မျိုးရင်း။ ။ Araceao
အခေါ်အဝေါ်။ ။ (က) မြန်မာအမည်
ဝဥ
(ခ) အင်္ဂလိပ်အမည်
Elephant foot,
Telinga potato
လူ့ကိုယ်ခန္ဓာအတွက် မလိုအပ်သောအဆီကို ပယ်နိုင်ပြီး ကိုယ်ရေစစ်၍ အသားအရေကို လှပစေသည်။
ရုက္ခဗေဒအမည်
Amorphophallus မျိုးစုတွင် မျိုးစိတ်များစွာ ပါဝင်ပါသည်။ ယင်းတို့အနက် မြန်မာနိုင်ငံတွင် ပေါက်ရောက်သော မျိုးရင်းနှင့် ဒေသတို့ကို ဖော်ပြရလျှင်
(၁) Amorphophallus Conjak သည် မေမြို့နှင့် ရှမ်းပြည်မြောက်ပိုင်း။
(၂) Amorphophallus Campanulatus သည် ရှမ်းပြည်တောင်ပိုင်၊ အောင်မြန်မာပြည်။
(၃) Amorphophallus Burmalcus သည် ကရင်ပြည်နယ် တောင်ပိုင်းဒေသ။
(၄) Amorphophallus Oncophyllum သည် ကရင်ပြည်နယ်။
(၅) Amorphophallus Karamsis သည် မြစ်ကြီးနား၊ ကသာ။
(၆) Amorphophallus Cholonospathus သည် သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ် ၀ှမ်းဒေသ။
(၇) Amorphophallus Bulbifer သည် မြစ်ကြီးနား၊ ကသာ။
(၈) Amorphophallus Purpuracsens သည် ပဲခူး၊ သာယာဝတီ၊ မော်လမြိုင်တွင် ပေါက်ရောက်ကြပါသည်။
အပင်။ ။ ၀ဥပင်သည် နှစ်ရှည်ခံပင်ပျော့ပင်မျိုးဖြစ်သည်။ သစ်ရိပ်၊ ၀ါးရိပ်အောက် အရိပ် အာဝါသကောင်းသော သစ်တောမြေပွ၊ အစိုဓါတ် ကောင်းသောနေရာတွင် သဘာဝအေ လျာက်ေ ပါက်ရောက်ပါသည်။ မိုးရာသီတွင် မြေပေါ်ပင်ပိုင်းထွက်ပေါ်ပြီး ဆောင်းအခါ အပင်ကျ သွားပါသည်။ အပင်မှာ (၂)ပေမှ (၄)ပေခန့်သာ မြင့်ပါသည်။
အရွက်။ ။ ပင်စည်ရင်းမှ ထွက်ပေါ်ပြီး ငှက်မွေးရွက်ဖြစ်သည်။ ရွက်တံရှည်သည်။ အလျား (၁)ပေမှ (၃)ပေခန့်ထိ ရှိသည်။ ရွက်မွှာများ အပင်ထိပ်ဘက်တွင် နှစ်ဆင့်စီကွဲပြီး ရွက်ရင်းနား အထိ ဟိုက်သည်။ ရွက်မွှာ (၄-၅)ခုစီပါရှိပြီး ရွက်ထိပ်ပိုင်းချွန်သည်။ ရွက်ညှာတံမှာ မျိုး ကိုလိုက်၍ အစိမ်းရောင်၊ အစိမ်းအဖြူကြား၊ ပန်းခရမ်းရောင် စသည်ဖြင့် တွေ့ရတတ်သည်။ ရွက်မွှာကွဲစနေရာတွင် မျိုးပွားနိုင်သော ဥငယ်ကလေးများဖြစ်ပေါ်၏။
