Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကုလားပဲပင်ရင်းပုပ်⁠ရောဂါ ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း

$
0
0

ကုလားပဲပင်ရင်းပုပ်ရောဂါဟာ Pythium မှိုကြောင့်ဖြစ်တာဖြစ်ပြီးတော့ အခြားအမြစ်ပုပ်ရော ဂါတွေ ဟာ Phytophthora,Fusarium နဲ့ Rhizoctonia spp တွေကြောင့်ဖြစ် တာဖြစ်ပါတယ်။

ရောဂါကျရောက်ပုံ

အပင်ငယ်ခြေရင်းမှာမြေကြီးအမြဲတမ်းစွတ်စိုနေမယ်ဆိုရင် မျိုးစေ့ကို ပုပ်သွားစေနိုင်ပါတယ်။ အချို့အစေ့တွေဟာ အပြင်အခွံဟာကောင်းနေပြီးတော့ အတွင်းဖက်မှာ မြေကြီးလုံး အသေးေ လးတွေရှိနေတတ်ပြီး ဆိုးဆိုးဝါးဝါးအနံ့တွေထွက်နေတတ်ပါတယ်။

ရောဂါကျခံရတဲ့အပင်ရဲ့ အရွက်တွေဟာ အဝါရောင်ကိုပြောင်းသွားပြီးကြာလာတဲ့အခါ အရွက်တွေ ကြွေသွားတတ်ပါတယ်။ ရေသောက်မြစ်ကြီးဟာလည်း တဖြည်းဖြည်းရှုံ့ တွန့် သွားပြီး အပင်ကို ဆွဲနုတ်ကြည့်တဲ့အခါ အမြစ်တွေဟာ မည်းနေပြီး မြစ်မွှာလေးတွေလည်း မရှိတော့တာကို တွေ့ရတတ်ပါတယ်။ရေသောက်မြစ်မှာလည်း အညိုရောင်၊ အနက်ရောင် အကွက်လေးတွေကို မြင်တွေ့ရတတ်ပါတယ်။ ရောဂါကျရောက်ခံထားရတဲ့ အပင်တွေရဲ့ အရွက်နဲ့ ပင်စည်အစိတ်အပိုင်း တွေဟာ ကောက်ရိုးခြောက်ရောင်ကိုပြောင်းသွားပါတယ်။ တဖြည်းဖြည်းနဲ့ အရွက်ရင့်တွေ လုံးဝကြွေကျသွားတဲ့အထိဖြစ်တတ်ပါတယ်။

ပင်ရင်းပုပ်ရောဂါဟာမြေဆောင်ရောဂါဖြစ်ပြီးတော့ တခါတလေပင်ကြွင်းပင်ကျန်တွေမှာလည်း ခိုအောင်းနေတတ်ပါတယ်။ မြေကြီးသာ စိုစွတ်နေမယ်ဆိုရင် ရောဂါဖြစ်စေတဲ့မှိုဟာ အမြစ်ကို ထိုးဖောက်ဝင်ရောက်ပြီးတော့ အမြစ်ကို ပုပ်သွားစေနိုင်ပါတယ်။ ဒီရောဂါဟာ မျိုးစေ့တွေ အပင်မပေါက်နိုင်ပဲ ပုပ်သွားတဲ့အထိဖြစ်စေတတ်ပါတယ်။

ကာကွယ်နှိမ်နင်းနည်း

ရောဂါကင်းပြီး ခံနိုင်ရည်ရှိတဲ့မျိုးကို သုံးစွဲပါ။ ရေသွင်းရေထုတ်ညံ့တဲ့နေရာကိုရှောင်ရှားရပါမယ်။ သီးလှည့်စနစ်ကို မဖြစ်မနေကျင့်သုံးဖို့လိုပါတယ်။

  • မျိုးစေ့ကို ကာဗင်ဒါဇင်နဲ့ လူးနယ်စိုက်ပျိုးပါ။
  • ရောဂါရပင်ကြွင်းပင်ကျန်တွေကို မီးရှို့ဖျက်ဆီးပစ်ပါ။

ရောဂါကျအပင်ကို စတွေ့တွေ့ချင်းဟိုင်မီကနိုး၊အင်ပရိုဒီဇုန်း၊ကာဗင်ဒါဇင်၊သိုင်ယိုဖီနိတ်မီသိုင်းလ် စတဲ့ ဆေးတွေကို ပင်ခြေမှာ ရွှဲစိုနေအောင် ပက်ဖျန်းပေးရမှာဖြစ်ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာန

The post ကုလားပဲပင်ရင်းပုပ်⁠ရောဂါ ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား