သရစ်ပိုး
သိပ္ပံအမည်
Thrips tabaci
လက္ခဏာရပ်
အရွက်များမှ သစ်ရည်များကို စုပ်ယူသဖြင့် အရွက်များပေါ်တွင် ငွေရောင်အစက်များ ဖြစ် လာသည်။ ပန်းပွင့်များကိုလည်း ဖျက်ဆီးတတ်သည်။ အပင်များ လိပ်သွားတတ်ပြီး ဆိုးဝါး စွာကျရောက်ပါက အပင်သေနိုင်သည်။
ကျရောက်ချိန်
အပင်ငယ်စဉ်မှ ရိတ်သိမ်းချိန်ထိ ကျရောက်တတ်သည်။ အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ကျရောက်နိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
ထိသေ စားသေ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးများကို သရစ်ပိုး (၁ – ၂) ပင်ခန့်တွင် စတွေ့ပါက တွေ့တွေ့ခြင်း အသုံးပြုပါ။ အပင်ထွက် ပိုးသတ်ဆေး ဖြစ်သည့် တမာ ပိုးသတ်ဆေးကို အသုံးပြုရမည်။
ပျပိုး
သိပ္ပံအမည်
Aphis gossypii
လက္ခဏာရပ်
အပွင့်များ အရွက်များ ပုံသဏ္ဍာန်မမှန်ခြင်း၊ အရောင်ပြောင်း၍ ညှိုးသွားခြင်းနှင့် ကြပ်ခိုးမှိုမျာြး ဖစ်ပေါ်လာနိုင်သည်။ ပင်ပိုးကြီးထွားမှု နှေးကွေးပြီး အပင်များပု၍ သေးကွေးခြင်း ဖြစ်ပေါ်မည်။
ကျရောက်ချိန်
ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
အပင်များအား လေ၀င်လေထွက် ကောင်းစေရန် ကိုင်းခုတ်/ ကိုင်းဖြတ်ခြင်းများ ပြုလုပ်ပါ။ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။
ပင်ဖြတ်ပိုး
သိပ္ပံအမည်
Agrotis ipsilon
လက္ခဏာရပ်
လောက်ကောင်များသည် အပွင့်၊ အရွက်၊ နှင့် အမြစ် အစိတ်အပိုင်းတို့ကို ညအချိန်တွင် စားသောက်ဖျက်ဆီးသည်။ ပင်ပိုင်းကြီးထွားမှု နှေးကွေး၍ အပင်များ ပုပြီး သေးကွေးမည်။
ကျရောက်ချိန်
ပျိုးပင်ပေါက်အဆင့် မှ ပင်ပိုင်းကြီးထွားချိန်တွင် တစ်လျောက် ကျရောက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
ပေါင်းမြက်များရှင်းလင်းပါ။ ထယ်ရေး နက်နက်ထွန်ပေးပါ။ မြေပြင်ချိန်တွင် ပိုးသတ်ဆေး တစ်မျိုးမျိုးထည့်ပါ။ မီးထောင်ချောက်ထွန်းပါ။ ထိသေ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးအား ညနေပိုင်းတတတွင် ပက်ဖျန်းပါ။
ဖျက်ပိုးအမည်
ပိုးနဂါး
သိပ္ပံအမည်
Spodoptera litura
လက္ခဏာရပ်
ပျိုးခင်းတွင် ဆိုးဝါးစွာ ကျရောက်သည်။ အပင်ငယ်စဉ်တွက် အရွက်အစိမ်းပိုင်းကို စုပြုံ၍ ခြစ် စားကြသဖြင့် အရွက်များ ရွက်ကြောသာကျန်ပြီး အစိမ်းရောင် ပျောက်နေ၍ ဇကာပေါက်ကဲ့ သို့ဖြစ်မည်။ အကောင်ကြီးအဆင့်တွင် အရွက်များကို ကိုက်ဖြတ် စားကြသည်။ အချို့အပင် ငယ်များကို အရင်းမှ ကိုက်ဖြတ်ချတတ်သည်။
ကျရောက်ချိန်
ပန်းပွင့်ချိန်၊ အသီးသီးချိန်နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
ပေါင်းမြက်များရှင်းလင်းပါ။ ထယ်ရေးနက်နက် ထွန်ပေးပါ။ မြေပြင်ချိန်တွင် ပိုးသတ်ဆေး တစ်မျိုးမျိုးထည့်ပါ။ မီးထောင်ချောက်ထွန်းပါ။ ထိသေ စားသေ ပိုးသတ်ဆေး တစ်မျိုးမျိုးအား ညနေပိုင်းတွင် ပက်ဖျန်းပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post ကြက်သွန်နီတွင် ကျရောက်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.