အပွင့်။ ။ ပင်သက် (၄-၅)နှစ်ကြာမှသာ ပွင့်ပြီး ပင်သက်ကုန်ဆုံးသည်။ ပိန်းပွင့်ကဲ့သို့ ပွင့်ပြီး ပွင့်ခံရွက်အုံမှာ ကြီးမား၍ (၁.၅) ပေမှ (၂)ပေ ခန့်အထိကျယ်ပြီး (၁ ၃/၄) ပေခန့် ရှည်သည်။ အနားလှိုင်းတွန့်ကဲ့သို့ ဖြစ်နေပြီး နီညိုရောင်ဖြစ်သည်။ အလယ်ပိုင်းတွင် အဖြူစက်နှောသော မီးခိုရောင်ဖြစ်ပေါ်ပြီး ကတော့ပုံအရင်းပိုင်းတွင် ခရမ်းရောင်ဖြစ်သည်။ အနံ့ပြင်းပြီး အပွင့်များသေးငယ်သည်။ အဖို၊ အမ သီးသန့်ပွင့်ကြသည်။ ပန်းခိုင်မှာ (၁)ပေ နီးပါးရှည်သည်။
အသီး။ ။ ပန်းခိုင်ရိုးတံပေါ်တွင် စီတန်း၍ ပြောင်းဖူးကဲ့သို့ သီးသည်။ နုစဉ်အစိမ်းေ ရာင်ဖြစ်ပြီး ရင့်မှည့်လျှင် လိမ္မော်ရောင် ပြောင်း သွားသည်။
အစေ့။ ။ ရင့်မှည့်သော အသီးမှ အစေ့တို့ ကြွေကျပြီး အပင်ပေါက်နိုင်ပါသည်။
ဝဥ (corm)။ ။ မြေအောက်စားသုံးသည့် ပင်စည် သိုလှောင်ပိုင်းဖြစ်သည်။ မိုးရာသီတွင်ပင်မဥမှ မြေပေါ်ပိုင်းအရွက် ထွက်ပေါ် လာပြီး ဥသေးငယ်နေကာ ဆောင်းအခါ မြေပေါ်ပင်စည်ကျသွားပြီး အစာသိုလှောင်ဥမှာ ကြီးထွားလာပါသည်။ (၃-၄)နှစ် ပင်သက်ရှိသော အပင်မှဝိုင်းဝန်းသော ပုံသဏ္ဍာန် ဖြစ်သည်။ အတွင်းသားအရောင်ကိုလိုက်၍ မျိုးကွဲပြားပါသည်။
“၀ဥ” စိုက်ပျိုးပုံမြေနေရာ
“၀ဥ” ပင်သည်အလွန်စေးကပ်လွန်းသည့် စနယ်မြေမှလွဲ၍ မြေအမျိုးအ စားမရွေးပေါက်နိုင် သည်ကို တွေ့ရှိရပါသည်။ နေပူကျဲကျဲအောက် ထက် တစ်ပိုင်းတစ်စ အရိပ်အောက်တွင် ပိုမိုကြီးထွားရှင်သန်ပါသည်။ အိမ်ဝိုင်းတွင် ခြံစည်းရိုးတစ်လျှောက်၊ အပင်ကြီးများအောက် ငှက် ပျောပင်၊ သဘောင်္ပင်အောက်၊ အိမ်ရှေ့အိမ် နောက်ဘက်အရိပ်ထိုးသောအပိုင်းစသည့်နေရာအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။
အိမ်ခြံဝင်းထဲတွင် အလဟဿဖြစ်နေသည့် နေရာအားလုံးတွင် “၀ဥ” ပင်ကို စိုက်၍ရပါသည်။ ချင်းပြည်နည်တောင်ပိုင်းမှ ရွာများတွင် အိမ်တံစက်မြိက်မှ လွတ်သည်နှင့် “၀ဥ” ပင်များ စိုက်ထားသည်ကို တွေ့ရှိနိုင်ပါသည်။ အပင်ကြီးများအောင်နှင့် ပတ်ဝန်းကျင်ရှိ သစ်ရွက် ဆွေးနှင့် မြေဆွေးများသည်လည်း မြေသြဇာကောင်းပြီးသားဖြစ်ပါသည်။ “၀ဥ” စိုက်မည့်မြေနေရာမှ အမှိုက်များကို မီးမရှို့ရပါ။ မြေကြီး ပေါ်တွင် သဘာဝအတိုင်းပျံ့နှံ့ကျရောက်နေပြီး တဖြည်းဖြည်းဆွေးမြေ့ကာ မြေသြဇာပြန်ဖြစ်သွားမည်ဖြစ်သည်။ “၀ဥ” စိုက်မည့်မြေနေ ရာကို တူးဆွထွန်ယက်ရန်လည်း မလိုပါ။ မျိုးပိုင်းစိုက်မည့်နေရာလေးတွင် စိုက်ကျင်းလေးများဖော်ပြီး မြေထဲနှစ်မြှုပ်၍ စိုက်ပျိုးလိုက်ရုံသာ ဖြစ်ပါသည်။
