Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ခရမ်းချဉ်သီး ⁠နေ⁠လောင်ရတဲ့ အ⁠ေ⁠ျခခံ အ⁠ေ⁠ကြာင်း အရင်းများ ⁠နှင့် ⁠ကြိုတင်ကာကွယ်⁠ရေး နည်းလမ်းများ

$
0
0

နေလောင်ခြင်း

အသီးများ၏အပေါ်တွင် ရောဂါဒဏ်ရာများ ဖြစ်နေသောချိုင့်ခွက်များ၊ ညိုမည်းရောင်မှ ညိုဖျော့ေ ရာင် အကွက်များ ဖြစ်ပေါ်လာသည်။ ငရုတ်သီးနှံတွင် ဖြူဖွေးပြီး  ချိုင့်ခွက်များ ဖြစ်ပေါ်လာပြီး ၄င်းတို့ ကျယ်ပြန့်လာကာ ခြောက်သွေ့သွားပြီးနောက် စက္ကူကဲ့သို့ ဖြစ်လာသည်။ ခရမ်းချဉ်သီး များတွင် ရောဂါဖြစ်နေသော ဧရိယာသည် အဖြူရောင်တောက်ပနေသောမီးလောင်ဖု သကဲ့သို့ ဖောင်းကြွနေပြီး တဖြည်းဖြည်း ချိုင့်ခွက်ဖြစ်လာကာ တွန့်ရှုံ့ လာသည်။ အသီးများ၏ မည်သည့် အရွယ်တွင် မဆို လက္ခဏာများ ဖြစ်ပေါ်လာသည်။ အရွယ်ရင့်နေသော အသီးဖြစ်သော်လည်း ထိခိုက်ဒဏ်ရာများကို ခံနိုင်မှု နည်းပါးသည်။

ချို့တဲ့မှုလက္ခဏာ ဖြစ်ပေါ်စေသော အခြေခံအကြောင်းတရားများ

အသီးများပေါ်တွင် ရွက်အုပ်မိုးဧရိယာများ မလုံလောက်ခြင်းကြောင့် အသီးများသည် နေရောင် ထဲသို့ ထိုးထွက်ခြင်း၊ ကိုင်းဖြတ်ပုံသွင်းမှု (သို့) အရွက်ချွေမှုများခြင်း၊ အရွက်ကြွေများသော အခါများတွင် အရွက်ဧရိယာ နည်းပါပြီး  အသီးများနေလောင်သည်။ နေလောင်ခြင်းသည် ဇီဝကမ္မဗေဒဆိုင်ရာ ပြဿနာတစ်ခုသာ ဖြစ်ပြီး အခြားသော အပင်ရောဂါဖြစ်စေသည့် သက်ရှိများ (သို့) ဘက်တီးရီးယားမှို နှင့် အင်းဆက်တို့ကြောင့် ဖြစ်ပေါ်သော လက္ခဏာ မဟုတ်ပေ။ နေလောင်နာဟူ၍ ခေါ်ဆိုသည်။

မျက်မြင်လက္ခဏာများ

အလွန်အမင်း အပူချိန်မြင့်သောအခါတွင်  စစ်ဆေးကြည့်ရှု့နိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

အသင့်တော်ဆုံးသော အဟာရကျွေးခြင်း နှင့် ရေပေးသွင်းခြင် စီမံခန့်ခွဲမှုကို မှန်ကန်စွာ ပြုလုပ်ပေးခြင်းအားဖြင့် လုံလောက်သော ပင်ပိုင်းဆိုင်ရာကြီးထွားမှု နှင့်အသီးများအတွက် နေလောင်စေသည့် ရွက်ဖုံးများရရှိစေရန် ပြုလုပ်ပေးနိုင်သည်။

စိုက်ပျိုးရေးဦးစီးဌာန

The post ခရမ်းချဉ်သီး ⁠နေ⁠လောင်ရတဲ့ အ⁠ေ⁠ျခခံ အ⁠ေ⁠ကြာင်း အရင်းများ ⁠နှင့် ⁠ကြိုတင်ကာကွယ်⁠ရေး နည်းလမ်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>