(၁) မျိုးသန့်အဆင့် စပါးကိုသုံးပါ။
(နှံကား ၊ မီးကောက် ၊ ရဲဘော်လတ် ၊ လုံးသွယ်မွှေး ၊ ပေါ်ဆန်းမွှေး ၊ ငကျွဲ ၊ မီးဒုံး ၊ အင်းမရဲဘော် ၊ ရွှေမန်း -၁)
(၂) သက်တမ်း(၅)လ မကျော်စေရပါ။
ဒုတိယအချက်မှာ ရာသီစပါး အထွက်တိုးရန် သက်တမ်း(၅)လထက်မကျော် စေရပါ။
ဝါဆိုလပြည့်ထက်စော၍ လုံးဝပျိုးမထောင်ရန်လိုပါသည်။ ဝါဆိုလပြည့်နေ့ ထက်နောက်ကျ၍ ပျိုးထောင်ပါလျှင် သက်တမ်း (၅) လထက် လျှော့သွား၍ ပိုပြီး အထွက်ကောင်းပါသည်။
သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သက်တမ်းကို (၅) လ ထက် ကျော်ထားလျှင် အပင်အရပ် ရှည်ပြီး အနှံထွက်သည့်အခါ လေဒဏ် မိုးဒဏ် မခံနိုင်သဖြင့် စပါးပင်လဲတတ်ပါသည်။ လဲခဲ့လျှင် အဖျင်းများ၍ အထွက် ကျဆင်းပါသည်။ ဆန်အထွက် မကောင်းသည့်အပြင် အကျိုး အကြေများပါသည်။ (၅)လနှင့် (၅)လ အောက်သက်တမ်းရှိသော စပါးပင် သည် အရပ်တိုသဖြင့် အနှံထွက်ပြီး ရင့်မှည့်သည်အထိ လေဒဏ်၊ မိုးဒဏ်ခံ နိုင်ကြောင်း လေ့လာတွေ့ရှိထားပါသည်။
ထိုနည်းတူပညာရှင်များတွေ့ရှိထားသည်မှာ(၅)လသက်တမ်းထက်ကျော်ထားပါက သက်တမ်းကျော်ထွက် သမျှ အပင်ပွားတိုင်းသည် အနှံစ မ ကောင်းပါ။ အများအားဖြင့် အနှံမထွက်ဘဲ ကောက်ရိုးသာထွက်သော ပင်ပွား များသည် ပေါင်းပင်များကဲ့သို့ အစာနှင့်နေရာကို လုစား ၊ လုယူကြ ပါသည်။
အထွက်ကောင်းစပါးမျိုးများဖြစ်သော မနောသုခ ၊ ကျော်ဇေယျ ၊ ရွှေဝါထွန်း စပါးမျိုးများသည် သက်တမ်း (၅) လမကျော်သောကြောင့် အထွက်ကောင်း ခြင်း ဖြစ်ပါသည်။ သက်တမ်း (၅)လ မကျော်စေရန် ပညာရှင်များက မျိုးစပ်ပြီး ဖန်တီးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရာသီစပါးများ အပင် မလဲစေရန်နှင့် အောင်နှံများ ရရှိစေရန် (၅)လထက် မကျော်စေဘဲ စိုက်ပျိုး သွားရမည်ဖြစ်ပါသည်။
နှံကား ၊ မီးကောက် ၊ အင်းမရဲဘော် အစရှိသည့် ကောက်လတ်ရာသီစပါး တစ်မျိုး မျိုးကို (၅) လသက်တမ်း မကျော်ရအောင် အောက်ပါအတိုင်း ချိန်ညှိစိုက်ပျိုးနိုင်ပါသည်။
နှံကား ၊ မီးကောက် ၊ အင်းမရဲဘော် စပါးမျိုးများသည် ကောက်လတ်ရာသီ စပါးမျိုးများ ဖြစ်သောကြောင့် မည့်သည် အချိန်စိုက်စိုက် နတ်တော်လပြည့် ပတ်ဝန်းကျင်၌ မောင်းညိုပါသည်။ ထို့ကြောင့် သက်တမ်း (၅)လ မကျော်စေ ရန် ဝါဆိုလပြည့်ထက် စောပြီးမစိုက်ကြရန် အထူးသတိပြုရမည် ဖြစ်ပါ သည်။ သို့သော် နောက်အကျဆုံး ပျိုးထောင်ရမည့်ရက် ၊ တစ်နည်းအားဖြင့် နောက်ဆုံး စိုက်ရမည့်ရက်မှာ စပါးသက်တမ်း (၃) လထက် မနည်းစေရန် တော်သလင်းလပြည့်နေ့နောက်ဆုံးထားပြီး ပျိုးထောင်ကြဲပက်ရပါမည်။ စပါးပင်သက်တမ်း (၃)လထက်နည်းလျှင် စပါးအထွက်ကျဆင်းနိုင်ပါသည်။
(၃) သက်မှတ်ကောက်ကွက် ဝင်အောင်စိုက်ပါ။
တတိယလိုက်နာရမည့်အချက်မှာ ကောက်ကွက်ကို ဝင်အောင် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ ရာသီစပါးမျိုးများ၏ သက်တမ်းကို အထွက် ကောင်းမျိုးများ၏ သက်တမ်းနှင့်အညီ (၅) လအထိ လျှော့ချလိုက်သော် လည်း အထွက် ကောင်းစပါးမျိုးများကဲ့သို့ ကောက်ကွက် တစ်သိန်း ခုနှစ်သောင်းအထိ စိပ်စိပ် စိုက်၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် ရာသီစပါးများ၏ အရွက်များသည် ပျော့ပြောင်းပြီး နွဲ့နေ၍ ကောက်ကွက် စိပ်လွန်းလျှင် ရွက်ဖားထိုးပြီး အပင် ဟုန်ကာ ယိုင်လဲတတ်ပါသည်။
ထို့ကြောင့် တစ်ဧကတွင် ကောက်ကွက် (၁)သိန်းမှ (၁)သိန်း (၁) သောင်း အတွင်း ဝင်အောင်စိုက်ကြရမည် ဖြစ်ပါသည်။ ကောက်ကွက် (၁)သိန်းမှ (၁)သိန်း (၁)သောင်းအတွင်း ရရှိစေရန် တန်းကြား (၈) လက်မ ၊ပင်ကြား (၈) လက်မ၊ ( ၈ လက်မပတ်လည်) သို့မဟုတ် တန်းကြား (၉) လက်မ ၊ ပင်ကြား (၆) လက်မ နှင့် စိုက်ပျိုးနိုင်ပါသည်။
အကယ်၍ ဝါဆိုလပြည့်တွင် ပျိုးမထောင်ဖြစ်၍ ဝါခေါင် ၊ တော်သလင်း ရောက်မှ ပျိုးထောင်ဖြစ်ပါက စပါးပင် (၅) လထက် သက်တမ်းတို သွား သာ ကြောင့် တန်းကြား (၈) လက်မ ၊ပင်ကြား (၆) လက်မနှင့် ကောက်ကွက် (၁) သိန်း (၃) သောင်း စိုက်ပျိုးရပါမည်။ကောက်ကွက်ကြဲလျှင် စပါးအထွက် နည်းမည်ဖြစ်၍ စပါးအထွက်တိုးစေ ရန် ကောက်ကွက်စိပ်စိပ် စိုက်ပျိုးကြရ မည်ဖြစ်ပါသည်။
(၄) လက်ဆများများစိုက်ပါ
စတုတ္ထ လိုက်နာရမည့်အချက်မှာ လက်ဆများများ စိုက်ပျိုးရန်ဖြစ်ပါသည်။ ရာသီစပါးများကို သက်တမ်း (၅) လအထိ လျှော့ချလိုက်သောကြောင့် ပင်ပွားချိန် တိုသွားမည်ဖြစ်ပါသည်။
ကောက်ရိုးသာထွက်မည့် ပင်ပွားများ နေရာတွင် စပါးနှံကောင်းကောင်း ထွက်မည့် ပျိုးပင်များ ပိုထည့် လိုက်ခြင်းဖြင့် စပါးပိုထွက်လာမည်ဖြစ်ပါ သည်။ ထို့ကြောင့် ကောက်ကွက်နှင့် လက်ဆကို ချိန်ဆ၍ တိုးရခြင်းဖြစ်ပါ သည်။