အထူးသတိထားရမည်မှာ ရေမ၀ပ်ရန်ပင်ဖြစ်ပါသည်။ ရေ၀ပ်သည့်နေရာဖြစ်လျှင် ရေထုတ်မြောင်းလုပ်ပေးရပါလိမ့်မည်။
“၀ဥ” စိုက်ပျိုးချိန်
မျိုးစေ့မှဖြစ်စေ၊ ဥမှဖြစ်စေ၊ အသီးသဏ္ဍာန်မှဖြစ်စေ၊ ဧပြီလရောက်လျှင် အစို့အညှောင့် ကလေး များသည် ထိုအဂါင်္များမှ အလိုလိုပေါက် ထွက်လာကြပါသည်။ ဤသည်မှာ “၀ဥ” စိုက်ပျိုးချိန်ပင် ဖြစ်ပါသည်။ မြေကြီးအစိုဓါတ်ရှိလျှင် မတ်လကတည်းက မြေကြီးထဲထည့်ထား၍ ရပါသည်။ ဧပြီလမိုးဦးကျသည့် အခါ “၀ဥ” ပင်များ ပေါက်လာကြပါမည်။
အစေ့မှ စိုက်ပျိုးပုံ
“၀ဥ” အစေ့လေးများသည် အလွန်သေးငယ်ပြီး ဆန်လုံးတစ်လုံးစာလောက် သာရှိပါသည်။ မြေကြီးပေါ်တွင် လေးလက်မပတ်လည် အကွက်လေးဖော်ပြီး “၀ဥ” အစေ့လေးများကို မြေကြီးထဲ ထိုးသွင်းစိုက်ပျိုးရပါသည်။ မြေကြီးထဲသို့ စပါးလုံးတစ်ထောက်စာအနက်ခန့် ထိုးထည့်လိုက် လျှင်ရပါသည်။ အချိန်တန်လျှင်ပင် ပေါက်လာပါသည်။ ပေါင်းမြက်ရှင်းပေးရန်လိုပါသည်။ လေးလက်မ ခြောက်လက်မ ခန့်မြင့်သည့် အပင်လေးများ ဖြစ်လာပါသည်။ နိုဝင်ဘာလတွင် အပင်သက်တမ်းကုန်သွားချိန် မြေကြီးထဲ၌ မြေပဲ ဆန်အရွယ်မှ ဇီးဖြူသီး အရွယ်ထိရှိသည့် “၀ဥ” လေးကို တူးဖော်ရရှိပါသည်။ အသီးသီးသည့် မျိုးဆိုလျှင် စားတော်ပဲအစေ့အရွယ် အသီးလေးလည်း သီးလာ ပါသည်။
အသီးသ႑ာန္အဂါၤကို စိုက္ပ်ိဳးပံု
အသီးအရွယ်အစားပေါ်မူတည်ပြီး ပင်ကြား၊ တန်းကြား အကွာအဝေးကို ခြောက်လက်မပတ် လည်မှ ပင်ကြားတစ်ပေ၊ ပင်ကြား -တန်း ကြား တစ်ပေပတ်လည်စသဖြင့် ထားရှိပြီး စိုက်ပျိုး ရပါသည်။ စိုက်ပျိုးပုံနှင့် ပြုစုပုံများမှ အစေ့မှ စိုက်ပျိုးပုံအတိုင်းပင်ဖြစ်ပါသည်။ နိုဝင်ဘာလေ ရာက်လျှင် (ဥဖော်ချိန်ရောက်လျှင်) ငါးကျပ်သားမှ တစ်ဆယ်သားခန့်ရှိသည့် “၀ဥ” များရရှိနိုင် ပါသည်။
“၀ဥ” မှ စိုက်ပျိုးပုံ
မျိုးဥအဖြစ် ပြန်လည်စိုက်ပျိုးမည့် “၀ဥ” အရွယ်သည် ငါးကျပ်သားမှ ငါးဆယ်ကျပ်သားအရွယ်များ ဖြစ်ပါလိမ့်မည်။ “၀ဥ” အရွယ်ပေါ်မူ တည်ပြီး ပင်ကြားတန်းကြား အကွာအဝေးကို သတ်မှတ်စိုက်ပျိုးကြရပါသည်။ တစ်ပေပတ်လည် တစ်ပေနှစ်ပေ အကွာမှ သုံးပေပတ် လည် အထိ ထားရှိစိုက်ပျိုးကြရပါမည်။ စိုက်ပျိုးပုံနည်းစနစ်မှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်ပါသည်။ နိုဝင်ဘာလရောက်လျှင် အပင်သက်တမ်းကုန်ဆုံးချိန်တွင် “၀ဥ” များတူးဖော်ပါမည်။
