မှိုမျှင်မဆင်းခြင်း
(က) မျိုးထုပ်တွင် ပါရှိသော မှိုမျိုးမသန်စွမ်းလျှင် ဤပြဿနာမျိုးတွေ့ရတတ်သည်။ မျိုးဆင့် ပွားကူးခြင်းကို သားဆက် (၃ – ၇) ကြိမ်အတွင်းသာကောင်းမွန်သည်။ သို့ဖြစ်၍ သန်စွမ်းေ သာမျိုးပါရှိသည့် မျိုးထုပ်ကို အသုံးပြုရမည်။
(ခ) ရိုးပြတ်သည် နေပူမိုးရွာဒဏ်ကို ခံရပြီးကြာရှည်သိုလှောင်ထားသဖြင့် အာဟာရဓာတ်များကို ပိုးမွှားများ၊ မှိုများစားသုံးမှုကြောင့် ကုန်ခန်းနေတတ်ပါသည်။ မှိုမျှင်မဆင်းနိုင်ပါ။ နှစ်ချင်း ရရိုးပြတ်များကို အသုံးပြုရပါမည်။
(ဂ) မှိုအကြိမ်ကြိမ် စိုက်ဖူးသော နေရာတွင် စိုက်ပျိုးသဖြင့် ပိုးမွှားရောဂါမျိုးစုံ ကျေ၇ာက်ပြီး ထွက်လာသော မှိုမျှင်များကို ဖျက်ဆီးပစ်တတ်ပါသည်။ ယခင်မှိုစိုက်ခဲ့သောနေရာတွင် ထပ်မံစိုက်ပျိုးမည်ဆိုပါက ကောက်ရိုးခြောက် ပါးပါးဖုံးပြီး မီးရှို့ပစ်ပြီးမှသာ နောက်တစ်ကြိမ် ထပ်မံ စိုက်ပျိုးရပါမည်။
(ဃ) ကောက်ရိုးပုံအတွင်း အပူချိန်နိမ့်ကျလွန်းပါကလည်း မှိုမျှင်မဆင်းနိုင်ပါ။ အပုံကို ပလတ်စတစ်ဖြင့်အုပ်ပေးခြင်း၊ ကောက်ရိုးထူထူဖုံး အုပ်ပေးခြင်း၊ စတင်စိုက်ပျိုးစဉ်က တစ်ပုံနှင့်တစ်ပုံ နီးနီးကပ်ကပ်စိုက်ပျိုးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
(၂) မှိုမျှင်ဆင်းသော်လည်း မှိုသန္ဓေခဲ မဖြစ်ပေါ်ခြင်း
(က) အာဟာရဓာတ် မပြည့်စုံ မလုံလောက်ခြင်း၊ သားဆက်များသော မျိုးထုပ်ကို အသုံးပြုခြင်း၊ သိပ်သည်းလွန်းခြင်း၊ အစိုဓာတ်များလွန်းခြင်းကြောင့် ဖြစ်တတ်ပါသည်။ ဆွဲနုတ်သော ရိုးပြတ် များတွင် မြေကြီးများစွာပါလာပါက ဤသို့ ပြဿနာများကြုံတွေ့တတ်ပါသည်။
မှိုစိုက်ပျိုးပြီး (၆ – ၇)ရက် အကြာတွင် အပုံ၏ အပေါ်မျက်နှာပြင်ကို လက်ထိုးသွင်းပေးခြင်းဖြင့် လေ၀င်လေထွက်ကောင်းစေပြီး အပုံချောင်သွားစေပါသည်။ ထို့အပြင် သားဆက်နည်းသော မျိုးထုပ်များကို သုံးစွဲရပါမည်။
(ခ) မှိုစိုက်တဲများဖြင့် စိုက်ပျိုးခြင်း ဖြစ်ပါက အလင်းရောင်မလုံလောက်ခြင်း၊ အပူချိန်မြင့် လွန်းခြင်းကြောင့် ဖြစ်နိုင်ပါသည်။
သို့ဖြစ်၍ အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်းစေရန် ပြုလုပ်ပေးရပါမည်။ မှိုစိုက်ပျိုးပြီး (၅ – ၆) ရက်အကြာတွင် တဲနံရံများကို ရေဖျန်းပေးသင့်ပါသည်။
(၃) မှိုစိုက်ပြီး ( ၃ – ၄) ရက်အကြာတွင် ဖြူဖွေးသော မှိုမျှင်များဖြင့် ပြည့်လာပြီး အဖြူရောင် အလုံးလေးများ ဖြစ်လာကာ (၂ -၃) ရက်အတွင်း ညိုမည်းရောင်သို့ ပြောင်းလာခြင်း
အထက်ဖော်ပြပါ မှိုမျှင်များမှ ရိုးပြတ်များအတွင်းမှ ပါလာသော စပါးရောဂါတစ်မျိုးကြောင့်ဖြစ် သည်။ ဆွဲနှုတ်ရိုးပြတ်အမျိုးအစားတွင် ပိုမိုကြုံတွေ့ရတတ်ပါသည်။ ဆွဲနှုတ် ရိုးပြတ်ကို သုံး သည့်အပြင် အစိုဓာတ်များလွန်းခြင်း၊ အပူရှန်ပြင်းလွန်းခြင်းများ အပုံအတွင်း ဖြစ်ပေါ်ပါက ပိုမိုဆိုးဝါးတတ်ပါသည်။
