ပလပ်စတစ်ဖြင့် စိုက်ဘောင်ဖုံးအုပ်စိုက်ပျိုးခြင်းကြောင့် မိုးတိုက်ရိုက် မထိသဖြင့် မြေဆီလွှာ သိပ် သည်းမှုကို ကာကွယ်ေ ပးပြီး အမြစ်ကောင်းစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။ ဒါ့အပြင် အပင်ရှင်သန် မှုအား ကောင်းစတဲ့အပြင် အားသာချက် များစွာ ရှိတာကြောင့် ပလပ်စတစ်ဖြင့် စိုက်ဘောင် ဖုံးအုပ်စိုက်ပျိုးခြင်း အကြောင်းကို Pissaya Info ပရိသတ်ကြီး အတွက် စုစည်းတင် ဆက်ပေး လိုက်ပါတယ်။
– ထည်ရေးနက်နက်ထွန်ပါ။
– နွားချေး (သို့)ကြက်ချေး နှင့် မြေသြဇာများအား စိုက်ဘောင်အတွင်း ထည့်သွင်းပေးပါ။
– စိုက်ဘောင်မျက်နှာပြင် ညီညာစေရန်အတွက် မြေညှိခြင်းကို ဆောင်ရွက်ပေးပါ။
– လေပူခိုအောင်းမှု မရှိစေရန် မြေစိုင်ခဲကြီးများအားဖယ်ရှားပေးပါ။
– ငွေမှင်ရောင်ဘက်အခြမ်းအား အပေါ်တွင် ထားပြီး စိုက်ဘောင်အား ဖုံးအုပ်ပါ။
– ပလပ်စတစ်တင်းနေစေရန် လက်ဖြင့် ဆွဲပြီး ခြေဖြင့် ဖိကာ ဘေးမြေသားဖြင့် ပလပ်စတစ်အား ပြန်လည် ဖိပေးပါ။နှီးဝါး လည်း အသုံးပြုနိုင်ပါသည်။
– သီးနှံမျိုးအလိုက်ထားရှိရမည့် ပင်ကြား အကွာအဝေးအတိုင်း အပေါက်ဖေါက်ပေးပါ။
အားသာချက်များ
– မိုးတိုက်ရိုက် မထိသဖြင့် မြေဆီလွှာ သိပ်သည်းမှုကို ကာကွယ်ေ ပးပြီး အမြစ်ကောင်းစွာ ဖြစ်ထွန်းစေပါသည်။
– ရေဝပ်မှု မဖြစ်ပေါ်စေပါ။
– မြေဆီသြဇာ ဆုံးရှုံးမှု လျော့နည်းစေပါသည်။
– ပေါက်မြက်ကျရောက်မှု လျော့နည်းစေပါသည်။
– အပေါ်ငွေမှင်ရောင်ကာလာကြောင့် ပိုးမွှားကျရောက်မှု လျော့နည်းေ စပါသည်။
– အပင်ရှင်သန်မှု အားကောင်းစေပါသည်။
မှတ်ချက်
မှို နှင့် ဘက်တီးရီးယား ကျရောက်နေသည့် စိုက်ခင်းများတွင် အသုံးမပြုရပါ။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ပလပ်စတစ်ဖြင့် စိုက်ဘောင်ဖုံးအုပ်စိုက်ပျိုးခြင်း appeared first on Myanmar Farmers' Portal.