Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles

⁠အော်ဂဲနစ်ေ⁠မြ⁠သြဇာများ (Organic Fertilizers)

$
0
0

ကမ္ဘာ့စားသုံးသူများ တစ်နေ့တခြားတိုးမြှင့်တောင်းဆိုနေသော အော်ဂဲနစ်သီးနှံများ ထုတ်လုပ် ရန်အ တွက် မရှိမဖြစ်လိုအပ်သည်မှာ အော်ဂဲနစ်မြေသြဇာဖြစ်သည်။

ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း ဓာတ်မြေသြဇာများကဲ့သို့ သီးနှံအထွက်တိုးစေရန် ကြိုးစားေ ဖ်ာထုပ်ပေးနေကြ၏။ “အော်ဂဲနစ်စိုက်ပျိုးရေးဟာ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမယ့် ဓာတ်မြေသြဇာကဲ့သို့ သီးနှံအထွက်နှုန်း မကောင်းဘူး”ဆိုတဲ့ အယူအဆတွေကို စိုက်ပျိုးရေး သိပ္ပံပညာ ရှင်များ၏ သုတေသန စမ်းသပ်တွေ့ရှိချက်များက ပြောင်းလဲသွားစေပေလိမ့်မည်။

မြေဆီလွှာတွင် မြေဆီလွှာအဏုဇီဝပိုးများ (Soil microbes) သန်းပေါင်းများစွာရှိသည်။ ၄င်း တို့က သီးနှံများ ရှင်သန်ကြီးထွားရေး နှင့် အထွက်နှုန်းတိုးတက်ရေးအတွက် ဆောင် ရွက်ပေးကြ၏။ ထို့ကြောင့် ဓာတ်မြေသြဇာမထည့်ပေမဲ့ အဏုဇီဝပိုးများ (Soil microbes) များစွာရှိလျှင် ပူစေရာမလို။ အဏုဇီဝပိုးများသည် သီးနှံပင်အကြွင်းအကျန်များ (အရွက်၊ အကိုင်း၊ ပင်စည်အစိတ်အပိုင်း(wood chips) (biomass) နှင့် တိရစ္ဆာန်အညစ်အကြေးများ နှင့် အကြွင်းအကျန်များကို ဆွေးမြေ့ စေသည်။

မြေဆီလွှာရှိ အဏုဇီဝပိုးများစွာအနက် အဓိကဆွေးမြေ့ စေသော ပိုးများ (the key decomposer organisms) မှာ –

(၁) ဘတ်တီးရီးယား (Aerobic bacteria) – မြေဆွေးပုံကို မြေဆွေးဖြစ်အောင်လုပ်ပေး၏။

(၂) မှို (Fungi) – မြေဆွေးပြုလုပ်ပေး၏။ (decompose complex carbon compounds chitin and cellulose)

(၃) အက်တီနိုမိုင်ဆီစ် (Actinomycetes) – မှိုကဲ့သို့ မြေဆွေးပုံကို မြေဆွေးဖြစ်အောင် လုပ်ပေး၏။

(၄) မက္ကရိုအော်ဂနစ်စင် (Macro organism) Earthworms – နီမတုတ်များ၊ mold mites , wolf spider, springtail  sow bugs, ground beetles စသည်တို့ဖြစ်သည်။

မြေဆီလွှာတွင် ၄င်းတို့တည်နေပုံ၊ လုပ်ဆောင်ချက်များကို အောက်တွင် တင်ပြထား၏။

ထို့ကြောင့် မြေဆီလွှာကို နွားချေး၊ ကြက်ချေး၊ မြေဆွေးကျွေးပါ။ မြေဆီလွှာက အပင်ကို ရှင်သန်ကြီးထွားရန် နှင့် အထွက်နှုန်းကောင်းရန် အစာကျွေးပါလိမ့်မည်။

မြေဆီလွှာတွင် သန်းပေါင်းများစွာသော အဏုဇီဝပိုးများ မှီတင်းနေထိုင်ကြ၏။

အဏုဇီဝပိုးများသည် မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံကောင်းအောင် ပြုလုပ်ပေး၏။ ဓာတ်မြေသြဇာက ထိုသို့ မပြုလုပ်ပေးနိုင်။

ထို့ကြောင့်ဥယျာဉ်ခြံစိုက်ပျိုးသူများသည် အော်ဂဲနစ် မြေသြဇာများကို ခြံထဲတွင် မိမိတို့ ကိုယ် တိုင်ပြုလုပ်၍ မြေသြဇာကျွေးပါ။ မြေသြဇာကျွေးရာတွင် လယ်ယာသီးနှံများ (စပါး၊ ပဲ၊ ပြောင်း) တို့ကို တစ်နှစ်လျှင် အနည်းဆုံး တစ်ဧက (၅) တန်၊ မြေညံ့လျှင် ပိုကျွေးပါ။ ဥယျာဉ်ခြံသီးနှံ (ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်းမန်) များတွင် တစ်နှစ်တစ်ဧက (၁၀ -၁၂) တန်ထိ ကျွေးရ၏။ ရွက်ဖျန်းမြေသြဇာကို (၃ – ၄) ပါတ် တစ်ကြိမ် ကျွေးပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ⁠အော်ဂဲနစ်⁠ေ⁠ျမ⁠ၾသဇာမ်ား (Organic Fertilizers) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>