ခြင်းဖြင့် ချင်း စိုက်ပျိုးနည်းစနစ်
မြန်မာအမည် – ချင်း
အင်္ဂလိပ်အမည် – Ginger
ရူက္ခဗေဒအမည် – Zingeber Officinale
မျိုးရင်းအမည် – Zingeberaceae
ချင်းမျိုးစေ့
၁။ မြန်မာနိုင်ငံတွင် ချင်းကို ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး၊ဒေသအခေါ်အဝေါ်အားဖြင့် ချင်းဖြူ(အောက်ချင်း) မျိုးဖြစ်ပါသည်။ ဟင်္သာတတွင်စိုက်ပျိုးသည့်ချင်းမျိုးမှာ အနံ့ရှိပြီး၊ အမျှင်နည်း၍ အသားနုသဖြင့် ဆေးဘတ်ဝင်အမျိုးအစားဖြစ်ပါသည်။
မျိုးထားသိုမှုစနစ်မှာ ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင်တူးဖော်ရရှိသော ချင်းတက်များကို အိမ်အောက်တွင်မြေကျင်းတူး၍လည်းကောင်း၊ ဖြန့်၍လည်းကောင်း ထားရှိပါသည်။ ချင်း၏မျိုးစေ့နားနေချိန် (Dormancy) ရက် (၆၀)မှ (၉၀)ထိ ရှိပါသည်။ ထို့နောက် ချင်းတက်၏ မျက်စေ့များဖူးများမှ စတင်အညှောင့်ပေါက်လာပါသည်။
(ခ) ပျိုးဘောင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း
ကုန်းကြသည့်နေရာများတွင် (၃)ပေအကျယ် (၆)လက်မအမြင့် ပျိုးဘောင်များပြုလုပ်ပြီး၊ မြေဆွေးထည့်ပေးပါသည်။ မျက်စေ့ (၃)စေ့မှ (၅)စေ့ပါရှိသည့် ချင်းတက်များကိုဖဲ့၍ စတင်ပျိုးထောင်ပါသည်။ ပျိုးထောင်သည့်အချိန်မှာ မေလ-တတိယပတ် ဖြစ်သည်။ မိုးရွာသွင်းမှု မရှိသည့်နေ့များတွင် တစ်နေ့ ရေ(၂)ကြိမ်ဖျန်းပေးပါသည်။ ပျိုးပင်များ (၃၀)ကျပ်သားရှိချိန်တွင် ခြင်းထဲသို့ရွှေ့ပြောင်းစိုက်ပျိုးပါသည်။
(ဂ) အသုံးပြုသည့် ခြင်း အမျိုးအစားများ
အချင်း(၂)ပေ၊ အမြင့် (၂.၅)ပေခန့်ရှိ ကွမ်းခြင်းများ၊
ထန်းလျက်ခြင်းများ၊
ထုံးခြင်းများကို အသုံးပြုနိုင်ပါသည်။
(ဃ) စိုက်ပျိုးရန် မြေဆွေးပြင်ဆင်ခြင်း
– မြေဆွေး၊ ကြက်ချေး/နွားချေး၊ စက်ဖွဲပြာဆတူ ရောစပ်အသုံးပြုခြင်း၊
– မြေဆွေး (၄)ဆ၊စက်ဖွဲပြာ (၁)ဆရောစပ်အသုံးပြုခြင်း၊
– မြေဆွေး (၁)ဆ၊ စက်ဖွဲပြာ (၁)ဆ ရောစပ်အသုံးပြုခြင်းနှင့်
မြေဆွေး (၂)ဆ၊စက်ဖွဲပြာ (၁)ဆ၊ ဖွဲကြမ်း (၁)ဆ ရောစပ်အသုံးပြုကြပါသည်။
– ခြင်းအောက်ခြေတွင်အင်ဖက်ခံ၍ ရောစပ်ထားသော စပ်မြေဆွေးများကို ခြင်းများထဲသို့ (၆)လက်မခန့်ထည့်ပေးပါသည်။
(င) စိုက်ပျိုးခြင်း
စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း (၂)မျိုးရှိပါသည်။
(၁) တိုက်ရိုက်စိုက်ပျိုးခြင်း
မေလတွင်စတင်စိုက်ပျိုးပါသည်။ ချင်းတက်၏အရွယ်အစားပေါ်မူတည်ပြီး၊ (၂)ကျပ်သားရှိတဲ့ချင်းတက်မှာ မျက်စေ့ (၁)စေ့ မှ (၃)စေ့ပါ သည့် ချင်းသားတက်များကို မြေတွင်တိုက်ရိုက်ချ၍ စိုက်ပျိုးပါသည်။ မြေဆွေးဖြင့်ပါးပါးဖုံးပေးပါသည်။ မိုးရွာသွန်းမှုမရှိလျှင် တစ်နေ့ရေ(၂) ကြိမ်လောင်းပေးရပါသည်။ စိုက်ပြီး (၁၄)ရက်ကြာ အစို့ထွက်လာပြီး၊ (၂၈)ရက်ကြာတွင် (၆)လက်မအမြင့်ထိ အပင်များကြီးထွားလာပါ သည်။ ချင်းတစ်ပိသာကို ခြင်းအရေအတွက်(၅၀)ထိ စိုက်ပျိုးနိုင်ပါသည်။ ရေလောင်းချိန်သက်သာရန်အတွက် ပျိုးဘောင်များတွင် ပျိုးထောင်ပြီးခြင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
(၂) ချင်းပျိုးပင်များကို ခြင်းတွင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း
