Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးရွက်ညိုေ⁠ပြာက်⁠ရောဂါ

$
0
0

ရောဂါပိုးဖြစ်စေသည့် သက်ရှိ                – Drechslera oryzae

လက္ခဏာရပ်

ရောဂါလက္ခဏာကို အရွက်နှင့် စပါးစေ့ပေါ်တွင် အများဆုံးတွေ့ရသော်လည်း ရွက်ဖုံး၊ အနှံ ခက်များပေါ်တွင်လည်း တွေ့နိုင်သည်။ အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တစ်ခါ တစ်ရံ တစ်စင်တီမီတာအရွယ်ထိရှိသော ဘဲဥပုံ အညိုရောင်ပြောက်များ ညီညာစွာပျံ့ကြဲနေ သည်။ အစက်အပြောက်များမှာ အစပိုင်းတွင် ခရမ်းေ၇ာင်၊ အညိုရောင်ရှိပြီး ကြီးလာသည်နှင့် အမျှ အညိုရောင်အနားရစ် နှင့် မီးခိုးရောင်ဗဟိုရှိသော ကွက်ပြောက်များ ဖြစ်လာသည်။ ထိုမှတဆင့် အရွက်ခြောက်သေသွားသည်။ အစေ့ခွံပေါ်တွင် အနက်ရောင်(သို့) အညိုရင့် အစက်အပြောက်များ တွေ့နိုင်သည်။ အနှံခက်၏ အဆစ်များကြားတွင်လည်း အညိုရောင် ရောဂါကွက်ဖြစ်ပြီး စပါးစေ့ အဆံတည်မှုနည်းစေသည်။ အဆံမအောင်ပဲ စပါးစေ့ရှုံ့လိမ်၍ အရောက်ပျက်စေသည်။ ရောဂါရ စပါးစေ့များကို ပြန်လည် စိုက်ပျိုးခြင်းဖြင့် ပျိုးပင်နာရောဂါ (Seedling blight) ဖြစ်စေပြီး ပျက်စီး ဆုံးရှုံးမှုများနိုင်သည်။

ကျရောက်ချိန်

မြေတွင် အာဟာရချို့တဲ့ခြင်း နှင့် နိုက်ထရိုဂျင်ဓါတ် လွန်ကဲခြင်းတို့သည် ရွက်ညိုပြောက်ေ ရာဂါကို တိုးတက်စေသည်။ ၄င်းပြင် ရေသွင်း ရေထုတ်ညံ့ဖျင်းသော ဓါတ်လျော့အခြေအနေ လွန်ကဲသော မြေများတွင်လည်း ရောဂါကို တွေ့နိုင်သည်။ စပါးပင်သည် မင်ဂနီ၊ ဆီလီကာ၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင် စသော ဓါတ်များချို့တဲ့ပါက ထိုရောဂါပြင်းထန်စွာ ကျရောက်လေ့ရှိသည်။ အပုပ်လွန်သော လယ်များတွင်  ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်ငွေ့များ ထွက်လာခြင်းကြောင့် အပင်များသည် ဆီလီကာ နှင့် ပိုတက်ဆီယမ်တို့ကို ပုံမှန်အတိုင်း မစုပ်ယူနိုင်သဖြင့် ရောဂါပို၍ဖြစ်နိုင်သည်။ ရွက်ညိုပြောက်ရောဂါလက္ခဏာ သည် အပင်တွင် ပိုတက်ဆီယမ်ဓါတ်ချို့တဲ့၍ ဖြစ်ပေါ်လာသော ရွက်ပြောက်လက္ခဏာများနှင့် ဆင်တူသည်။ စွတ်စိုသော မြေထက် ခြောက်သွေ့သော မြေတွင် ရွက်ပြောက်အရည်အတွက် ပိုမိုများပြားစွာ ဖြစ်ပေါ်သည်။ ရောဂါ ကူးစက်ရန် အကောင်းဆုံးအပူချိန်မှာ (၂၀ – ၂၅ံC)ဖြစ်သည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာနေပါက မှိုကြီးထွားမှုအတွက် ကောင်းမွန်သောကြောင့် ရောဂါပြန့်ပွားမှု မြန်စေသည်။

ကာကွယ်နှိမ်နင်းနည်း

ရောဂါကင်းသော စိုက်ခင်းမှ မျိုးစေ့ကို ရွေးချယ် စိုက်ပါ။ ရောဂါကျပင်ကြွင်း ပင်ကျန်များ နှင့် အခြား ပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။

ကျန်းမာသန်စွမ်းသော စပါးမျိုးဖြစ်အောင် သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာ၊ အနည်းလို အာဟာရ ဓါတ်များကို အချိုးညီညီ သုံးစွဲပါ။

နိုက်ထရိုဂျင်မြေသြဇာ ထည့်သော အကြိမ်တိုင်းတွင် ပိုတက်ရှ် နှင့် တီစူပါကို တွဲထည့်ပါ။

ရောဂါကျ စိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။

စပါးစိုက်မြေကို မြေဆီသြဇာ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ေ၇သွင်းရေထုတ် မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ခြင်း၊ သင့်တော်သော စိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။

အောက်ပါ မှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။

(က) Propiconazole (ပရိုပီကိုနာဇိုး)

(ခ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး)

(ဂ) Thiophanate methyl + Thiram သိုက်အိုဖာ နိတ်မီသိုင်း +သိုင်ရမ်)

(ဃ) Chlorothalonil (ကလိုရိုသာလိုနေး)

(င) Carbendazim (ကာဗန်ဒါဇင်)

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးရွက်ညိုေ⁠ပြာက်⁠ရောဂါ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>