Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဒန့်သလွန်ပင်ကို အချိန်တိုအတွင်း လွယ်ကူစွာစိုက်ပျိုး⁠နိုင်⁠ခြင်း အပိုင်း (၁)

$
0
0

မျိုးပွားရာတွင် မျိုးစေ့နှင့် ပင်ပိုင်းဖြတ်၍ စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပြီး (၇ – ၈)လ အတွင်း အသီး စသီး၏။ (Quick Return) အရွက်အတွက် စိုက်ပျိုးပြီး (၃ – ၄)အတွင်း ခူးနိုင်၍ (၃၀ -၄၅) ရက်အတွင်း တစ်နှစ်ကိုးကြိမ် ခူးနိုင်၏။

စိုက်ပျိုးကုန်ကျစရိတ်နည်းခြင်း၊ သဘာဝမြေသြဇာ နှင့် အောင်မြင်စွာစိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှား ရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးခြင်းတို့ ဖြစ်ပါသည်။

မြေနေရာပြုပြင်ခြင်း

စိုက်ပျိုးမြေရွေးချယ်ရာတွင် ရေမ၀ပ်သော နေရာ၊ ရေစီးရေလာကောင်းသောနေရာ၊ နေရောင်ြ ခည်လုံလောက်ရသော နေရာမျိုး ဖြစ်သင့်သည်။ ခြံအတွင်း မလိုလားအပ်သော ပစ္စည်းများ၊ ခြုံများ၊ အမှိုက်များရှင်းပစ်ပါ။ မြေပြင်သည့်အခါ အရွက်အတွက် စိုက်ပျိုးမည်ဆိုပါက စိပ်စိပ်စိုက်ပျိုးရသဖြင့် တစ်တန်း နှင့် တစ်တန်း (၁ – ၁၁/၂) ပေခြား၍  တစ်ပင် နှင့် တစ်ပင် (၆ – ၁၂) လက်မခြား၍ စိုက်ပါ။ မစိပ်မကျဲ (Semi – intensive) စိုက်ပါက ပင်ကြား (၁၁ / ၂) ပေ၊ တန်းကြား(၃) ပေ စိုက်ပျိုးပါက တစ်နိုင်တစ်ပိုင် စိုက်သူများအတွက် ပိုသင့်တော်သည်။ (High density) တယ်ရေးကို (၁၀” မှ ၁၂”)အထိ နက်နက်ထွန်ပါ။

အသီးအတွက် စိုက်ပျိုးမည်ဆိုပါက (၃) ပေ ပတ်လည်ကျင်းတူးပြီး မြေဆွေးထည့်ပေးပါ။

မျိုးပွားခြင်း

ဒန့်သလွန်အတောင့်အတွက် စိုက်ပျိုးလျှင် မျိုးကောင်း မျိုးသန့်ကို သေသေချာချာ ရွေးချယ်စိုက်ပါ။ အတောင့်ရှည်ပြီး အသားထူထူဈေးကောင်းရသည်။ အစေ့ထွက်နှုန်းလည်းကောင်းသည်။ ဒန့်သလွန်စိုက်ပျိုးရာတွင်  အထွက်နှုန်းကောင်းသောမျိုး ရွေးချယ်စိုက်ပျိုးရန် အရေးကြီး၏။ ကမ္ဘာ့အထွက်အများဆုံးမျိုးမှာ PKM မျိုးများဖြစ်သည်။ အတောင့် အရွယ်အစား၊ အစေ့ပါဝင်မှုနှင့် ဆီထွက်ကောင်းခြင်းတို့ ဖြစ်သည်။ PKM -1 မျိုးသည် စိုက်ပြီး (၇ – ၈)လ နှင့် သီးခြင်း၊ အတောင့်အရှည်မှာ (၇၅) စင်တီမီတာ၊ တစ်တောင့် အလေးချိန် (၁၅၀) ဂရမ်၊ တစ်ပင်အသီး (၂၁၈၁) တောင့်သီး၍ အထွက်နှုန်းမှာ တစ်ဟက်တာ (၅၂.၈) တန် ဖြစ်သည်။ နှစ်ရှည်ပင်မှာ မျိုးရွေးမှားလျှင် ပြန်ပြင် ရန်ခက်သည်။ ရာသီပင်လိုမဟုတ်။ တစ်နှစ်အတွင်း ရင့်မှည့်သော အသီးမှ အစေ့ဖြစ်ခြင်း၊ ပိုးရောဂါကင်းခြင်း၊  အပင်ပေါက် (၈၀) % ရှိခြင်း၊ မျိုးစေ့(၁) kg တွင် အစေ့ (၄၀၀၀) ထိရှိခြင်းတို့ ဖြစ်သည်။ မျိုးစေ့ယူရာတွင် နွေရာသီမတ်လ၊ ဧပြီလတို့တွင်  ကောင်းစွာရင့်မှည့်ခြောက်သွေ့သော ဖြူမွဲမွဲအရောင်ရှိသည့် အသီးများကို ရွေးချယ်ပါ။

