အပင်ညှိုးခြင်းကိုဖြစ်စေသည့် အရင်းခံအကြောင်းတရား များစွာရှိေ သ်ာလည်း အခြေခံ အားဖြင့် အပင်ညှိုးခြင်း(Plant Wilting) ကိုယာယီညှိုးခြင်း( Temporary wilting ) နှင့်အဆုံး တိုင်ညှိုးခြင်း ( Permanent wilting ) ဟူ၍၂ မျိုး ခွဲခြားနိုင်သည်။မြေဆီလွှာ အတွင်း ရေ ပြတ်လပ်ပြီး စိုထိုင်းဆ လျော့နည်းသွားခြင်းကြောင့် ဖြစ်ပေါ် လာသည့်အပင်ညှိုးခြင်း လက္ခဏာ ကိုသာအသိများ၍အပင်ကိုညှိုးနွမ်း သွားစေသည့် အရင်းခံ အကြောင်းတရားများကို အတွေ့ အကြုံနု နယ်သော စိုက်ပျိုးရေးသမားများက သိရှိထားခြင်း မရှိကြပါ။
ဥပမာ – ရွှံစေးဆန်သော မြေဆီလွှာတွင် စိုက်ပျိုးထားသောအပင်၏ အမြစ်မွှာများသည်ဖြန့်ကျက် နိုင်အား အလွန်နည်းပြီး အော်ဂဲနစ် အဆွေးပစ္စည်းများ ပေါကြွယ်ဝနေသည့် နေရာတွင်ပေါက်ေ ရာက်ေ နေ သာ အပင်၏ အမြစ်မွှာများ ဖြန့်ကျက်နိုင်အားထက် များစွာ လျော့နည်းမည်မှာ အမှန် ပင်ဖြစ်သည်။ အမြစ်မွှာများ ဖြန့်ကျက်အား ကောင်းမွန်သော အပင်သည် ရေ နှင့် ဓာတ် ဆား များကို ကောင်းစွာ စုပ်ယူနိုင်သဖြင့် ပတ်ဝန်းကျင်ခြောက်သွေ့၍လေပူတိုက်ြ ခင်း ကို ခံရစေကာမူ အပင်ညှိုးခြင်းသည်ခေတ္တ ယာယီသာ ဖြစ်ပေါ်နိုင်သည်။
အပင်ညှိုးခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမျာ
၁။ မြေဆီလွှာ အတွင်းရှိ ရေ / စိုထိုင်းဆ
(Soil Water/Moisture)
အပင်များ ကြီးထွား ဖွံ့ဖြိုးရန် ရေသည် မရှိမဖြစ် လိုအပ်သည်။ အပင် ၏ ဇီဝ ကမ္မဆိုင်ရာ လုပ်ငန်း များတွင်အဓိက အခန်းကဏ္ဍမှ ပါဝင် လျက် ရှိသည်။ရေသည် အပင်အား ထောင်မတ်နေစေ ရန်တနည်း အားဖြင့် ပြန့်တင်းနေစေရန်ပြန့်တင်းအား( Turgor pressure )အတွက်အထူး ပင် လိုအပ်လှသည်။
အပင်တစ်ပင်၏ အစိတ်အပိုင်းအားလုံးကိုရေဖြင့် အများဆုံး ဖွဲ့စည်းထားပြီး ခန့် မှန်းခြေအားဖြင့် ရှင်သန်နေသော အပင်တွင်ရေ ၈၅ ရာခိုင်နှုန်း မှ ၉၅ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။ အပင်မျိုးစိတ်အလိုက် ရေပါဝင်မှုအချိုးအစား ကွာခြားနိုင်သည်။
ဥပမာ – ခရမ်းချဉ်သီး တစ်လုံးတွင် ပါဝင်နေသောရေ အချိုး အစားသည် ၉၅ ရာခိုင်နှုန်းခန့်ရှိသည် ။နွားနို့တွင်ပါဝ င်သော ရေပါဝင်မှု ရာခိုင်နှုန်းသည် ၈၇ ရာခိုင်နှုန်းခန့် သာ ရှိသောကြောင့်
နွားနို့ ထက်ပင် ခရမ်းချဉ်သီးက ရေပါဝင်နှုန်းများနေကြောင်း တွေ့ရသည်။ငှက်ပျောသီးတွင် ရေ ရ၅ ရာခိုင်နှုန်းခန့် ပါဝင်နေပြီးယုတ်စွအဆုံး ခြောက်သွေ့နေသောနေကြာစေ့လှော်၌ ပင် ရေ ၅ ရာခိုင်နှုန်းခန့် ပါဝင်နေသည်။
အပင်တို့သည် ယင်းတို့အတွက် လိုအပ်သောရေကို အပင် အစိတ်အပိုင်း အားလုံးမှရယူနိင်ကြေ သ်ာလည်း အဓိက ရယူသည့် အစိတ်ပိုင်းမှာ မြေဆီလွှာအတွင်းရှိအမြစ်များဖြစ်သည်။
အပင်များ ရေရယူသော မြေဆီလွှာသည်ခြောက်သွေ့နေသည်ရှိသော် ညှိုးနွမ်း၍သေနိုင် သည်။ ယေဘုယျအားဖြင့် အပင်များ ညှိုးနွမ်းနေခြင်းသည်မြေဆီလွှာ ခြောက်သွေ့၍ ရေလိုအပ်ေ နကြောင်းနိမိတ်ပြခြင်းဖြစ်သည်။
တခါတရံ ရာသီဥတု ပူပြင်းခြောက်သွေ့သောနေ့တွင် မွန်းလွဲပိုင်းအချိန်၌ အပင်တို့သည်
အရွက် များ ငိုက်ကျလျက် ညှိုးရော်နေသည်ကိုတွေ့ဖူးကြလိမ့်မည်။
အကယ်၍ ၎င်း အပင်တို့ ပေါက်ရောက်ရာမြေတွင်ရေ( အစိုဓာတ် )အတော်သင့်ရှိနေပါက
ညနေစောင်း အချိန်တွင် ညှိုးရော်နေသောအရွက်များသည် ပြန်လည်လန်းဆန်းလာကြသည်။
အပင်သည် နံနက်ပိုင်းအချိန်တွင် ညှိုးနွမ်းနေပြီး ညနေပိုင်း အပူချိန်လျော့နည်းသွားချိန်တွင်
ပြန်လည်လန်းဆန်းလာခြင်းအား ယာယီညှိုးခြင်း(Temporary wilting)ဟု ခေါ်သည်။
အပင်၏ ရေစုပ်ခြင်းနှုန်းထက် ပင်ငွေ့ပြန်ခြင်း( Transpiration ) နှုန်းကခေတ္တမျှလွန်သွားပါက ယာယီညှိုးခြင်းဖြစ်ပေါ် နိုင်သည်။
ယာယီညှိုးခြင်းသည် အရွက်များတွင်ရေပျောက်ဆုံးလျော့ နည်းမှုများ၍အရွက်ရှိ ရေထုထည် သည် နဂိုရှိသည်ထက်လျော့နည်းသွားသောအခါ အရွက်ပြန့်တင်းအား လျော့ကျသွားပြီး အရွက်များ ညှိုးကျသွားခြင်းဖြစ်သည်။
တချို့သော အပင်များသည် အပူချိန်မြင့်မားပြီးမြေဆီလွှာအတွင်းရှိ ရေ အစိုဓာတ် အလွံအကျွံ
လျော့နည်းနေချိန်တွင် ညှိုးကျခြင်း ဖြစ်နေသော အပင်ကို မည်မျှပင် ရေလောင်းစေကာမူ
ပြန်လည်လန်းဆန်း မလာတော့ဘဲ ညှိုးကျခြင်းသည် အဆုံးတိုင်ညှိုးခြင်း( Permanent wilting )
ဖြစ်သည်။
အပင်၏ သက်ရှိအပိုင်းများတွင် ပါဝင်ဆောင်ရွက်ရသော ရေသည် ပျောက်ဆုံးသွားပြီး
ဖြစ်သဖြင့် အပင်အတွင်း၌ ရေမရှိတော့ဘဲခေတ္တသာမဟုတ် အစဉ်ညှိုးနွမ်းရသည်ဖြစ်၍
နောက်ဆုံးတွင် အပင်သေသွားသည်။
မြေဆီလွှာအတွင်း အပင်တို့အတွက် လိုအပ်သည့်လုံလောက်သော အစိုဓာတ် မရှိသည့်အခါ
အပင်သည် ညှိုးကျစေသကဲ့သို့ စိုစွတ်နေသောမြေဆီလွှာတွင်လည်း အပင်ညှိုးနွမ်းခြင်း
ဖြစ်ပေါ် နိုင်သည်။အကြောင်းမှာ ကွန်တိန်နာအတွင်း စိုက်ပျိုးသောအပင်များတွင် ရေထွက်ပေါက် မလုံလောက်သည့်အခြေအနေတွင်ဖြစ်စေ၊ မြေသားဖွဲ့စည်းပုံ အလွန်စေးသော ရွှံ့ စေးမြေတွင် စိုက်ပျိုးသောအပင်များတွင်ဖြစ်စေ၊ မိုးရွာသွန်းမှုများပြီးရေဝပ်သည့်အခါ အပင်သည် ညှိုးကျသွားခြင်း
