အင်္ဂလိပ်အမည် – Walnur
ရုက္ခဗေဒအမည် – Juglans
မျိုးရင်း – Juglandaceae
မူရင်းဒေသ – အီရန်
သစ်ကြားသီး စိုက်ပျိုးခြင်း
သစ်ကြားသီးကို အကိုင်းဆက်၍ လည်းကောင်း၊ အဖူးမြှုပ်၍လည်းကောင်း မျိုးပွားနိုင်သော် လည်း ပထမဦးစွာ ပျိုးပင်များ ရရှိအောင် အစေ့ကို ပျိုးထောင်ရသည်။ ပျိုးဘောင်များ ပြုလုပ်၍ ပျိုးဘောင်ပေါ်တွင်တစ်စေ့ နှင့် တစ်စေ့ ဆယ်ပေခန့်ခွာ၍ ပျိုးထောင်ရသည်။ ပျိုးပင်သည် ပင်စည်ခဲလုံးတံအရွယ် ရှိသောအခါ ကိုင်းဆက်ခြင်း၊ အဖူးမြှုပ်ခြင်း ပြုလုပ်နိုင်သည်။ ဤသို့ ပြုလုပ်ပြီး နှစ်နှစ်ကြာမှ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးရသည်။
စိုက်ခင်းတွင် ကျင်းများကို သုံးဆယ်ငါးပေခွာ၍ သုံးနားညီ တြိဂံပုံ စိုက်စနစ်အရ တူးဖော်ပြီး စိုက်ရသည်။ ကျင်းကို အကျယ်နှစ်ပေခွဲ ပတ်လည်အနက် သုံးပေခွဲတူး၍ မြေဆွေးများများကို စိုက်ခင်းတွင် မိုးဦး သို့မဟုတ် ဆောင်းဦးတွင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။
မိုးမရွာသော ရာသီတွင် အပင်ကို ရေလောင်းခြင်း၊ ရေသွင်းခြင်း ပြုလုပ်ရသည်။ စိုက်ခင်းတွင် နှစ်နှစ်ကြာသောအခါ ပေါင်းသင်ခြင်း၊ မြေတောင်မြှောက်ခြင်းတို့ကို ပြုလုပ်ရသည်။ ကိုင်းမကြီးေ ပ်ါမှ ကိုင်းသုံးခွ ထွက်လာအောင် အကိုင်းဖြတ်ပေးကာ ထိုကိုင်းသုံးခုမှ အခက်မလက်များကို ဂရုစိုက်ရသည်။ သေးငယ်သော အခက်အလက်များကိုမူ ရှင်းလင်းပစ်ရန်လိုအပ်သည်။ ခြောက်သွေ့သော အကိုင်းများကိုလည်း ရှင်းလင်းပစ်ရသည်။
သစ်ကြားသီးများ ရင့်မှည့်သော် တံချုဖြင့် ဆွတ်ခူးနိုင်သည်။ မြေပေါ်သို့ ကြွေသည်အထိ စောင့်ပါက အသီးကွဲတတ်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post သစ်ကြားသီး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.