ထိုအချိန်တွင် “၀ဥ” တစ်လုံး၏ အရွယ်သည် ငါးဆယ်သားမှ သုံး၊ လေး၊ ငါးပိဿာအထိလည်း ရှိနိုင်ပါသည်။
“၀ဥ” စိုက်ပျိုးရာတွင် မဖြစ်မနေလုပ်သင့်သည့် အလုပ်မှာ “၀ဥ” ပင်တစ်ပင်တိုင်းအတွက် ၀ါးချွန်တုတ်လေးတစ်ချောင်းစီကို အပင်လေး နားတွင် စိုက်ထားပေးရန်ဖြစ်ပါသည်။ နိုဝင်ဘာလရောက်၍ “၀ဥ” ပင်များညှိုးခြောက်သွားသည့်အခါ “၀ဥ” ပင်ပေါက်ခဲ့သည့်နေရာကို ပြန်ရှာရလျှင် အလွန်ခက်ခဲတတ်ပါသည်။ ဥရှိမည့်နေရာကို မှန်းပြီးတူးဖော်ရလျှင် အချိန်လဲကုန်သကဲ့သို့ “၀ဥ” များကိုလည်း ထိခိုက် သွားနိုင်ပါသည်။ ထို့ကြောင့် တုတ်ကလေးစိုက်ကာ မှတ်သားထားရခြင်း ဖြစ်ပါသည်။
သဘာဝအလေ့ကျပေါက်သည့် “၀ဥ” နှင့် စိုက်ပျိုးသည့် “၀ဥ” ကွာခြားပုံ
သဘာဝအတိုင်း အလေ့ကျပေါက်သည့် “၀ဥ” ကို (အလျင်ဦးရာလူ) တူးဖော်သည့်စနစ်နှင့် ရှာဖွေဖော်ထုတ်ကြသောကြောင့် ပြည့်ပြည့် ၀၀ရင့်သည့် “၀ဥ” ကိုကား အပင်သက်တမ်းကုန်ချိန်ရောက်မှ တူးဖော်ခြင်းဖြစ်သောကြောင့် ပြည့်ပြည့်၀၀ရင့်သည့် “၀ဥ” ကို ရရှိပါသည်။
အလေ့ကျပေါက်သည့် “၀ဥ” ပင်များကိုေ၇ွှ့ပြောင်းစိုက်ပျိုးနည်း
မိမိတွင် မျိုးမရှိသည့် အတွက် မိုးဦးကျတွင် မစိုက်ပျိုးလိုက်ရသော်လည်း မိုးတွင်းတွင် သဘာဝအလေ့ကျပေါက်သည့် “၀ဥ” ပင်များကို တူးယူပြီး ကိုယ့်အိမ်ခြံဝင်းထဲတွင် ရွှေ့ပြောင်း၍ စိုက်လျှင်လည်း အလွန်လွယ်ကူပြီး ကောင်းကောင်းရှင်သန် ကြပါသည်။
သခင်မစွန့်တဲ့ “၀ဥ” ပင်
တစ်ကြိမ်တစ်ခါ တစ်ရာသီ ကိုယ့်ခြံထဲတွင် “၀ဥ” ပင် ကို စိုက်ပျိုးလိုက်မိပြီဆိုလျှင် ဤ “၀ဥ” ပင်သည် ကိုယ့်ခြံတွင် နှစ်တိုင်းပေါက် လာ တော့မည်ဖြစ်ပါသည်။ “၀ဥ” ကို တူးဖော်ချိန်တွင် ပြောင်စင်အောင် တူးသော်လည်း အရွက်ရိုးတံပေါ်မှ အသီးလေးများသည် မြေပေါ်တွင် ကြွေကျကျန်ရစ်ခဲ့ပါသည်။ အပွင်အသီးပေါ်လာပြီးလျှင်လည်း အစေ့များသည် မြေပေါ်တွင် ကြွေကျ ကျန်ရစ်နိုင်ပါသည်။ ထို့ကြောင့် နှစ် စဉ်နှစ်တိုင်းပင် သူ့အလိုလိုလည်း ပေါက်လာကြပြန်ပါသည်။ “၀ဥ” ကို တစ်ခါစိုက်ပြီးလျှင် နောက်နှစ်များအတွက် မျိုးအသစ်ထပ်ပြီး ရှာ ရန်လည်း လိုတော့မည်မဟုတ်ပါ။ နှစ်ကြာလာသည်နှင့် အမျှ တိုးချဲ့စိုက်နိုင်မည့်မြေကွက်ကို ရှာကြံထားရန်သာ လိုပါသည်။