ဖြစ်ပေါ် နိုင်သည်။
ထိုကဲ့သို့ ဖြစ်ခြင်းသည် မြေဆီလွှာအတွင်း ရေပါဝင်မှုများပြားပြီး အမြစ်များ ရေနစ်၍ အောက်ဆီဂျင် လုံလောက်မှုမရှိတော့ဘဲ အပင်သည် ညှိုးနွမ်းသွားခြင်းဖြစ်သည်။ အပင်သည် အချိန်ကြာမြင့်စွာ ရေဝပ်ဒဏ်ခံရပါက သေဆုံးသည်အထိ ဖြစ်နိုင်ပြီး များသောအားဖြင့် စိုက်ခင်း များထက် ကွန်တိန်နာအတွင်း စိုက်ပျိုး သော အပင်များတွင် အများဆုံးတွေ့ရသည်။
၂။ အပူချိန်မြင့်မားခြင်း( High Temperatures )
ပူပြင်းခြောက်သွေ့သောနေ့တွင် အပင်အား ဂရုမစိုက်မိပါက ပို၍မြန်ဆန်စွာ ညှိုးနွမ်းလေ့ရှိပြီး ယင်းအခြေအနေတွင်လေပူထပ်တိုက်ခံရပါက ညှိုးနွမ်းခြင်းသည် အဆုံးထိတိုင် ဖြစ်ပေါ် စေနိုင်သည်။
ညှိုးနွမ်းခြင်းသည် အပူချိန်မြင့်သော မွန်းတဲ့ချိန် သို့မဟုတ် မွန်းလွဲချိန် ဝန်းကျင်တွင်
ဖြစ်ပွားလေ့ရှိသည်။
ညှိုးနွမ်းနေသောအပင်သည် အပူချိန် လျောကျသွားသည့် ညနေအချိန် သို့မဟုတ်နောက်တစ်နေ့ နံနက်ပိုင်းတွင် နလန်ထူလာပြီး ပြန်လည်လန်းဆန်းလာနိုင်သည်။ ထိုကဲ့သို့ ပုံစံမျိုးအား ရွှေဖယုံပင်များ(Pumpkins) သခွားမွှေးပင်များ(Squashes)နှင့်အခြား နွယ်တက်ပင်များ(Vining crops)တွင် အများဆုံး တွေ့ရလေ့ရှိ၍ ပန်းပင်များ၊ ဟင်းသီးဟင်းရွက်ပင်များနှင့် အပင်များစွာတို့တွင်
ဖြစ်ပေါ် နိုင်သည်။
၃။ အလင်းရောင်( Light/Sunlight )
အပင်များသည် နွေရာသီ နေရောင်အောက်တွင်ညှိုးနွမ်းလေ့ရှိသည်။ နွေရာသီကာလ နေ့လည်ခင်းအချိန် ခြောက်သွေ့နေစဉ်အရွက်များသည် မီးလောင်ထားသကဲ့သို့ ညှိုးနွမ်းနေတက်သည်။ သို့သော် အမြဲတမ်းတော့မဟုတ်ချေ။နေရောင်ခြည်အောက် တိုက်ရိုက်ကျရောက်နေသောအပင်များကို အရိပ်ဖန်တီးပေးခြင်း၊ ကွန်တိန်နာအတွင်း
စိုက်ပျိုးသော အပင်များကို အရိပ်အောက် ပြောင်းရွှေ့ပေးခြင်းဖြင့် နေရောင်ခြည်ကြောင့်
ညှိုးနွမ်းသည့် ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် အပင်တို့သည် အစာချက်လုပ်ရန်
နေရောင်ခြည်လိုအပ်သောကြောင့် အမြဲတစေ အရိပ်အောက်တွင် ရှိမနေသင့်ချေ။ နေရောင်ခြည်ကြိုက်နှစ်သက်သော အပင်တို့ကို အရိပ်အောက်တွင် ရက်ကြာရှည်စွာ
ပြောင်းရွှေ့ထားပါက ဒေါင်လိုက် ရှည်လျားသွားပြီး ပျော့ခွေသွားနိုင်သည်။
၎။ မြေဆီလွှာ အာဟာရ( Soil Fertility )
