ရေပျောက်ဆုံးခြင်းဟုခေါ်သည်။
နေကြာတစ်ပင်သည် သူ့သက်တမ်းအတွင်း ရေ ပေါင် ၁၅၀ ခန့်အား နည်းလမ်းအမျိုးမျိုးဖြင့်
ပျောက်ဆုံးသွားစေသည်။ မြက်ပင်နှင့် ပေါင်းပင်များ ဖုံးလွှမ်းထားသော မြေ တစ်ဧကတွင် တစ်နှစ်အတွင်း ရေတန်ချိန် ၅၀၀ မှ ၇၅၀ ခန့် ပျောက်ဆုံးသည်ဟု ဆိုသည်။
မြေကြီးထဲမှ ရေသည် အရည်ပုံစံဖြင့် အပင်အတွင်းသို့ ဝင်ရောက်သွားသော်လည်း ပျောက်ဆုံးသည့်အခါ အငွေ့ပုံစံဖြစ်ခြင်းကြောင့်ပျောက်ဆုံးသွားသည့် ရေ ပမာဏကို အလွယ်တကူ သိရန် ခဲယဉ်းသည်။
ရေပျောက်ဆုံးခြင်းနည်းများ
၁။ ပင်ရည်ထွက်ခြင်း( Plant of bleeding )
အပင်မှ အကိုင်းကို ဖြတ်လိုက်သည့်အခါသို့တည်းမဟုတ် အပင်၌ ဒဏ်ရာ ဒဏ်ချက် ဖြစ်ပေါ် သည့်အခါ၌ ပိုင်းဖြတ်ခံရသည့် မျက်နှာပြင် သို့မဟုတ် ဒဏ်ရာ၏ မျက်နှာပြင်မှ ရေနှင့် ဒြပ်ပစ္စည်း များပါဝင်သော ပင်ရည်များ စိမ့်ထွက်တက်ကြသည်။ ၎င်းကဲ့သို့ ယိုစီးခြင်း မျိုးသည် ပင်ရည်ထွက်ခြင်းဖြစ်သည်။
ပင်ရည်ထွက်ခြင်းသည် အပင်တို့၏ ရှင်သန်ကြီးထွားနေသော သာမန်အခြေနေတွင် ဖြစ်ပေါ်လေ့မရှိပါ။ ဒဏ်ရာတစ်ခုခု ရမှသာ ဖြစ်ပေါ်နိုင်သည်။
ယိုထွက်သည့် အရည်၏ ပမာဏသည် အပင်အမျိုးအစား၊ ပေါက်ရောက်သည့်နေရာ
ရာသီဥတုအပေါ် မူတည်၍ ကွဲပြားတက်သည်။ အကြမ်းအားဖြင့် မြေထဲ၌ ရေပေါများနေပြီး
Transpiration နှုန်း သာမန်ရှိသော အခြေအနေတွင် ပင်ရည်ထွက်ခြင်းကိုတွေ့နိုင်သည်။
မြန်မာပြည်တွင် မိုးတွင်း အချိန်အခါနှင့် သမပိုင်းအရပ်ဒေသများတွင် နွေဦးပေါက်ကာလဖြစ် သည်။
ထန်းပင်၊ ပေပင်၊ ရာဘာပင်ပင်စသည့် အပင်တို့၏ ပင်ရည်ထွက်ခြင်းမှ ရောင်းဝယ်နိုင်သော ပစ္စည်းများရရှိသည်။
၂။ ဂလင်းမှ စိမ့်ထွက်ခြင်း( Gland secretion )
အပင် တချို့၏ အင်္ဂါအစိတ်အပိုင်းများတွင်ဂလင်း( Gland )ဟုခေါ်သည့် ထူးခြားသော ဆဲလ်( Cell ) အစုအဝေးများရှိသည်။ ၎င်း ဂလင်းများမှ ပင်ရည်များ စိမ့်ထွက်တက်ကြသည်။
ပင်ရည်ထဲ၌ ရေ အပြင် သကြား၊ ဆီ၊ သစ်ဆေး( Resin )တို့လည်း ပါဝင်နိုင်သည်။
အဆိုပါ ပင်ရည်တချို့ကို မှို( Fungi )တို့ ကြိုက်နှစ်သက်ခြင်းကြောင့် ဂလင်းမှ တဆင့်
အပင် တစ်ပင်လုံးကို ရောဂါနှင့် ပိုးမွှားတို့ ကျရောက်နိုင်သည်။ ယင်းကဲ့သို့ ဆိုးကျိုး သာမ က ကောင်းကျိုးလည်း ရှိသေးသည်။
ဥပမာအားဖြင့် ဆီနှင့် သစ်စေး စိမ့်ထွက်သော ဂလင်းတို့ကြောင့် အပင်အား ဖျက်ဆီး တက်သည့် တိရိစ္ဆာန်များ ဘေးရန်မှ ကင်းလွတ်နိုင်သည်။ ပန်းပွင့် ဝတ်ရည်အိပ်မှ စိမ့်ထွက်သော
အချို အရသာကြောင့် အင်းဆက်ပိုးများ ပန်းပွင့်ထံသို့ ရောက်လာပြီး ဝတ်မှုန် ကူးခြင်းကိုဖြစ်စေသည်။
၃။ ပင်ရည်ယိုခြင်း( Guttation )
ဒဏ်ရာ ဒဏ်ချက် မရှိသော ပင်ပိုင်းအင်္ဂါများမှ ရေသည် အပေါက် အစက်အားဖြင့် ယိုထွက်ခြင်း မျိုးသည် ပင်ရည်ယိုခြင်းဖြစ်သည်။