(၃၀)ရက်သား သက်တန်းရှိ ချင်းပျိုးပင်များကို စပ်မြေထည့်ထားသောခြင်းထဲတွင် စတင်စိုက်ပျိုးပါသည်။ ခြင်းတောင်းတစ်ခုတွင် (၁)ပင်မှ (၃)ပင်ထိစိုက်ပျိုးပါသည်။
(စ) အပင်ပြုစုခြင်း
ချင်းပင်၏သဘာဝမှာ အပင်တစ်ပင်ပွားတိုင်း ချင်းတတ်တစ်ခုဖြစ်လာပြီး၊အပင်၏အောက်ခြေမှသည် အပေါ်သို့ချင်းတတ်များဖြစ်ပေါ်လာ ပါသည်။ ရွှေ့ပြောင်းစိုက်ပြီး(၁၅)ရက်တွင်လိုအပ်လျှင်မှိုသတ်ဆေးများ ပက်ဖြန်းပေးရန်လိုပါသည်။ ချင်းတက်များကြီးထွားလာပြီးနောက် (၃၀) ရက်သားသက်တန်းရှိလျှင် စပ်မြေဖြင့် ပြန်လည်ဖို့ပေးရန်လိုပါသည်။ အပင်ခြေတွင် ရက်(၃၀)လျှင် တစ်ကြိမ်နှုန်းနှင့် (၄)ကြိမ်တိတိ တိုင်အောင် ခြင်းအပြည့်အထိမြေဖို့ပေးပါသည်။ ချင်းပင်ပွားနှုန်းမှာ (၁)ပင်မှ (၂)ပင်။ (၂)ပင်မှ (၄)ပင်။ (၄)ပင်မှ (၈)ပင် နှင့် (၈)ပင်မှ (၁၆) ပင်ထိဆပွားပွားများပါသည်။
ချင်းများရင့်ချိန်တွင် နှုတ်သိမ်းရမှာဖြစ်ပါသည်။ မူလ(၂)ပင်စိုက်ထားက (၁၆)ပင်ထိ ရရှိနိုင်ပါသည်။
(ဆ) ရိတ်သိမ်းခြင်း
ချင်းပင်စိုက်ပြီး သက်တမ်းရက်ပေါင်း(၂၁၀)အကြာ(ဒီဇင်ဘာလ)တွင် ချင်းတက်များကို စတင်တူးဖေါ်နိုင်ပါသည်။ ချင်းပင်သက်တမ်း ရက်ပေါင်း (၂၄၀) (ဇန်န၀ါရီလ) တွင်အရွက်များဝါ၍ ကျလာပြီး၊ ချင်းတက်များရင့်လာပါသည်။ တစ်ခြင်းတွင် ပျမ်းမျှ (၂)ပိဿာ ၊ မှ (၃)ပိဿာ ထိထွက်ရနိုင်ပါသည်။ အထွက်အမြင့်ဆုံး (၅)ပိသာထိထွက်ရှိပါသည်။
အကျိုးကျေးဇူးများ
၃။ ခြင်းစနစ်ဖြင့် ချင်းစိုက်ပျိုးခြင်းမှ အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
(က) မိုးများသောဒေသတွင် ရေစိမ့်ကိုင်မှုကြောင့် ချင်းပင်ဝါခြင်းနှင့် ချင်းတက်ပုပ်ခြင်းများမှ ကာကွယ်နိုင်ပြီး ချင်းတွင်ကျရောက်တတ်သော မြေဆောင်ရောဂါများကိုကာကွယ်နိုင်ပါသည်။
(ခ) အိမ်ခြံမြေနေရာ ကျဉ်းကျဉ်းတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ အိမ်ခြံမြေကိုနေရာမလပ် အကျိုးရှိစွာအသုံးချနိုင်ပါသည်။ တစ်ပိုင် တစ်နိုင် ပြုစုစောင့်ရှောက်နိုင်ပါသည်။ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးမြင့်ရရှိပြီး စီးပွားရေးအရလည်း တွက်ခြေကိုက်နိုင်ပါသည်။
(ဂ) ပေါင်းမြက်ရှင်းလင်းရန်လွယ်ကူခြင်းနှင့် သက်သာခြင်း။
(ဃ) တစ်ပင်ခြင်းပြုစုပေးသဖြင့်အထွက်နှုန်းမြင့်မားကာ စိုက်ပျိုးသူအတွက်အကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။ ပြည်ပပို့ကုန်အမည်သစ် တစ်မျိုးအဖြစ် အရည်အသွေးမှီချင်းများ ထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ပါသည်။
(င) အထွက်နှုန်းမှာလည်း ရှမ်းပြည်နယ်တွင်စိုက်သော အတန်းလိုက်စိုက်စနစ်ထက် (၂)ဆ မှ (၂.၅)ဆ ပိုမိုထွက်ရှိပြီး စီးပွားရေးအရ ပိုမို တွက်ချေကိုက်နိုင်ပါသည်။
ခြင်းထဲတွင် အသုံးပြုထားသည့်မြေဆွေးများကို ချင်းများ တူးဖော်ပြီးသည့်အခါ အခြားသီးနှံများစိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါ သည်။ နောက်နှစ်ချင်းစိုက်ရာတွင်လည်း ထပ်မံအသုံးပြုနိုင်ပါသည်။ ဤနည်းစနစ်ဖြင့် နနွမ်းနှင့် အာလူးများကိုလည်း အလားတူ စိုက်ပျိုးနိုင် ပါသည်။
The post ချင်းစိုက်ပျိုးထုတ်လုပ်နည်း appeared first on Myanmar Farmers' Portal.