ဖားမျက်စိရောဂါ (Frog Eye Spot)
ရောဂါလက္ခဏာရပ်
ခူးပြီးအသီးမှည့်များနှင့် မြေကြီးနှင့် ကပ်လျက်ရှိသော အပင်၏ အောက်ရွက်များတွင် အများဆုံး တွေ့ရသည်။ ရောဂါအကွက်များသည် အလယ်တွင် ဆဲလ်သေကွက်ဖြစ်ပြီး မီးခိုးညိုရောင် ရှိသည်။ ၄င်းအကွက်များသည် အသီးခူးဆွတ်ချိန် နီးလာသည်နှင့် အမျှ ဆဲလ်သေကွက်များ တဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာပါသည်။
ကျရောက်သည့် အချိန်
အပင်ငယ်စဉ်မှစ၍ ကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
Nitrogen ဓာတ်မြေသြဇာကို လွန်ကဲစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ Copper ပါသော ဆေးများ Carbendazim၊ Benomyl၊ Thiophanate methyl ဆေးများ ကို အသုံးပြုပက်ဖျန်းပါ။
ခါးရိရောဂါ (Damping – off)
ပျိုးခင်းတွင် ပျိုးပင်၏ အမြစ် နှင့် အပင်ခြေနာ (Hypocotyl) တွင် ရေစိုနာကွက်များ ဖြစ်ပေါ် လာသည်ကို တွေ့ရသည်။ ၄င်းရောဂါ ကျရောက်လျှင် အစေ့စိုက်ပြီးနောက် အညှောင့်ပေါက်ခြင်း သို့ မရောက်ရှိတော့ပါ။ ပျိုးပင် ပေါက်လာခဲ့လျှင်လည်း အပင်ပေါက်ပြီး မကြာခင်သေဆုံး သွားသည်။
ကျရောက်သည့်အချိန်
ပျိုးပင် အဆင့်တွင် အများဆုံးကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
ပျိုးခင်းတွင် အစိုဓာတ်အများစေရန်၊ လေ၀င် လေထွက် ကောင်းစေရန် ဂရုစိုက် ဆောင်ရွက်ပါ။ ရောဂါကွက် စတင်တွေ့ရှိပါက Azoxystrobin, Metataxyl, Mancozeb,Captan ဆေးတစ်မျိုးမျိုး အသုံးပြုပက်ဖျန်းနိုင်သည်။
ရွက်လိပ်ရွက်တွန့်ဗိုင်းရပ်(စ်)ရောဂါ (Chili Leaf Curl Virus)
ရောဂါလက္ခဏာရပ်
ဗိုင်းရပ်(စ်) ကြောင့် ဖြစ်ပေါ်သော ရောဂါ ဖြစ်ပြီး အရွက်များ တွန့်လိမ်ခြင်း၊ ရွက်ကြောများကြား တွင် ရှုံတွခြင်း၊ အဖုအဖောင်းများ ဖြစ်ပေါ်ခြင်း နှင့် ရွက်ကြောများ ထူလာခြင်းတို့ ဖြစ်သည်။ ကနဦး အဆင့်တွင် ကြားဖူးများသည် အရွယ်အစား သေးငယ်ပြီး အစုလိုက်ဖြစ်ပေါ်လာသည်။
ကျရောက်သည့် အချိန်
စစိုက်သည်မှ ရိတ်သိမ်းချိန်အတွင်း အပင်၏ မည်သည့်သက်တမ်းတွင်မဆို ကျရောက်သည်။
ကာကွယ်နှိမ်နင်းနည်း
ယင်ဖြူကြောင့် ကူးစက်ပျံ့ နှံ့သည်။ ကာကွယ်နှိမ်နင်းရန် နည်းလမ်းများမှာ ရောဂါကျရောက်နေေ သာ အပင်များအားဖယ်ရှားပစ်ခြင်း၊ ဌာနမှ ထောက်ခံထားသော ပိုးသတ်ဆေးများကို ပက်ဖျန်းေ ပးခြင်းတို့ ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ငရုတ်တွင် ကျရောက်သော ရောဂါများနဲ့ ကာကွယ်နှိမ်နင်းနည်းများ (အပိုင်း -၂) appeared first on Myanmar Farmers' Portal.