ပင်ရည်ယိုခြင်းကို အရွက်တို့တွင် အများဆုံးတွေ့ရသည်။ အရွက် တချို့၏ ရွက်ကြောထိပ်ဖျား နေရာများတွင် ထူးခြားသောအပေါက်ငယ်များရှိ၍ ၎င်းအပေါက်ငယ်များကိုရေစိမ့်ပေါက်( Hydathode )ဟုခေါ်သည်။
ရေစိမ့်ပေါက်မှ ရှင်သန်ကြီးထွားနေသော ပိန်းပင်၊ ခရမ်းချဉ်ပင်တို့၏ အရွက်မှမိုးဥတု နံနက်စောစောပိုင်းတွင် အလိုလျောက်ပင်ရည်များ ယိုထွက်နေတက်သည်။ လေထုစိုထိုင်း မှု လျော့နည်းသည့် အခြေအနေမျိုးသည် ပင်ရည်ယိုထွက်ရန် အကောင်းဆုံးဖြစ်သည်။
ပိန်းပင်တစ်ပင်မှ တနေ့လျှင် ၁၁၀ စီစီခန့် ပင်ရည်ယိုထွက်နိုင်သည်ဟု ဆိုသည်။
ဆောင်းဦး နံနက်ခင်း စောစောပိုင်းတွင်မြက်ပင်တို့၌ တွေ့မြင်ရသော နှင်းပေါက်များမှာလည်း
ပင်ရည်ယိုထွက်ခြင်းနှင့် တချို့တဝက် သက်ဆိုင်သည်။ရေစိမ့်ပေါက်သည် အမှန်အားဖြင့် မဖွံ့ဖြိုးသေးသော လေပေါက်များဖြစ်သည်။ယင်း လေပေါက်၏ အရံ ဆဲလ်များ အဖွင့်အပိတ်လုပ်ငန်းကို လုံးဝ မပြုလုပ်သောအခါ လေပေါက်သည် အစဉ် ပွင့်နေပြီး အပင်အတွင်းရှိ ပိုလျှံ သမျှသောရေသည် အဆိုပါ လေပေါက်မှ စိမ့်ထွက်ခြင်းဖြစ်သည်။
အပင်အတွင်း Transpiration ဖြစ်စဉ်ဖြင့် ရေများကို စွန့်ထုတ်နေသော်လည်း လိုအပ်ချက်ရှိ လာပါက Guttation နည်းဖြင့်ကူညီ ထုတ်ပေးသည်ဟု သိရသည်။
၎။ ပင်ရည်ငွေ့ပြန်ခြင်း( Transpiration )
အပင်၏ လေနှင့် ထိတွေ့ရာ အင်္ဂါအစိတ်အပိုင်း အားလုံးမှ ရေသည် ရေခိုးရေငွေ့အဖြစ် ရေငွေ့ ပြန် ပျောက်ဆုံးသွားခြင်းကို ပင်ငွေ့ပြန်ခြင်း( Transpiration )ဟုခေါ်သည်။ အပင်အတွင်း ရှိ ရေတို့သည် နည်းအမျိုးမျိုးဖြင့်ပျောက်ဆုံးသွားသည့်အနက် Transpiration နည်းဖြင့် ပျောက်ဆုံးသွားသည့်ရေပမာဏသည်အများဆုံးဖြစ်သည်။
Transpiration ဖြစ်စဉ်သည် လေနှင့် ထိတွေ့ရာ ပင်ပိုင်း အင်္ဂါအားလုံးတွင်ဖြစ်ပေါ်နိုင်သော် လည်း အရွက်များသည် လေနှင့် ထိတွေ့သည့် ဧရိယာ အများဆုံးဖြစ်သောကြောင့် Transpiration အများဆုံးဖြစ်ရာ အင်္ဂါဖြစ်နေသည်။
ထူးကဲပင်စည်ဖြစ်သော ရွက်ယောင် ပင်စည်တို့သည်လည်း အရွက်၏ညလုပ်ငန်းများကို ထမ်းဆောင်သောကြောင့်ညယင်း အင်္ဂါများမှလည်း Transpirationညဖြစ်ပေါ်သည်။
အရွက်၏ Transpiration ဖြစ်စဉ်တွင် အရွက်တွင်း၌ တည်ရှိသော ရေသည် အငွေ့အဖြစ်သို့ ပြောင်းလဲ၍ အရွက်၏ လေပေါက်မှ တဆင့် အပြင်သို့ ထွက်လာသည်။ နေပူသည့် သာမန်နေ့တွင် Transpiration အစဉ်အမြဲ ဖြစ်ပေါ်နေပြီး အရွက်အတွင်းမှရေ သည် လေပေါက်တို့ ပွင့်နေသမျှကာလပတ်လုံး ရေငွေ့အဖြစ်ထွက်နေသည်။
Transpiration ဖြစ်စဉ်သည် အပင်အတွင်း ရေပို့ဆောင်ရေး စနစ်အားလုံး၏ အဓိက သော့ချက်ဖြစ်ပြီး Transpirationဖြစ်စဉ် မရှိပါက အပင် ဇီဝကမ္မဆိုင်ရာလုပ်ငန်းများ ဖြစ်နိုင်တော့မည် မဟုတ်ပါ။
Source – Nyan Myint
The post အပင်တို့ ရေပျောက်ဆုံးခြင်း နည်းလမ်းများ appeared first on Myanmar Farmers' Portal.