(၄) မှိုသန္ဓေခဲများ များပြားလွန်းခြင်း၊ အရွယ်အစားဆက်မကြီးခြင်း
(က) မှိုငုံအတွင်း အာဟာရဓာတ်နည်းလွန်းလျှင် ဖြစ်တတ်ပါသည်။
အထူးသဖြင့် နွားနင်းကောက်ရိုး၊ ရိုက်ထုံးများ၊ အစေ့ခြွေစက်ဖြင့် အစေ့ခြွေပြီး ရရှိလာသော ကောက်ရိုးများကို မသုံးမဖြစ် သုံးစွဲပေးရပါသည်။
(ခ) ရိုးပြတ်များကို ရေစိမ်စဉ်က ရေအစိမ်လွန်ပြီးအပုံကျစ်လစ်သိပ်သည်းလွန်းပါက မှိုပုံအတွင်း ပုပ်ရိနေတတ်ပါသည်။
သို့ဖြစ်ပါ၍ မှိုစိုက်မည့်ရိုးပြတ်များကို သင့်ရုံမျှသာ ရေစိမ်ရန် နှင့် အပုံကို ချောင်သွားရန် ပြုလုပ်ပေးရပါမည်။
(ဂ) ရိုးပြတ်များ အစိုဓာတ်နည်းလွန်းပြီး အပုံပွ၍ ချောင်နေပါကလည်း ဖြစ်တတ်ပါသည်။
သင့်တော်သည့် အတိုင်းအတာအတိုင်း ရေစိမ်ရန် နှင့် အပုံပုံစဉ် ရေလောင်း၍ စနစ်တကျ နင်းကာ ဖိသိပ်ပေးရန် လိုအပ်ပါသည်။
(၅) မှိုထွက်ကျဲခြင်း၊အပွင့်တစ်ပွင့်ခြင်းနေရာပျံ့ကျဲထွက်ခြင်း
အပုံပုံစဉ်က ကျစ်လစ်သိပ်သည်းလွန်း၍ ဖြစ်တတ်ပါသည်။ သို့ဖြစ်၍ အပုံကို လက်ဖြင့်ထိုး ၍ချောင်စေရပါမည်။
(၆) မှိုငုံသည် ပြောင်ချောအနေဘဲ စုတ်ဖွာနေခြင်း၊ မှိုငုံပေါ်တွင် မှိုတက်နေခြင်း
မှိုသန္ဓေခဲချိန်တွင် အပူချိန်မြင့်လွန်းပါက ဖြစ်တတ်ပါသည်။ ဖုံးအုပ်ထားသော ပလပ်စတစ်စကို အနည်းငယ်ဖွင့်ထားပေးရပါမည်။ အထူးသဖြင့် နွေရာသီတွင် စိုက်ပျိုးမည်ဆိုပါက ပိုမိုဂရုစိုက်ပြုလုပ်ပေးရပါမည်။
(၇) မှိုထွက်မည့် လက္ခဏာများတွေ့ရှိရသော်လည်း ဆက်လက်မဖွံ့ဖြိုးခြင်း
ရာသီဥတု အေးလွန်းခြင်း၊ နေ့နှင့်ည အပူချိန် ခြားနားချက် (၁၀) ဒီဂရီခန့်ရှိခြင်း၊ မှိုပုံခြောက်သွေ့လွန်းခြင်းကြောင့် ဖြစ်တတ်ပါသည်။
မှိုပုံကို ပလတ်စတစ်စဖြင့် လုံလုံခြုံခြုံဖုံးအုပ်ပေးခြင်း၊ မှိုစိုက်တဲဖြင့် စိုက်ပါက ညဘက်တွင် ရေနွေးငွေ့လွှတ်ပေးခြင်း၊ လိုသလောက် ရေဖျန်းပေခြင်း များ ပြုလုပ်ပေးသင့်ပါသည်။
မှိုငုံများငုပ်ခြင်း၊ အရောင်ညိုမည်းသွားခြင်း၊ အနံ့ဆိုးများထွက်ခြင်း
(က) မှိုသန္ဓေခဲများ ဖြစ်ပေါ်ချိန်တွင် ဘတ်တီးရီးယားရောဂါတစ် မျိုးကျရောက်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ဤသို့တွေ့ရှိရပါက ယင်းအပုံကိုရွှေ့ပြောင်း၍ မီးရှို့ဖျက်ဆီးသင့်ပါသည်။ အပုံ၏ နေရာမြေပြင်ကိုလည်း ကောက်ရိုးခြောက်ဖြင့်ဖုံး၍ မီးဂှို့ပစ်သင့်ပါသည်။
(ခ) မှိုခူးရာတွင် အနီးအနားမှ မှိုငုံများကို ထိခိုက်မိခြင်း၊ မှိုအစုအပြုံမှ မိမိလိုသော မှိုငုံကိုသာဖဲ့၍ ခူးယူခြင်းကြောင့် ဖြစ်တတ်ပါသည်။
(ဂ) တစ်နေရာတည်းတွင် မည်သည့်စီစဉ်မှုများ မပြုလုပ်ဘဲ အကြိမ်များစွာ ဆက်တိုက်စိုက်ပျိုးပါကလည်း ဖြစ်တက်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကြုံတွေ့ရတတ်သော ပြဿနာများ အပိုင်း (၁) appeared first on Myanmar Farmers' Portal.