“၀ဥ” စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူး
မိမိအိမ်ခြံထဲတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြမည့် ဆင်းရဲသားမိသားစုများအတွက်မူ ရင်းနှီးမြှုပ်နှံမှုများစွာ မရှိဘဲ အပို ၀င်ငွေရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နမူနာတစ်ခုအနေနှင့် တွက်ပြရလျှင် ဥပမာ ဆယ်ပေပတ်လည်ရှိသည့် မြေကွက် တွင် ၂၀ ကျပ်သားမှ ၃၀ ကျပ်သားအရွယ် “၀ဥ” ကို နှစ်ပေပတ်လည်နှင့် စိုက်ခဲ့လျှင် အပင် ၂၅ ပင်ရှိပါသည်။ “၀ဥ” ဖော်ချိန်တွင် တစ်ဥကို ပျမ်းမျှတစ်ပိဿာ အနည်းဆုံးရှိပါမည်။ စုစုပေါင်း ၂၅ ပင်မှ ၂၅ ပိဿာ ထွက်ရှိပါမည်။ တစ်ပိဿာ ၄၀၀ ကျပ်နှုန်းနှင့် ရောင်းရလျှင် ငွေကျပ် ၁၀,၀၀၀ ရရှိပါမည်။ ၁၀ပေပတ်လည်ကွက်တစ်ကွက်မှ ရနိုင်သည့် ၀င်ငွေဖြစ်ပါသည်။ ဤနှုန်းနှင့်ဆိုလျှင် တစ်ဧကကို တွက်မပြရဲစရာ ၀င်ငွေဖြစ် သည်။ သိန်းလေးဆယ်တောင် ကျော်နိုင်ပါသည်။
ဤသည်မှာ (တွက်ရေးက စက်သူဌေးဆိုသလို) ပင် ဖြစ်ပါသည်။ အမှန်တော့လည်း ဆင်းရဲသား မိသားစုများအတွက် မြေကွက် ကျဉ်းကျဉ်းနှင့် ၀င်ငွေများများရနိုင်သည်မှာ “၀ဥ” စိုက်ပျိုးခြင်းသာဖြစ်ပါသည်။
ဝဥ အပင်ပြုစုခြင်း
မြေသြဇာအထူးကျွေးရန် မလိုသော်လည်း စိုက်ပြီး (၃၀) ရက်မှ (၄၀) ရက်ခန့်ကြာလျှင် ကြားပေါင်းလိုက်ခြင်း၊ ပင်ခြေ မြေဖို့ခြင်းတို့ကို လုပ်ဆောင်ပေးရပါမည်။ မြစ်ဥကြီးထွားလာလျှင် အမြစ်များမြေပေါ်သို့ မပေါ်ထွက်စေရန် မြေမွမွ ဖို့ပေး ရပါမည်။
ရိတ်သိမ်းခြင်း(တူးဖော်ခြင်း) – မိုးကုန်စ အောက်တိုဘာလ၊ နိုဝင်ဘာလတွင် မြေပေါ်ပိုင်း အပင်ဝါ၍ ညှိုးရော်နွမ်းခွေ ကျသွားချိန်တွင် ဖြည်ညှင်းစွာ တူးဖော်ယူရပါသည်။ ဆောင်းကုန်သွားလျှင်လည်း ဥမှာတူးဖော်ရန် မလွယ်ကူခြင်း၊ ခြောက်သွေ့ခြင်းတို့ ဖြစ်တတ်ပါသည်။
အရည်အသွေး၊ အဆင့်အတန်းသတ်မှတ်ခြင်း – ၀ဥတွင် ပါဝင်သော Mannan ခေါ်သော ဓါတ်ပါဝင်မှုပေါ်မူတည်၍ မျိုးစိတ်ကို အဆင့်သတ်မှတ်သည်။ ၀ဥကို ပါးပါးလွှာ၍ နေရောင်တွင် ထောင်၍ ကြည့်ပါက ပုလဲလုံးလေးများစီရီထား သကဲ့သို့ တွေ့နိုင်သည်။ ယင်းဓါတ်ပါဝင်မှု (၆၀%) ထက်ကျော်လျှင် မျိုးကောင်းသည်ဟု သတ်မှတ်ပါသည်။ ထပ်မံ၍ သတ်မှတ်ရန်မှာ အလေးချိန်ပေါ်မူတည်၍ သတ်မှတ်ပြီး (၄) မျိုးခွဲခြား ထားပါသည်။
