စိုက်ပျိုးသူများ ဈေး၊ မြို့ နယ်စိုက်ပျိုးရေးဌာနများတွင် ၀ယ်ယူအသုံးပြုနေသည်မှာ အသင့်သုံး အီးအမ်ဖျော်ရည်ဖြစ်သည်။ မူလဇစ်မြစ်များမှာ –
၁။ မူရင်းအီးအမ် (Original EM (or) OEM)
ဝါညိုရောင်ရှိသည်။ တစ်နှစ်ကြာအထားခံသည် အာနိသင်ရှိသည်။
၂။ အီးအမ်အပြင်း (Concenrate EM (or) CEM)
အာနိသင် (၆) လ ရှိသည်။ စီးပွားဖြစ်ရောင်းချ၍ ကိုယ်တိုင်ဝယ်ယူဖော်စပ်နိုင်၏။
၃။ အသင့်သုံးအီးအမ် (Instant EM)
(၃ -၁၅) ရက် အာနိသင် ရှိသည်။
၎။ အီးအမ် – ၅ (EM – 5)
၅။ အီးအမ် အက်ဖ်ပီအီး (Fermented Plant Extract-EM-FPE) တို့ ဖြစ်၏။
ဖျော်စပ်ရာတွင် –
ပထမ – မူရင်းအီးအမ် (၁) ဆ မှ အီးအမ်အပြင်း အဆ (၂၀) ပွားယူရသည်။
ဒုတိယ – အီးအမ်အပြင်း
ပထမအဆင့် အီးအမ်အပြင်းဖျော်စပ်နည်း
၁ မူရင်းအီးအမ် (၅) ဆ
၂ တင်လဲရည် (၅) ဆ (မရှိက ထန်းလျှက်ကြွက်မြီးတန်းကြိုပါ)
၃ ရေ (၉၀) ဆ
အချိုးအတိုင်း ရောစပ်ပြီး သန့်ရှင်းသော ပလတ်စတစ်ပုံးတွင် အပြည့်ထည့်၍ လေလုံအောင် ပိတ်ထားရ၏။
နေရောင်မထိသည့် အရိပ်အောက် အေးသောနေရာတွင် ထားရ၏။ တစ်ရက်တစ်ကြိမ်သမအောင် လုပ်ပေးရသည်။ ဓာတ်ငွေ့များထွက်လာတတ်သည်။ အဖုံးစကာဖွင့်ထုတ်ပြီး လေလုံအောင် ပြန်ပိတ်ရ၏။ တစ်လကြာလျှင် အီးအမ်အပြင်း ရရှိ၏။ (၆) လအတွင်း ကုန်အောင်အသုံးပြုရ၏။ (၆)လ ကျော်လျှင် အာနိသင်မရှိတော့ချေ။
ဒုတိယအဆင့် အသင့်သုံးအီးအမ်ဖျော်စပ်နည်း
၁။ အီးအမ်ဖျော်ရည်အပြင်း (၁) ဆ
၂။ တင်လဲရည် (၄)ဆ (မရှိက ထန်းလျှက်ကြိုရည်)
၃။ ရေ (၉၅) ဆ
အချိုးအတိုင်း ရောစပ်ပြီး သန့်ရှင်းသော ပလတ်စတစ်ပုံတွင် အပြည့်ထည့်၊ လေလုံအောင်ပတ်၊ အရိပ်အောက်၊ အေးသောနေရာတွင် ထားရ၏။ တစ်ရက် တစ်ကြိမ်သမအောင် လှုပ်ပေး။ ဓာတ်ငွေ့ထွက်တတ်၍ အဖုံးခဏဖွင့်ထုတ်ပေးပြီး လေလုံအောင်ပြန်ပိတ်ပါ။ (၃-၄) ရက်ကြာလျှင် ၀ါညိုရောင်သို့ပြောင်းပြီး သုံးစွဲရန်အသင့်ဖြစ်၏။ (၇) ရက် အာနိသင်ရှိ၍ အသုံးပြုမှသာ ဖျော်စပ်၍ ကုန်အောင်သုံးရ၏။ များသောအားဖြင့် အသင့်သုံးပြုမှသာ ဖျော်စပ်၍ ကုန်အောင် သုံးရ၏။များသောအားဖြင့် အသင့်သုံး အီးအမ်ကိုသာ ၀ယ်ယူအသုံးပြုကြသည်ကများ၏။
ဘယ်လိုအသုံးပြုမလဲ?
