(၉) မှိုငုံများပိန်ချိုင့်ခြင်း၊ အမျှင် အထွေးကဲ့သို့ဖြစ်နေခြင်း
(က) လေ၀င်လေထွက် မလုံလောက်ခြင်း၊ အပူရှိန်မြင့်လွန်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
(ခ) အသုံးပြုမျိုးထုပ်သည် သားဆက်များလွန်းသော အမျိုးအစားဖြစ်တတ်သည်။
(၁၀) မှိုငုံမည်းလွန်းခြင်း
မျိုးအလိုက် မည်းသော အမျိုးအစားရှိသော်လည်း အရောင်ဖျော့သော အမျိုးအစားသည် လိုအပ်သည်ထက် ပိုမည်းနေပါက အလင်းရောင် များလွန်းခြင်း၊ လေတိုက်ခံရခြင်းများကြောင့် ဖြစ်တတ်ပါသည်။
(၁၁) အစုအပြုံလိုက် မှိုထွက်ခြင်း၊ မှိုပွင့်သေးခြင်း
မျိုးရိုးဗီဇကြောင့် ဖြစ်တတ်သည်။ အရွက်ကြီးသော မျိုး ဖြစ်သော်လည်း စုပုံထွက်၍ အပွင့် ငယ်တတ်သည်။
(၁၂) မှိုငုံအလေးချိန် ပေါ့ခြင်း
(က) မျိုးအလိုက် ဖြစ်တတ်သည်။ အဖြူရောင်ရှိသော မှိုငုံသည် မီးခိုးရောင်၊ အမည်းရောင်ရှိသော မှိုများထက် အလေးချိန်ပေါ့တတ်ပါသည်။
(ခ) မှိုအပုံ ခြောက်သွေ့လွန်းပါကလည်း ဖြစ်တတ်ပါသည်။
(ဂ) လေမလုံလောင်ခြင်း၊ အထူးသဖြင့် မှိုငုံများ ထွက်စအချိန်တွင် ပလတ်စတစ်စကို အလုံအုပ်ထားမိပါက ဖြစ်တတ်သည်။
(၁၃)မှိုစောစောပွင့်ခြင်း
(က) လဲမှို့အူတိုင်၊ ချည်အလေအလွင့်ကဲ့သို့သော ဖြည့်စွက်စာကို များများအသုံးပြုမိပါက မှိုစောစောပွင့်တတ်သည်။
(ခ) အသုံးပြုသော မှိုများအနေဖြင့် အားနည်းပါကလည်း ဖြစ်တတ်ပါသည်။
(ဂ) အပူချိန်မြင့်လွန်းလျှင်လည်း ဖြစ်တတ်ပါသည်။
(၁၄) အပုံဘေးပတ်လည် မြေပေါ်တွင် မှိုထွက်ခြင်း
မှိုစိုက်ပျိုးသော မြေတွင် အာဟာရဓာတ်များခြင်း၊ အထူးသဖြင့် သဘာဝမြေသြဇာဓာတ်ထက်သန်ပါက မြေပြင်မှ မှိုထွက်လာတတ်သည်။
(၁၅) မှိုပုံပေါ်တွင် အဖြူရောင်မှိုမျှင်များ ဖုံအုပ်ခြင်း
အပုံဟောင်းများကြောင့် ရောဂါကူးစက်ခြင်း ဖြစ်သည်။ အပုံတစ်ပုံလုံးကို မှိုအမျှင်ဖြင့် ဖုံးအုပ်ခြင်း ဖြစ်နိုင်သည်။ ကောက်ရိုးမှိုပွင့်နေစဉ်ကာလတွင် ကျရောက်နေပါက မှိုပုံများ ရိပုပ်ပျက်စီးသွားသည်။
ယင်းရောဂါ ကျသော အပုံကို ဖယ်ရှားပစ်၍ မြေမြှုပ်ဖျက်ဆီးပါ။
(၁၆) မှိုပုံပေါ်တွင် မှိုငယ်များ ပေါက်ရောက်ခြင်း
မှိုစိုက်ပြီး (၇ – ၁၀) ရက်ကြာလျှင် မှိုပွင့်ငယ်လေးများ ပေါက်လာတတ်သည်။ ရိုးတန်ရှည်၍ မှိုထီးရွက်ငယ်သည်။ အရွယ်လွန်သွားပါက အမဲရောင်အရည်များ ထွက်၍ ရိပုပ်သွားသည်။
မှိုပွင့်ငယ်ထွက်ကာစနှုတ်ယူပစ်ပါ။ မနက် (၈ – ၉) နာရီခန့်တွင် မှိုပွင့်ငယ်များထွက်တတ်သည်။
ဤမှိုပွင့်ငယ်များထွက်ပြီး မကြာမီ ကောက်ရိုးမှိုများထွက်လာတော့မည် ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကြုံတွေ့ရတတ်သော ပြဿနာများ အပိုင်း (၂) appeared first on Myanmar Farmers' Portal.