အစိမ်းရောင်အသီးအနှံတွေက မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်း ကိုလျော့ကျပေးနိုင်ပါတယ်။
အနီရောင်အသီးအနှံတွေစားသုံးပေးရင်တော့ အသားအရေ ဖူးယောင်၊ နီရဲတာမျိုးကို လျော့ကျစေနိုင်ပါတယ်။ အနီရောင် ရှိတဲ့ အသီးတွေဟာ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းကလဲ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါသေးတယ်။
အ၀ါရောင်၊ လိမ္မော်ရောင်ရှိသောအသီးအနှံတွေစားသုံးပေးခြင်းဖြင့် – ကြွက်သားများနာကျင်ခြင်းကို လျော့ကျပေးနိုင်ပါတယ်။ မျက်လုံး နဲ့ အရေပြားကျန်းမာရေးအတွက် လည်း အ၀ါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အသီးတွေကို စားသုံးပေးသင့်ပါတယ်။
အပြာရောင်၊ ခရမ်းရောင်ရှိသော အသီးအနှံများကိုစားသုံးခြင်းဖြင့် အသားအရေမှာ အရေးအကြောင်းတွေ ဖြစ်တာကို သက်သာစေနိုင်တဲ့ အပြင် အရေပြားကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
The post အသီးအနှံစားသုံးပေးခြင်း ဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.