တောင်သူများ သီးနှံခင်းတွင် တိုက်ရိုက်ဖျန်းခြင်း၊ မြေဆွေးပုံပြုလုပ်ခြင်း၊ စိုက်ခင်းမြေပေါ်တွင် ပန်းခရားဖြင့်ဖျန်းပေးခြင်းဖြင့်လည်းကောင်း၊ အသုံးပြုနိုင်၏။
အသုံးပြုရာတွင် သီးနှံပင် ငယ်စဉ်တွင် ဆေးတစ်ဆ ရေအဆ (၁၀၀၀) ၊ အပင်ကြီးလျှင် ဆေးတစ်ဆ ရေ (၅၀၀) ဆနှင့် ရောဖျန်းပါ။
စပါးခင်းကဲ့သို့ စိုက်ခင်းတွင် ရေရှိနေသဖြင့်၊ အီးအမ်ကို ရေ (၂၀ – ၅၀) နှင့်ေ၇ာစပ်၍ ဖျန်းရသည်။ ရေသွင်း မြောင်းထိပ်မှလည်း ရေသန့်ဘူးဖင် အပေါက်ဖောက်၍ တစ်စက်ချင်းချပေးနိုင်သည်။
မျိုးစေ့စိမ်ခြင်း
မျိုးစေ့များ မစိုက်ပျိုးမီ အသင့်သုံး အီးအမ်ဖျော်ရည်တွင် (၁) ဆ နှင့် ရေ အဆ(၁၀၀) ဖျော်ပြီး (၂၄) နာရီ တစ်ညအိပ်စိမ်ပြီး စိုက်ပါက အပင်ပေါက်ရာခိုင်နှုန်းကောင်း၍ ပိုးမွှားရောဂါ ခံနိုင်ရည်ရှိပြီး ပျိုးပင်သန်စွမ်း အကြီးမြန်သည်။
လယ်/ယာ/ဟင်းသီးဟင်းရွက် နှင့် သစ်သီးခြံများတွင် အသုံးပြုခြင်း
မြေပြင်ချိန်တွင် တစ်ဧကလျှင် ၅ ဂါလံနှုန်း
သီးနှံများစိုက်ပြီးချိန် (၂)ပတ်သားတစ်ဧကလျှင် ၅ဂါလံနှုန်း
သီးနှံများ (၁ ၁/၂) လကြာလျှင် ၅ဂါလံနှုန်း
မြေတွင်း အဏုဇီဝပိုးများ ပွားများလာ၍ မြေဆီလွှာထက်သန်ပြီး သီးနှံရှင်သန်ကြီးထွား၍ အထွက်တိုးစေ၏။
အီးအမ် – ၅ ဖျော်စပ်အသုံးပြုနည်း
၁။ အီးအမ်အပြင်း ၁၀၀စီစီ
၂။ တင်လဲရည် ၁၀၀စီစီ
၃။ ရေ ၆၀၀စီစီ
၎။ ရှာလကာရည် ၁၀၀စီစီ
၅။ အရက် (သို့) အရက်ပျံ (၃၀ – ၃၅%) ၁၀၀စီစီ
ဖျော်စပ်ရာတွင် ရေ နှင့်တင်လဲရည် (ထန်းလျှက်)ကို ပလတ်စတစ်ပုံးထဲ အရင်ထည့်၍ ပျော်အောင်ဖျော်ပြီး မှ ရှာလကာရည် နှင့် အရက်ကို လောင်းထည့်၍ သမအောင်မွှေရ၏။
ပြီးမှ အီးအမ်အပြင်း (၁၀၀) စီစီ ရောထည့်ပြီး အဖုံးလုံအောင်ပိတ်ပါ။ ပုံးအပြည့်ထည့်၍ အေးသောနေရာတွင် ထားရ၏။ (၁၀ – ၁၅) ကြာလျှင်စတင်သုံးစွဲနိုင်၏။ (၆) လအထိထား၍ သုံးစွဲနိုင်သည်။
ထူးခြားချက်