စပါးစိုက်ပျိုးကြရာတွင် ပုံမှန်အားဖြင့် လက်ဆ (၂) ပင် (၃)ပင်နှင့် စိုက်ကြ ပါသည်။ ရာသီစပါး အထွက်တိုးရေး တွင် (၂) (၃) ပင်နှင့် မရတော့ပါ ။ (၄) ပင် (၅)ပင် (၆)ပင်အထိ လက်ဆများများနှင့် စိုက်မှသာလျှင် အထွက်တိုး လာမည်ဖြစ်ပါသည်။ တရုတ်ပြည်တွင် ကောက်ကွက်တစ်ကွက်၌ ကောက် ချက် (၂) ချက်စိုက်ပါသည်။ ထိုသို့စိုက်ခြင်းဖြင့် လက်ဆမှာ မူလထက် (၂) ဆများ၍ အထွက်တိုးခြင်းဖြစ်ပါသည်။ထို့ကြောင့် စပါးအထွက်တိုး စေရန် လက်ဆများများ စိုက်ပျိုးရန် လိုအပ်ပါသည်။
(၅) ဓာတ်မြေသြဇာ (၃) မျိုး အချိုးကျ အသုံးပြုပါ
ပဉ္စမ လိုက်နာရမည့်အချက်မှာ ဓာတ်မြေသြဇာ (၃) မျိုးကို အချိုးကျ သင့်တင့် စွာ ထည့်သွင်းရန် ဖြစ်ပါသည်။ တီစူပါနှင့် ပိုတက်ဓာတ်မြေသြဇာ (၂) မျိုးကို မြေခံမှာ မဖြစ်မနေ ထည့်သွင်း ရပါသည်။ နုန်းမဝင်သောလယ်တွင်ပုလဲမြေ သြဇာကိုတီစူပါ ၊ပိုတက်တို့နှင့်အတူ မြေခံထည့်ရမည်ဖြစ်ပါသည်။
နုန်းဝင်သော လယ်တွင်မူ ပုလဲ မြေသြဇာကို လိုအပ်မှ ထည့်သွင်းသင့်ပါ သည်။
-ကောက်စိုက်ပြီး (၂၀) ရက်နှင့်အကြာ အပင်ပွားချိန်၌ ဒုတိယအကြိမ် ပုလဲမြေသြဇာကို ထည့်သွင်းရပါမည်။
-ပုလဲမြေသြဇာကို စပါးပင်က လိုအပ်မှ ထည့်သင့်ပါသည်။ များများထည့်မိ လျှင် စပါးပင်ဟုန်ပြီး လဲတတ်ပါသည်။တမန်းကောင်းမှ စပါးထွက်မည်။
တမန်းမကောင်းလျှင် စပါးမစိုက်ရန်ဖြစ်ပါသည်။တမန်းမကောင်းဘဲ စိုက် လျှင် စပါးအထွက် တိုးမည်မဟုတ်ပါ။အောင်ရေထိန်းရန် ရေမြုပ်ကန်သင်း ပြုလုပ်ပါအောင်ရေလှောင်ကန် လိုအပ်ပါသည်။အောင်ရေမရလျှင် ရေငတ် ပြီး စပါးထွက်မည်မဟုတ်ပါ။ အောင်ရေ လုံလုံေ လာက်လောက်ရရှိချိန် မိုးမကျမီကတည်းက ကန်သင်းများကို (၂) ပေအထိ မြှင့်ထားရပါမည်။ တစ်နည်း အားဖြင့် ရေမြုပ်ကန်သင်း ဟုလည်း ခေါ်နိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မိုးကာလတွင် ရေမြုပ်နေပြီး မိုး အကုန် ရေကျချိန် တွင် ရေကိုလှောင်ပြီး ထိန်းသိမ်းထားသောကြောင့် ဖြစ်ပါသည်။ ရေမြုပ် ကန်သင်းနှင့် ရေ လှောင်ခြင်းသည် ငွေကုန် အသက်သာဆုံး နည်းလမ်းဖြစ် ပါသည်။ အကယ်၍ ရေမြုပ်ကန်သင်းမရှိလျှင် ရေစုပ် စက်ဖြင့် ရေတင်ရ၍ ငွေကုန်ကြေးကျများမည်ဖြစ်ပါသည်။ချောင်းမြောင်းနှင့် နီးလျှင် ချောင်းပိတ် ၊ မြောင်းပိတ် ကို မိုးမကုန်မီ လုပ်ထား ရပါမည်။ မြစ်နှင့်နီးလျှင် မြစ်ရေကို ရေစုပ်စက်ဖြင့် တင်နိုင်ပါက ငွေကုန်ကျမည်ဖြစ် သော်လည်း စပါးအောင်ရေ မပြတ်သဖြင့် စပါးအထွက်မကျဆင်းနိုင်ပါ။
