Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

တီကျစ်စာေ⁠မြ⁠ဆွေး ဘယ်⁠လောက်⁠ကြာမှ ရမလဲ

$
0
0

တီကောင်များ စတင်မွေးပြီး သုံးလခန့်အကြာတွင် အညိုရောင် တီကျစ်စာ  မြေဆွေးများ စတင် ရရှိမည် ဖြစ်ပါသည်။ မြေဆွေးမှ မထုတ်ယူမီ မြေဆွေး နှင့်အတူ တီကောင်များ ရောပါမလာေ စရန် နှစ်ရက်သုံး ရက် ကြို၍ ရေဖြတ်ပေးပါ။ အပေါ်လွှာခြောက်သွား၍ တီကောင်များ အစို ဓာတ်ရှိရာ ကန်အောက်ခြေသို့ ဆင်းသွားချိန်ကျမှ အပေါ်ယံမှ မြေဆွေးများ ကျုံးယူပြီးနောက် အသင့်ပြင်ထားသော တီစာများ ပြန်လည်ထည့်ပေးပါ။

လစဉ်တီကျစ်စာမြေဆွေး (Vermicompost) တစ်တန် နှင့် တီကျစ်စာ အရည် (Vermitea) ၁၂ ဂါလံရရှိမည် ဖြစ်ပါသည်။ တီကျစ်စာ အရည်သည် ရွက်ဖျန်းမြေသြဇာ (Foilar Fertilizer) အဖြစ် အသုံး ပြုပါက လွန်စွာအကျိုးများပါသည်။ တီမွေးမြူခြင်းမှ အပို တီကျစ်စာအရည် ရရှိခြင်း သည် ပုဇွန်၊ ငါးများကို ငါးပိပြုလုပ်သောအခါ ဘေးထွက်ပစ္စည်းအဖိုးတန် ငံပြာရည်ရသကဲ့သို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ရရှိခြင်း ဖြစ်ပါသည်။ သတိပြုရန်မှာ တီမွေးမြူသည့်ကန်အတွင်း ရေမ၀င်ရန် ၊ ပုရွက်ဆိတ်၊ ခြ၊ ကြွက်၊ ဖားပြုတ်၊ ပုတ်သင်တို့ရန်မှ ကာကွယ်ပေးရပါမည်။ ကန် ပတ်လည်တွင် အုတ်ရေမြောင်းလုပ်၍ေ၇ထည့်ထားခြင်း၊ ထုံးများဖြူးထားပေးပါက ပိုကောင်း ပါသည်။

ဖော်ပြပါ အုတ်ကန်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများအနေနှင့် မွေးမြူရန်မှာ ကျန်ရှိသည့် နည်းငါးနည်းဖြင့် မွေးမြူနိုင်ပါသည်။ ထည့်သွင်းရမည့် တီကောင်အစာများ အချိုးကျ ထည့်ပေြး ခင်းဖြင့် တီကို တစ်ကုဗပေလျှင် အကောင် (၄၀ ) မှ (၅၀) နှုန်းဖြင့် တွက်ချက်၍ ထည့်ပေးခြင်းဖြင့် ပြုစုစောင့်ရှောက်သည့် လုပ်ငန်းမှာ အတူတူပင် ဖြစ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post တီကျစ်စာေ⁠မြ⁠ဆွေး ဘယ်⁠လောက်⁠ကြာမှ ရမလဲ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>