(၁)ကျန်းမာသန်စွမ်းသည့် မျိုးကောင်းမျိုးသန့် မျိုးကိုသာ ပျိုးထောင်စိုက်ပျိုးပါ။
(၂) ပျိုးသက် (၂-၃)ပတ်သားတွင် စိုက်ဘောင်သို့ ပြောင်းရွှေ့စိုက်ပျိုးပါ။
(၃) မိုးများလွန်းသည့် အချိန်တွင် စိုက်ဘောင်သို့ မပြောင်းရွှေ့ မစိုက်ပျိုးရပါ။
(၄)စိုက်ဘောင်အား ဘောင်အမြင့်ပြင်ဆင်ပါ။
(၅) စိုက်ဘောင်အား ဘောင်အုပ်ပလပ်စတစ်အမဲဖြင့် ဖုံးအုပ် စိုက်ပျိုးပေးပါ။
(၆)စိုက်ပျိုးချိန်တစ်လျှောက် ရေမဝပ်စေရန် ဂရုစိုက်ပါ။ ရေထုတ်မြောင်းများဆွဲပေးပါ။
(၇)ခေါင်ညွှန့်ဖြတ်ခြင်းကို အညွှန့် ၇ဆစ် နှင့် ၁၀ဆစ်ကြားတွင် ဖြတ်ပေးပြီး အသန်မာဆုံး ဘေးတတ် (၂)တက် ကိုသာ စင်ပေါ်သို့တက်ရန် ရွေးချယ်ပါ။
(၈) မြေဆီသြဇာကျွေးခြင်းကို စင်၏ အတွင်းဖက်တွင်သာ ကျွေးပါ။ စင်အပြင်မှ ကျွေးခြင်းကို ရှောင်ရှားပါ။
(၉) အဖိုပန်းပွင့်ပြီးသော ကိုင်းများကို အသီးတင်နှုန်းများစေရန် နှင့် အညွှန့်သစ်ထွက်ရန် အတွက် ၃ဆစ်ချန် ကိုင်းဖြတ်ပေးပါ။
(၁၀) မြေသြဇာကျွေးခြင်းကို စတင်ကိုင်းဖြတ်ချိန်၊ ပန်းစတင်ပွင့်ချိန် နှင့် အသီးစတင်သီးချိန်တွင် သဘာဝမြေသြဇာများနှင့် ရောစပ် ကျွေးပါ။ အသီးခူးဆွတ်ပြီးနောက်တွင် အသီးမ ပျက်စေရနိအတွက် (၂-၃)ပတ်ကြား တစ်ကြိမ်ဆီ ကျွေးပေးပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post စင်တင်ဘူး စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ appeared first on Myanmar Farmers' Portal.