အပင်မယိုင်ရန် နည်းလမ်းများ
ရာသီစပါးအထွက်တိုးရေးတွင် သုတေသနပညာရှင်များစမ်းသပ်တွေ့ရှိ ထားသည်မှာ အကယ်၍ ရေမကျသဖြင့် ပျိုးသက်တစ်လနှင့် မစိုက်နိုင်ပါက ပျိုးသက်တစ်လခွဲသားအထိ စိုက်ခဲ့သည့်တိုင်အောင် စပါးတစ်နှံ၏ ရာခိုင် နှုန်းကျဆင်းမသွားနိုင်ဟု ဆိုပါသည်။ပျိုးသက် တစ်ခွဲထက် ကျော်သွားလျှင် ထွက်လာသော အနှံများ သည် အောင်စေ့ရာခိုင်နှုန်း လျော့နည်းပြီး အထွက် ကျဆင်းနိုင်ပါသည်။အကယ်၍ ပျိုးသက် တစ်လခွဲကျော် လျှင် ကောက်ကွက် နှင့် လက်ဆပိုစိပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ပျိုးသက် တစ်လခွဲ နှင့် စိုက်ပျိုးခြင်း သည် အောင်စေ့ရာခိုင်နှုန်းကိုမထိခိုက်နိုင်သည့်အပြင် စပါးပင်အရပ်ကို ပုသွားစေမည်ဖြစ်၍ အပင်ယိုင်လဲမှု သက်သာသည်ဟု ဆိုပါသည်။
အပင်မယိုင်လဲစေသော အခြားနည်းလမ်းတစ်ခုမှာ ကြဲခင်းစနစ်ဖြစ်ပါသည်။ ကြဲခင်းစနစ်နှင့် စိုက်ပျိုးမည်ဆိုပါက ထယ်စာခဲကြီးကြီးနှင့် မြေပြင်ထား သော လယ်ကွက်ထဲတွင် ကြဲပက် သင့်ပါသည်။ထိုသို့ ကြဲပက်လိုက်ခြင်းဖြင့် ထယ်စာခဲများအကြား ကျသွားသော မျိုးစေ့များမှ ပေါက်လာသော အပင် သည် အရပ်ပုလေ့ရှိပြီး အပင်မယိုင်လဲ နိုင်ကြောင်း သုတေသနပညာရှင် များမှာ စမ်းသပ်တွေ့ရှိသည်ဟုဆိုပါသည်။
ဓာတ်မြေသြဇာ မပျောက်ဆုံးအောင် ထည့်သွင်းနည်း
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဖြန့်ဝေထားသော စာစောင်တစ်စောင်တွင် အစိမ်းရောင်စဉ် (၇) မျိုးကို ဖော်ပြထား ပါသည်။ အဆိုပါရောင်စဉ် (၇) မျိုးနှင့် စပါးခင်းထဲမှ စပါးရွက်များကို တိုက်ဆိုင်ကြည့်ခြင်းဖြင့် အဆိုပါ စပါးခင်း သည် ပုလဲဓာတ်မြေသြဇာ လို/မလို ချက်ချင်းသိရှိနိုင် ပါသည်။ အကယ်၍ ပုလဲဓာတ်မြေသြဇာ လိုအပ်သဖြင့် ကြဲပက်မည်ဆိုပါက စာစောင် တွင်ပါသော စပါးပင်သက်တမ်းတစ်လျှောက် ထောက်ခံထားသော နှုန်းထား များအတိုင်း ကြဲပက်သွားရမည်ဖြစ်ပါသည်။