စိုက်ပျိုးရာတွင် အစေ့မှ စိုက်ခြင်း နှင့် အကိုင်းများဖြတ်ပိုင်း ပျိုးထောင်စိုက်ခြင်းဟူ၍  နှစ်မျိုး ရှိသည်။

အစေ့မှ စိုက်ပျိုးခြင်း

အစေ့မှ တိုက်ရိုက်စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ဧကကျယ်ကျယ်နှင့် အရွက်အထွက် ခပ်စိပ်စိပ် (Intensive Production) စိုက်မည်ဆိုပါက အစေ့မှ စိုက်လျှင် ပိုကောင်းသည်။ အစေ့မှ စိုက်လျှင် ရေသောက်မြစ်ရှည်၍ အမြစ်ကုတ်အားကောင်း၍ လေဒဏ် မိုးဒဏ်ခံနိုင်ခြင်း၊ အမြစ်ရှည်၍ မြစ်ပွားများသဖြင့် ရေငတ်ဒဏ် ခံနိုင်သည်။ ဒန့်သလွန်စေ့ကို (၂၄ – ၄၈) နာရီ ရေစိမ် စိုက်လျှင် အပင်ပေါက်ပိုမြန်သည်။

တစ်ချို့ မှာ ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်၍ စိုက်ကြသည်။ ခြံအတွင်း နည်းနည်းပါးပါး စိုက်သူအတွက်သာ စိုက်သင့်သည်။ မျိုးစေ့ကို (၅” x ၈”) (၆ x ၁၀) အရွယ် ပျိုးအိတ် အတွင်း ထည့်ပျိုးပါ။ နွားချေး၊ မြေဆွေး၊ သဲရောစပ်ထားသော စပ်မြေများ ပျိုးအိတ်အတွင်းထည့်ပြီး ပျိုးအိတ်အပေါ်မှ လက်မခန့်မြှုပ် စိုက်ပြီး ရေလောင်းပေးပါ။ (၅ – ၁၂) ရက်အတွင်း အပင်ပေါက်ပါသည်။ ပျိုးပင်ကလေးများ (၄ – ၆) ပတ်ရှိသောအခါ အမြင့်တစ်ပေကျော်ကျော်ထိ ရှိလာပြီဖြစ်၍ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်နိုင်သည်။

ပျိုးအိတ်များကို ရေမှန်မှန်လောင်းပေးပြီး အရိပ်ထဲတွင်ထားပါ။

အကိုင်းမျိုးပွား၍ စိုက်ပျိုးခြင်း

အပင်ကြီးများမှ အပိုကိုင်းများဖြတ်ထုတ်ခြင်း (အရွက်အတွက် စိုက်သော အပင်များမှ အရွက် များခူးပြီး ဖြတ်ထုတ်သော) အကိုင်းများမှ ပြန်လည်မျိုးပွားခြင်းသည် တစ်ချက်ခုတ် နှစ်ချက်ြ ပတ်သော အလုပ်ဖြစ်သည်။ အချင်း (Diameter 4-5cm) (၂”မှ ၃”) ရှိတစ်နှစ်သား အကိုင်း ရင့်များကို အရှည် (၁၁/၂ပေ-၂ပေ) ထိ ဖြတ်ပြီး စိုက်ခင်းတွင် မိုဦးကျ မေ၊ ဇွန်လများတွင် တိုက်ရိုက်စိုက်နိုင်ပါသည်။ ပျိုးအိတ်များနှင့်လည်း တစ်လခွဲ –  နှစ်လ ပျိုးထောင် အမြစ်ဖောက်ပြီး စိုက်နိုင်သည်။ စိုက်ပျိုးရာတွင် မြေထဲသို့ အကိုင်းအရှည်၏ ၁/၃ မြှုပ်စိုက်ပါ။

ကိုင်းပြတ်များကို မိုးဦးကျဇွန်လမှ စိုက်လျှင် ဒီဇင်ဘာ ၊ ဇန်န၀ါရီ မှာ စတင်ပန်းပွင့်ပြီး အစေ့မှ စိုက်ပင်ကဲ့သို့  နှစ်ချင်းသီးပါသည်။ သို့သော် သီးပင်မှန်သမျှ တစ်နှစ်စသီးစမှာ အထွက်နှု န်းနည်း၍ ဒုတိယနှစ်ကျမှစ၍ သီးထွက်နှုန်းကောင်းလာသည်။ အကိုင်းဖြတ်စိုက်ပျိုးရာတွင် သတိထားရမည်မှာ အစေ့စိုက်ကဲ့သို့ အမြစ်ရှည်ထွက်မှုမကောင်း၍ ရေငတ်ဒဏ် နှင့် လေးပြင်းတိုက်ခိုက်မှုဒဏ်မခံနိုင်ပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ဒန့်သလွန်ပင်ကို အချိန်တိုအတွင်း လွယ်ကူစွာစိုက်ပျိုး⁠နိုင်⁠ခြင်း အပိုင်း (၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>