သီးနှံပင် ကြီးထွားရေးသာမက ပိုး နှင့် ရောဂါများကို ကာကွယ်နိုင်သည်။ အင်းဆက်ပိုးများ သီးနှံကို စားသောက်ဖျက်ဆီးခြင်း မပြုနိုင်ရန် သီးနှံ အရသာမှာ အညစ်အကြေးများ ပြောင်းလဲသွား၍ စားသုံးခြင်း မပြုကြ။
အီးအမ်အက်ဖ်ပီးအီး (EM Fermented Plant Extract) (EMFPE)
မူလကပင် ဆေးဘက်ဝင်သော အပင်များ တမာ၊ ဘိစပ်၊ စပါးလင်၊ ဆေးရွက်ကြီး အပင်များ လတ်ဆတ်သော ပေါင်းပင်များကို ခုတ်စင်းပြီး အချဉ်ဖောက်အရည်ထုတ်၍ အီးအမ် နှင့် ပေါင်းစပ် အသုံးပြုခြင်းဖြစ်သည်။
၁။ အီးအမ်အပြင်း ၄၂၀ စီစီ
၂။ တင်လဲရည် ၄၂၀ စီစီ
၃။ ရေ ၁၄ လီတာ
၎။ စင်းထားသောအပင်အပိုင်းစများ ၁၄ လီတာ
အထက်ဖော်ပြပါ ပစ္စည်းအားလုံး အ၀ကျယ်သည့် ပလတ်စတစ်ပုံးထဲသို့ထည့်၍ ပုံးအား ဗီနိုင်းအိတ်အမဲ နှင့် ဖုံးအုပ်ပြီး လေမ၀င်အောင် အလေးတစ်ခုခုဖြင့်ဖိထားပါ။ နေရောင်တိုက်ရိုက်မထိသော အရိပ်ရှိသောနေရာ အေးသောနေရာတွင်ထားရ၏။ သမအောင် နံနက် ညနေ တစ်ကြိမ်စီ မွှေပေးရသည်။
(၂ – ၅) ရက်ကြာသောအခါ အချဉ်ပေါက်၍ အငွေ့များထွက်လာ၏။ (၁၀-၁၅) ရက် ကြာသောအခါ စတင်အသုံးပြုနိုင်၏။ ခုတ်စင်းထားသည့်အပင် အစိတ်အပိုင်းများ မပါအောင် ပိတ်ပါးစဖြင့် စစ်ယူပြီး သီးသန့်လေလုံသော ပလတ်စတစ်ပုံးတွင် ထည့်၍ (၃) လအထိ အာနိသင်ရှိသည်။ စစ်ဖတ်များကို မြေဆွေးပုံတွင်ထည့်၍ သုံးနိုင်၏။
ဘယ်လိုသုံးရမလဲ ?
၁။ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးဖြစ်၍ ဇီဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေး အဖြစ်အားထားအသုံးပြုရ၏။
၂။ ပျိုးပင်များ နှင့် မျိုးစေ့မှ အပင်များအတွက် (၃ – ၇) ရက်တစ်ကြိမ် ဖျန်းပေးပါ။
၃။ ဆေးကို ရေ နှင့် (၁း ၂၀၀ မှ ၁း ၅၀၀) နှုန်း ရောဖျန်းပါ။
၎။ ပိုးရောဂါကာကွယ်ရန်အတွက် အီးအမ် – ၅ နှင့် ရောဂါဖျန်းပါ ပိုမိုအစွမ်းထွက်သည်ကို တွေ့ရ၏။
စိုက်ပျိုးရေးဦးစီးဌာန
The post အီးအမ် (EM) အကြောင်းသိကောင်းစရာ appeared first on Myanmar Farmers' Portal.