Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles

အီးအမ္ဘိုကာရွီ (EM Bokashi) ဘာအက်ိဳးရွိသလဲ

$
0
0

၁။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ နှင့် ဇီဝဂုဏ်သတ္တိ တိုးတက်ကောင်းမွန်ပြီး မြေ၏ ဖွဲ့စည်းမှု (Soil Structure) မြေဆီလွှာ ပိုမိုကောင်းမွန်အောင် လုပ်ပေးပါသည်။ (Soil Builder) မြေဆီလွှာရေထိန်းသိမ်းအားကောင်းခြင်း၊ ရေတွင်စီးဆင်းပါသွားခြင်း (Soil Erosion) ကို ထိန်းပေးပါသည်။

၂။ မြေဆီလွှာတွင်းရှိ အကျိုးပြုအဏုဇီဝများ (Effective Microes) များပွားများလာခြင်း။

၃။သီးနှံအရည်အသွေးမြင့်မားခြင်း။

၎။ အထွက်နှုန်းကောင်းခြင်း၊ အသီး၊ အပွင့် ကြီးထွားခြင်း။

၅။ ပိုးမွှားရောဂါဒဏ် ကာကွယ်ပေးခြင်း နှင့် ခံနိုင်ရည်ရှိခြင်း။

၆။ မျိုးစေ့ကို အသင့်သုံးအီးအမ်ဖျော်ရည် တစ်ဆ၊ ရေအဆ ၂၀၀ ဖြင့်ရော၍ ၂၄ နာရီ စိမ်ပေးပြီး (Seed treatment) လုပ်ပေးပါ။ အပင်ပေါက်ကောင်း၍ ရောဂါကျရောက်မှုကို ကာကွယ်ပေးပါသည်။

မြေဆီလွှာ အတွင်းရှိ သီးနှံအကျိုးပြု အဏုဇီဝမျိုးစိတ်ပေါင်း (၈၀) ကျော်ကို အဆင့်မြင့်နည်းပညာ (High Technology)  ဖြင့် စနစ်တကျ စုပေါင်းမွေးမြူ ဖော်စပ်ထားခြင်းဖြစ်၏။၎င်းတို့အနက် အဓိကပါဝင်ပေါင်းစပ်ထားသော အဏုဇီဝများမှာ –

၁။ လက်တစ်အက်စစ်ဘတ်တီးရီးယား

၂။ ဖိုတိုဆင်းသတ်တစ်ဘတ်တီးရီးယား

၃။အက်တီနိုမိုက်စီ ဘက်တီးရီးယား

၎။ တဆေးမှိုများ

၅။ ကောက်ရိုး၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက် စသည့် အပင်အကြွင်းအကျန်များ နှင့် မြေဆွေးပုံပြုလုပ်ရာတွင် အလျှင်အမြန်ဆွေးမြေ့စေသည့် မှို များ ပါဝင်ကြ၏။ အော်ဂဲနစ်စိုက်ပျိုးရေးတွင် မရှိမဖြစ်မှိုလို့ ဆိုရပေမည်။

စိုက်ပျိုးရေးဦးစီးဌာန

The post အီးအမ္ဘိုကာရွီ (EM Bokashi) ဘာအက်ိဳးရွိသလဲ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>