Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles

ထမင်းအ⁠ေ⁠ျခခံ ဇီ၀⁠ေ⁠ျမ⁠ၾသဇာ (Rice based bio-fertilizer)

$
0
0

ပါဝင်သော အော်ဂဲနစ်စိုက်ပျိုးရေးတွင် အလွယ်တကူ ထုတ်လုပ်သုံးစွဲသော အစွမ်းထက်သည့် မြေသြဇာဖြစ်သည်။

အစ္စည်းများ-

၁။ ဆန် နို့ဆီဘူး တစ်လုံးချက် ထမင်း

၂။ ဖွဲနုတစ်ပြည်

၃။ ငှက်ပျောသီးမှည့် (၆)လုံး

၎။ တင်လဲရည် (သို့) ထန်းလျက် (၅) ကျပ်သား

၅။ ရေ (၆) ဂါလံ တို့ ဖြစ်သည်။

ပါဝင်သော ပစ္စည်အချိုး နမူနာသာ ဖြစ်သည်။ ဖျော်စပ်ရာတွင် အနည်း၊ အများ လိုချင်သည့် ပမာဏအတိုင်း ၄င်းအချိုးအတိုင်း ပြောင်းလဲ ဖျော်စပ်သုံးပါ။

ပထမ ဆန် နို့ဆီတစ်ဘူးချက် ထမင်းချက် အအေးခံပြီ (၃) ရက်ထားပါ။ ထမင်းသိုးမည်။ သိုးရခြင်းမှာ သဘာဝအဏုဇီဝပိုးများ ၀င်လာခြင်းကြောင့် ဖြစ်၏။

ထမင်းသိုးများကို ရေ (၇ – ၈) ဂါလံဆံ့ ပလတ်စတစ်ပုံး (သို့) စဥ့်အိုးထဲသို့ ထည့်ပြီး ထည့်ရမည့်ပစ္စည်းများ အချိုးအတိုင်း ရေ (၆)ဂါလံ၊ ဖွဲနုတပြည်၊ ငှက်ပျောသီး (၆) လုံး၊ တင်လဲရည် (သို့) ထန်းလျက် (၅) ကျပ်သားတို့ကို ထည့်ပါ။ အပေါ်မှ ပိတ်ပါးစ နှင့် ဖုံးထားရသည်။

နေ့စဉ် နံနက် / ညနေ (၂) ကြိမ်မွှေပေးပါ။

(၃) ရက်ပြည့်လျှင် စတင် အသုံးပြုနိုင်ပါသည်။

အသုံးပြုရာတွင် အပင်ဖျန်းသည့်အခါ အောက်ပါအတိုင်း

၁။ ထမင်းအခြေခံ ဇီဝဖျော်ရည်                         ၁ – ဆ

၂။ ဖွဲနု                                                              ၂ – ဆ

၃။ စက်ဖွဲပြာ                                                     ၃ – ဆ

၎။ နွားချေး (ကြက်ချေး၊ တီကျစ်စာ)                   ၄ – ဆ

(ရနိုင်သည့် တစ်မျိုးသာထည့်ရန်)

တို့သမအောင်ရောစပ်ပြီး ရေပန်းခရားဖြင့် ဖျန်းပေးပါ။ အကယ်၍ ပြစ်နေပါက ရေထပ်ရော သမအောင်ထပ်မွှေပေးပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ထမင်းအ⁠ေ⁠ျခခံ ဇီ၀⁠ေ⁠ျမ⁠ၾသဇာ (Rice based bio-fertilizer) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>