ကိုင်းဖျားခြောက်ရောဂါ (Dieback)
မှဲ့ပြောက်စွန်း ရောဂါ (Anthracnose)
ရောဂါလက္ခဏာရပ်
ငရုတ်ပွင့်များ စတင်ညှိုးနွမ်းငိုက်ကျလာပြီး တဖြည်းဖြည်း ခြောက်၍ အချို့ ကြွေကျသွားသည်။ ၄င်းမှိုရောဂါသည် အပွင့်မှ တဆင့် ပွင့်ညှာကို ဖြတ်၍ အကိုင်းအထိ ကူးစက်သွားကာ ကိုင်း ဖျားခြောက် ရောဂါကို ဖြစ်စေသည်။ ရောဂါရ ငရုတ်ပင်များတွင် ကိုင်းတစ်ခြမ်း (သို့) ကိုင်း တစ်ခုလုံး ခြောက်နေသည်ကို တွေ့ရသည်။ ရင့်မှည့်သော အသီးများပေါ်တွင် ရေစိုနာ အကွက်များ စတင်ဖြစ်ပေါ်ပြီးနောက် တဖြည်းဖြည်းကျယ်ပြန့်ကာ နီညိုရောင် အနာ ကွက် များပေါ်တွင် အမဲစက်အဖုငယ်များ ဖြစ်ပေါ်လာသည်။ မှိုစပိုးများသည် ဒဏ်ရာရနေသော နေရာများမှ တဆင့် ၀င်ရောက်နိုင်သည်။
ကျရောက်သည့်အချိန်
မိုးရာသီ ငရုတ်ပွင့်ချိန်နှင့် အသီးသီးချိန်တွင် စတင်ကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
လေ၀င်လေထွက်ကောင်းမွန်အောင်ပြုလုပ်ပါ Homai ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ အပွင့် ပွင့်ချိန်မတိုင်ခင်တွင် Azoxystrobin , Thioph anate methyl, Carbendazim, Chlorothalonil ဆေးများကို အသုံးပြုပက်ဖျန်းပါ။ ရောဂါကျ အပင်အဂါင်္အစိတ်အပိုင်းများ စုပုံ မီးရှို့ ဖျက်ဆီးပါ။
ဘက်တီးရီးယားပင်ညှိုးရောဂါ (Bacterial Wilt)
အပင်ကြီးများတွင် အောက်အရွက်မှလည်းကောင်း၊ အပင်ငယ်များတွင် အပေါ်ရွက်မှ လည်းကောင်း စတင်ညှိုးသွားသည်။ ရက်အနည်းငယ်ကြာသော် ရုတ်တရက် တစ်ပင်လုံး ညှိုးနွမ်းသွားသည်။ အရွက်ဝါခြင်းကို မတွေ့ရှိရပါ။ ပင်စည်၏ အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နွားနို့နှစ်ရောင် ဘတ်တီးရီးယား စိမ့်ထွက်ရည်ထွက်လာသည်ကို တွေ့ရသည်။
ကျရောက်သည့် အချိန်
အပူပိုင်း၊ သမနွေးပိုင်း ရာသီဥတုရှိသော ဒေသများတွင် မိုးများသော အချိန်တွင် အဓိကရောဂါ ကျရောက်သည်။ စိုက်ခင်းထဲတွင် မြေအစိုဓာတ်များခြင်း၊ ရေ၀ပ်ခြင်းများရှိပါက ရောဂါလျှင်မြန်စွာ ကျရောက်စေသည်။
ကာကွယ်နှိမ်နင်းနည်း
မျိုးရင်းမတူသော သီးနှံများ နှင့် အလှည့်ကျစိုက်ပျိုးပါ။ Kasumin ဆေးကို ဆေး (၁)ဆ၊ ရေ (၁၀၀၀)ဆနှုန်း ဖျော်၍ ပျိုးပင်များကို ၅ မိနစ်ခန့်စိမ်၍ စိုက်ပါ။ စိုက်ခင်းသန့်ရှင်းရေးကို ဆောင် ရွက်ပါ။ သီးနှံသိမ်းပြီးပါက မြေလှန်ပေးပါ။ ကော့ပါးပါသောဆေးများကိုလည်း အသုံးပြု ပက်ဖျန်းနိုင်သည်။
သီးမှည့်ပုပ်ရောဂါ (Fruit Rot)
ခူးပြီးအသီးမှည့်များနှင့် အပင်ပေါ်မှည့်နေဆဲ အသီးများပေါ်တွင် ကျလေ့ရှိသည်။အသီးပိုင်းတွင် အညိုရောင်အကွက်ဖြစ်လာပြီး ချိုင့်လာကာ တဖြည်းဖြည်းရှုံ့တွန့်လာသည်။ နောက်ဆုံးတွင် ရောဂါရအသီးများ ရှုံ့တွန့်ပြီးခြောက်၍ ပုပ်သွားသည်။
လက်ခံပင်များပေါ်ရှိ မှိုစပိုးများကို လေ၊ ရေ နှင့် သယ်ဆောာင်ကာ အသီးများပေါ်တွင် ကျပြီး ရောဂါဖြစ်ပွားနိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
ရောဂါရအသီးမျာတွေ့ရှိပါက ခူးဆွတ်ပြီး စုပုံမီးရှို့ဖျက်ဆီးပစ်ပါ။ အပွင့်ပွင့်ချိန် မတိုင်ခင်တွင် Azoxy strobin၊ Thiophanate methyl၊ Carbendazim၊ Chlorothalonil ဆေးများကို အသုံးပြု ပက်ဖျန်းပါ
စိုက်ပျိုးရေးဦးစီးဌာန
The post ငရုတ်တွင် ကျရောက်သော ရောဂါများနဲ့ ကာကွယ်နှိမ်နင်းနည်းများ (အပိုင်း -၁) appeared first on Myanmar Farmers' Portal.