ကျရောက်သော ပိုးမွှားများ
ပုရွက်ဆိတ် – လိပ်ပြာ အုပ်စုဝင် ပိုးလောက်ကောင်များကို တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီြး ပုတ် ရည်၊ ကြက်ဟင်းခါးရွက်ထောင်းပြီး ပက်ဖျန်းပေးပါက ရွက်စားပိုးများကို ကာကွယ်နှိမ် နင်းနိုင်သည်။ ရွက်ထွင်းပိုး၊ ကြယ်ပဲသီးထိုးယင်တို့ ကျရောက်သည်။
ရွက်ထွင်းပိုးသည် အရွက်များကို ထွင်း၍ အရွက် အစိမ်းမျက်နှာပြင်ကို ခြစ်စား၍ အရွက်ပေါ်တွင် အဖြူအစင်းကြောင်းများတွေ့ရ၏။ အသီးနုစဉ်မှစ၍ ကျတတ်သည်။ အသီးထဲဝင်သွားပြီး စားေ သာက်၍ အသီးများကြွေကျသည်အထိ ဆိုးရွာတတ်သည်။ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီြး ပုတ်ရည်၊ ဘိစပ်/ ကောပင်စိမ်းတို့ကို ထောင်း၍ ပက်ဖျန်းကာကွယ်နိုင်သည်။
ပင်စည်ထိုးပိုးများကိုလည်း ပင်စည်ထဲ အကိုင်းထဲမ၀င်မီ ကြိုတင်၍ ဆေးဖျန်းထားရသည်။ ပင်စည်ရောက်သွားလျင် နှိမ်နင်းရခက်သည်။ အော်ဂဲနစ်စိုက်ပျိုးရေးဖြစ်၍ ဇီဝပိုးသတ်ဆေး များးဖြင့်လည်း နှိမ်နင်းနိုင်ပါသည်။
ကြက်သွန်ဖြူ – ဂျင်း ပင်လုံးပျံ ပိုးသတ်ဆေး
(၁) ကြက်သွန် ၁၀ ကျပ်သား၊ (၂) ဂျင်း ၅ ကျပ်သား၊ (၃) အရက်ဆီ ၂၅ ကျပ်သား နှင့် (၄) ရှာလကာရည် ၅ ကျပ်သားတို့ကို ကြေညက်အောင်ထောင်းပြီး အရက်ဆီ၊ ရှာလကာရည်နှင့် ၇ ရက်စိမ်ပြီး ဖျန်းပါက ပင်လုံးပျံဆေး ဖြစ်၍ ကြယ်ပဲတွင်ကျသော ပိုးအားလုံး၊ ပုရွက်ဆိတ်ပါ ကာကွယ်နှိမ်နင်းနိုင်သည်။ အချို့ ငြုတ်သီးစိမ်းပါ ထောင်းထည့်၍ ဖျန်းကြသည်။
ကျရောက်တတ်သော ရောဂါများ
အမြစ်ပုပ်ရောဂါ – အပင်များညှိုးနေပါက ၄င်းရောဂါကြောင့် ဖြစ်သည်။ များသောအားဖြင့် ပင်ခြေတွင် ရေ၀ပ်သောကြောင့် Fusarium မှိုရောဂါဝင်ခြင်း ဖြစ်သည်။ ဘော်ဒိုးဆေးရည်မှာ ဒုတ္တာ + ထုံး + ရေ (၃) မျိုးရောစပ်၍ အလွယ်တကူ ဖော်စပ်သုံးစွဲနိုင်သည်။
အခြားကျရောက်တတ်သော ရောဂါများမှာ ခါးရိရောဂါ၊ ညှိုးသေရောဂါ၊ မြေဆွေးရောဂါများ ဖြစ်သည်။ မှိုရောဂါများကို ထရိုင်ကိုဒါးမား မှိုသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်။ ထုံးကန့်ဆေး ရည်ဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်သည်။ ထုံးကန့်ဆေးရည်ဆိုသည့်အတိုင်း ထုံး၊ ကန့်၊ ရေ (၃) မျိုး ကျိုချက် အသုံးပြုခြင်းဖြစ်၏။
ပထမရေ (၁) ဂါလံကို ဆူသည် အထိကျိုပါ။ ဆူနေသော ရေနွေးထဲသို့ ဖောက်ထုံး ၁၀ ကျပ်သား ထည့်၍ ထုံးပျော်သည်အထိ မွှေပေးရ၏။ ထို့နောက် ကန့်မှုံ ၂၀ ကျပ်သားထည့်၍ နှံ့အောင်မွှေေ ပးရသည်။ မိနစ် (၅၀)ခန့်ကြာလျှင် အအေးခံပြီး ၊ ဖန်ပုလင်း (သို့) ပလတ်စတစ်ပုံးထဲထည့်၍ အသုံးပြုနိုင်သည်။
အထက်ဖော်ပြပါ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသည် အခြားသီးနှံများတွင်လည်း အသုံးပြုနိုင်၏။
ကြယ်ပဲကို အသီး၊ အဆီ၊ အရွက်များကို တိုက်ရိုက်စားသုံးသဖြင့် အော်ဂဲနစ်စနစ်နဲ့ စိုက်သဖြင့် ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးများ မသုံးစွဲရန် သတိပြုပါ။ ကြယ်ပဲပင်သည် ပင်ကို သဘာဝအားဖြင့် နှစ်ရှည်ပင်မျိုးဖြစ်၍ သန်မာထွားကြိုင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် ရှိပါသည်။
ကုမ္ပဏီများမှ ဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေးများ၊ တီကျစ်စာမြေဆွေးကန်မှ ထွက်ရှိသော တီကျစ်စာမြေဆွေးအရည် (Vermi tea) ကိုလည်း ရေအဆ ၂၀ဖြင့် ရောစပ်၍ ကျွေးပေးနိုင် ပါသည်။ ထို့ကြောင့် အနည်းဆုံး ၉ ပေ x ၄ ပေ x ၃ပေ တီကျစ်စာမွေးမြူရေးကန် တစ်ခုတော့ရှိသင့်၏။
ငါးပေါသော ဒေသတွင် ငါးအသေများကို ငါးအမိုင်နိုအက်ဆစ် ဇွန်းကြီးနှစ်ဇွန်းကို ရေတစ်ဂါ လံဖြင့် ရောစပ်၍ ပက်ဖျန်းပေးနိုင်ပါသည်။
အီးအမ် -၅ ၊ အီးအမ်အက်ဖ်ပီအီး၊ နွားသေး တို့ကို အလှည့်ကျ (၂ -၃) ပါတ်တစ်ကြိမ်စီ ဖျန်းပေးပါက ပိုးမွှားရောဂါများသေရုံမက အပင်များ ပိုမိုကြီးထွားစေပါသည်။
မြေအောင်းပိုး နှိမ်နင်းရန် ပင်ခြေတွင် တမာကြိတ်ဖတ်များ ချပေးပါ။ အော်ဂဲနစ်စိုက်ပျိုးရေးဖြစ်၍ အော်ဂဲနစ်ပိုးသတ်ဆေး၊ မှိုသတ်ဆေးကိုသာ အသုံးပြုရမည်။ အော်ဂဲနစ်ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြစ်သော တမာ ပိုးသတ်ဆေး၊ ဆေးရွက်ကြီးစိမ်ရေ နှင့်လည်း ပတ်ဖျန်းပေးနို င်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကြယ်ပဲတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ နှင့် ကာကွယ်နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.