ပုလဲဓာတ်မြေသြဇာလိုအပ်၍ ကြဲပက်သည့်အခါတိုင်း မြေသြဇာ မပျောက် ဆုံးစေရန် တစ်သက်တာ လိုက်နာ သွားရမည့်နည်းလမ်းများမှာ ပုလဲဓာတ် မြေသြဇာသက်သက်မကြဲပက်ရန်ဖြစ်ပါသည်။ နွားချေးမှုန့် ၊ ဝက်ချေးမှုန့် ၊ ကြက်ချေးမှုန့် ၊ မြေဆွေးမှုန့် ၊ လချေး ကျောက်မှုန့်စသော သဘာဝမြေသြဇာ (၁-၂)တင်းနှင့် ပုလဲမြေသြဇာကို အနည်းဆုံး (၂) ရက်ခန့် ကြိုတင်ရောစပ် နှပ်ထားပြီးမှ ကြဲပက်ကြရန် အထူးလိုအပ်ပါသည်။ ပုလဲမြေသြဇာချည်း သက်သက် ကြဲမည်ဆိုပါက တစ်ပတ်ခန့်သာ စိမ်းနေသည်ကို တွေ့ရသည်။ သဘာဝမြေသြဇာနှင့် နှပ်ကြပြီးလျှင် (၁)လခန့်အထိ စပါးပင်စိမ်းနေသည် ကို တွေ့ရပါလိမ့်မည်။ ထိုကဲ့သို့ (၁) လခန့် စိမ်းနေခြင်းသည် ဓာတ်မြေ သြဇာမပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါသည်။
ပိုတက်ဓာတ်မြေသြဇာ ချို့တဲ့ခြင်း လက္ခဏာနှင့် ကုသခြင်း
အခြားတစ်ချက်မှာစပါးပင်များကို ကြည့်လိုက်လျှင် အလယ်မှ အညွှန့် အရွက်များစိမ်းနေသော် လည်း အောက် ပိုင်းစပါးအရွက် အရင့်များ ဝါနေ လျှင် ပိုတက်ခေါ် ပြာဓာတ်မြေသြဇာ လိုအပ်သည့် လက္ခဏြာ ဖစ်ပါသည်။ အဆို ပါလက္ခဏာတွေ့လျှင် အထက်ပါပုလဲ ဓာတ်မြေသြ ဇာနှင့် သဘာဝ မြေသြဇာရောစပ်နှပ်ထားသော အထဲတွင် ပိုတက်ဓာတ်မြေသြဇာ (၂-၃) ပြည်ထပ်မံရောစပ်၍နှပ်ပြီး ကြဲပက်ရပါမည်။ထိုသို့ကြဲပက်ပြီး တစ်ပတ်အ တွင်း အဝါရောင်များပျောက်သွားပါလိမ့်မည်။အကယ်၍ ပိုတက် ဓာတ်မြေ သြဇာ မသုံးလိုပါက စူပါဘိုင်အို ခေါ်သည့် ဓာတ် ပေါင်းဓာတ်မြေသြဇာ ဖျော်ရည်ကို သုံးလျှင်ရပါသည်။ အဆိုပါဓာတ်မြေသြဇာသည် ပိုတက်အပြင် အခြားအာ ဟာရများပါ ပါဝင်၍ ပိုပြီး စိတ်ချရပါသည်။
ရွက်ခြောက်ရောဂါလက္ခဏာနှင့် ကာကွယ်နည်း
ပိုတက်မြေသြဇာ ချို့တဲ့သဖြင့် ဝါခြင်းမျိုးမဟုတ်ဘဲ စပါးရွက် အနုအရင့်အား လုံးတွင် အဝါရောင် အစက်အ ပြောက်ကလေးများ တွေ့ရပါက စပါးဘက် တီးရီးယား ရွက်ခြောက်ရောဂါ ကျနေခြင်းဖြစ်ပါသည်။ ထိုအခါ ရေ (၁) ဂါလံ တွင် တက်ထရာဆိုက်ကလင်း ဆေးတောင့် (၂) တောင့်နှုန်းနှင့် ဖျော်စပ်၍ တစ်ဧကအတွက် ဆေး ရည်ဂါလံ (၂၀) ဖြန်းပေးလျှင်တစ်ပတ်အတွင်း ရောဂါပျောက်၍ စပါးရွက်များ ပြန်စိမ်းလာပါလိမ့်မည်။
The post ရာသီစပါး အထွက်တိုးစေရန် လိုက်နာရမည့်နည်းလမ်း (၅)ချက် appeared first on Myanmar Farmers' Portal.