တခါတရံတွင် မိမိတို့စိုက်ပျိုးထားသော အပင်များကို ကောင်းမွန်စွာ သန်စွမ်းစေလို၍ မြေသြဇာများကို အပင်လိုအပ်သော ပမာဏထက် ကျော်လွန်ကာ အလွန်အကျွံအသုံးပြုကြသည်။ အသုံးပြုသည့် မြေသြဇာ ပမာဏသည် လွန်သွားခဲ့သော် အပင်ကို ညှိုးနွမ်းစေနိုင်သည်။
အထူးသဖြင့် မြေချစိုက်သော အပင်များထက်အိုး၊ ခွက်များအတွင်း စိုက်ပျိုးသောအပင်များတွင် အတွေ့ရများသည်။ မြေဆီလွှာအတွင်းရှိ မြေပျော်ဝင်ရည်ထဲတွင် ဓာတ်ဆားပြင်းအားသည် အနည်းငယ်သာရှိခြင်းကြောင့် အမြစ်မွှာများ၏ ရေ ရယူခြင်းလုပ်ငန်းအား ထိခိုက်မှု သိပ်မရှိပါ။
ဆားပေါက်မြေ (သို့) ဓာတ်ဆားပါဝင်မှုများသောမြေတွင် မြေပျော်ဝင်ရည်ထဲ၌ ပျော်ဝင်နေသည့်
ဓာတ်ဆားပြင်းအားသည် များနေသောကြောင့် အပင်တွင်းမှ ရေများသည် အမြစ်မှတဆင့်
တဖက်သတ်စိမ့်ခြင်း( Osmosis ) နည်းဖြင့် ဖာသာအလျောက် စိမ့်ထွက်တက်သည်။
ထိုအခါ အပင်အတွင်း ရေ ဓာတ်လျော့နည်းပြီး အပင်ညှိုးခြင်းကို ဖြစ်ပေါ် စေနိုင်သည်။
ဤကဲ့သို့သော အဖြစ်မျိုးကို ဓာတ်မြေသြဇာ ပိုလျှံစွာ ကျွေးထားသော စိုက်ပျိုးပင်တို့တွင်
တွေ့နိုင်သည်။
၅။ အပင် ရောဂါ( Plant Disease )
အပင်ရောဂါများကြောင့် အပင်တို့အား ညှိုးနွမ်းခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
ငရုတ်၊ ခရမ်းချဉ်၊ ဗူး၊ ဖယုံ အစရှိသည့် အပင်များတွင် ကျရောက်တက်သော
ဖြူဆာရီယမ် ပင်ညှိုးရောဂါ ( Fusarium wilt disease ) သည် စိမ်းလန်းနေသော လက်ခံပင်တွင်
ဖြစ်ဖြစ်ခြင်း အပင်၏ အပေါ် ပိုင်းအရွက်များ စတင်ညှိုးနွမ်းသွားပြီး ရက်အနည်းငယ်အတွင်း
တစ်ပင်လုံး ညှိုးနွမ်းသွားသည်။ ၎င်းရောဂါသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်
အပင်များကို အစုလိုက်အပြုံလိုက် ညှိုးကျသွားစေသည်။
ဖြူဆာရီယမ် ပင်ညှိုးရောဂါသည် လက်ခံပင်ကိုသေစေတက်သော မြေဆောင်မှိုရောဂါတစ်မျိုး
ဖြစ်သည်။ ဖြူဆာရီယမ် ပင်ညှိုးရောဂါ ကဲ့သို့ပင် အခြားသော ပင်ညှိုးရောဂါများဖြစ်သည့်
ဗာတီစီလီယမ် ပင်ညှိုးရောဂါ( Verticillium wilt disease )၊ဘက်တီးရီးယား ပင်ညှိုးရောဂါ
( Bacterial wilt disease )၊ ဝဲလ်နက် ပင်ညှိုးရောဂါ( Walnut wilt disease )၊စီလီယိုတီယမ် ပင်ညှိုးရောဂါ( Selerotium wilt disease )၊ အစရှိသည့် ပင်ညှိုးရောဂါများသည်ရောဂါကြောင့်ဖြစ်သော အပင်ညှိုးခြင်းများဖြစ်သည်။
#Nyan Myint
#Pissaya_Info
The post အပင်ညှိုးခြင်း( Plant Wilting ) appeared first on Myanmar Farmers' Portal.