(က) အကောင်းဆုံးအမျိုးအစား – (၁) ပိဿာ (၅၀) ကျပ်သားအထက်
(ခ) အကြီးစား – (၉၀) ကျပ်သားမှ (၁) ပိဿာ (၅၀) ကျပ်သား
(ဂ) အလတ်စား – (၂၀) ကျပ်သားမှ (၉၀) ကျပ်သား
(ဃ) အသေးစား – (၂၀) ကျပ်သားအောက်
ဖော်ပြပါသတ်မှတ်ချက်များအပြင် ၀ဥကို တူးဖော်ပြီး (၃) ရက်ထက် ပို၍ အခြောက်မခံသင့်ပါ။ အရိပ်ရလေသလပ်ရာ တွင် သိုလှောင်ထားရပါမည်။ မျိုးအတွက် မသိုလှောင်မီ မှိုသတ်ဆေးတစ်မျိုးမျိုး ဖျန်းထားရန် လိုပါသည်။ ၀ဥများ အ ရွယ်ညီညာမှု၊ ရောဂါကင်းမှု၊ ရိပုပ်ခြင်း မရှိဘဲ အမှိုက်သရိုက်ကင်းစင်မှုတို့ဖြင့် ပြည့်စုံရန် လည်း လိုပါသည်။
ပါဝင်သောဓာတ်များ – အဓိကအားဖြင့် Manan grain ပါဝင်မှုများလျှင် ကောင်းမွန်ပါသည်။
အာနိသင် – မြန်မာဆေးကျမ်းများအလိုအရ ကိုယ်လက်ကြံ့ခိုင်စေ၏။ ၀ဖြိုးစေ၏။ ဖန်၏။ ခြောက်ကပ်စေ၏။ ယားယံနာ၊ ဆာလောင်မွတ်သိပ်မှုတို့ကို ပြေပျောက်စေ၏။ သလိပ်ကို လည်၏။ အဖျဉ်း၊ ဂူလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေအန်နာ၊ ၀မ်းဗိုက်နာ၊ ဆင်ခြေထောက်ရောဂါများ ပျောက်ကင်းစေ၏။ ၀ဥ ရိုင်းကို လျှာပွတ်ဆေးတွင် သုံးသည်။
အသုံးပြုပုံ
(က) တိုင်းရင်းဆေး အသုံးပြုပုံ
(၁) ၀ဥကို သက်ကြီးရွယ်အိုများ၊ နှလုံးတုန်၊ ရင်ခုန်ရောဂါ ကာကွယ်ရန်လည်းကောင်း၊ လူ့ခန္ဓာကိုယ်တွင် ပိုနေသော မလိုအပ်သည့် အဆီများ (ကိုလက်စရော) ဖြစ်ထွန်းမှုကို ဟန့်တားစေရန်လည်းကောင်း၊ ကိုယ်ရေ စစ်၍ အသားအရေ လှပစေရန်အတွက်လည်းကောင်း၊ ဆီးအိမ်ကြီးခြင်းတို့ကို ကာကွယ်ရန်လည်းကောင်း သုံးသည်။
(ခ) စားသုံးပုံ
(၁) ၀ဥမှာ တာရှည်ခံ သိုလှောင်စားသုံးနိုင်သော ဥအမျိုးအစားတို့တွင် ပါဝင်ပါသည်။ ဥကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသုံးနိုင်ပါသည်။
(၂) ၀ဥအစိမ်းကို ထုံးစိမ်၍ ထောင်းပြီး ခေါက်ဆွဲမျှင်များကဲ့သို့ ပြုလုပ်၍ အသုပ်စုံပြုလုပ် စားသုံးနိုင်ပါသည်။
(၃) ၀တုံခေါ် ၀ဥ ပြုတ်ပေါင်းကိုလည်း လိုအပ်သလို ပြုလုပ်စားသုံးနိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post မိသားစုဝင်ငွေတိုးစေပြီး၊ နိုင်ငံဝင်ငွေပါတိုးစေဖို့ အလားအလာကောင်းတဲ့ ၀ဥ စိုက်ပျိုးနည်းအကြောင်း appeared first on Myanmar Farmers' Portal.