Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ကိုကိုး စိုက်ပျိုးနည်း

$
0
0

၁။ စိုက်ပျိုးသည့်ဒေသ

မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

၂။ရာသီဥတု

ပူအိုက်စွတ်စိုလျက် နေ့စဉ်အပူချိန် ၆၀နှင့် ၈၀ဒီဂရီဖာရင်ဟိုက်အတွင်းရှိ တနှစ်လျှင် မိုးရေချိန်၆၀လက်မနှင့် လစဉ် ၃လက်မမှ ၄လက်မ အတွင်း မိုးရွာသွန်းသောဒေသမျိုးကို အနှစ်သက်ဆုံးဖြစ်သည်။ ထို့ကြောင့် လစဉ်မိုးရွာသွန်းမှုမရှိပါက လိုအပ်သောအစိုဓာတ် ရရှိစေ   ရေးအတွက်ရေသွင်းပေးရန်လိုသည်။

၃။ မြေအမျိုးအစား

မြေသြဇာထက်သန်ပြီး ရေစိမ့်ဆင်းကောင်းသောမြေအမျိုးအစားတွင် စိုက်ပျိုးနိုင်ပါသည်။ သဲနုန်းမြေပွမြေမျိုးကို ရွေးချယ်ရမည်။မြေကြီး၏ အချဉ်အငန်ဓာတ်မှာ ပီအိပ်ခ်ျ ၆မှ ၇အတွင်း ရှိမည်။

၎။ ပျိုးထောင်ခြင်း

ကိုကိုးမှာ ပိန်နဲသီးကဲ့သို့ပင်စည်နှင့် ကိုင်းရင်းများမှာအညှာထွက်၍ အသီးသီးသည်။မျိုးယူရာတွင် ပင်စည်မှအညှာထွက်သော သီးခုံ အညှာရင်း မနာစေရန်နှင့် ရောဂါကူးစက်ခြင်းမရှိစေရန် ဆေးရည်စိမ်ထာသော ကတ်ကြေးဖြင့်ဖြတ်၍ခူးရသည်။

အသီးများခူးပြီးကြာကြာထားပါက အချဉ်ပေါက်၍ အစို့ထွက်ညံ့တတ်သည်။ သို့ဖြစ်၍ ခူးပြီး (၂၄)နာရီတွင်း ပျိုးထောင်ရသည်။ ရင့်မှည့်   သော ကိုကိုးသီးတလုံးကို ခွဲပါကအစေ့ပေါင်း ၃၀မှ ၄၀ခန့်အထိရှိရာ ယင်းအစေ့များထဲမှ စိတ်ကြိုက်အစေ့များကို ရွေးချယ်၍ ချက်ချင်း မီးဖိုပြာလူးပြီး အစိုဓါတ်အသင့်အတင့်ရှိရုံမျှနေလှန်းပေးရသည်။

ပျိုးခင်း (သို့မဟုတ်) ပျိုးအိတ်တွင် ထည့်ရန်နွားချေးဆွေးကို ဆတူရောစပ်ရသည်။ ပျိုးသက်အနေဖြင့် အနည်းဆုံး ၆လမှ တစ်နှစ်အတွင်း ထားလေ့ရှိ၍ ပျိုးအိတ် (သို့မဟုတ်) ပျိုးခြင်းမှာ အရွယ်အစားကြီးရန် လိုအပ်သည်။ပျိုးထောင်စမှစ၍ ရေကို လိုအပ်သလို   လောင်းပေးရ သည်။ အမိုးအကာထားရန်လိုသည်။ အပင်ကြီးလာ၍ နွေရာသီရောက်ပါက ပျိုးပင်များကို ချဲပေးရန်နှင့် နေပူဒဏ်ခံနိုင်စေရန် အမိုးကိုခွာ၍ အကျင့်ပြုလုပ်ပေးရမည်။

၅။ မြေပြုပြင်ခြင်း

ကိုကိုးပင်မှာ စွတ်စိုထိုင်းမှိုင်းပြီး သစ်ပင်ကြီး များပေါက်ရောက်၍ လေကာနေကာရှိကာ၇ှိသောနေရာများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ သို့ဖြစ်၍အရိပ်ပင်ကြီးများကို  မခုတ်လှဲပဲ ချန်လှပ်ပြီး တောခုတ်ခြင်း၊ အခြောက်လှမ်း၍မီးရှို့ကျွန်းခွေ ပြုလုပ်ခြင်းတို့ကိုပြုလုပ်ရသည်။ သို့မဟုတ် တောထဲမှာပင် အကျယ် (၉ပေ၊ ၁၀ပေ) ခန့်ရှိသော စိုက်မြောင်းကို ရှင်းလုပ်ပြုလုပ်ရသည်။မြေပြန့်တောပါးသော နေရာတွင် တနှစ်ခန့်ကြိုတင်၍ မြေရှင်းခြင်း၊ အရိပ်ပင်စိုက်ခြင်းများ ပြုလုပ်ရသည်။ ကိုကိုးစိုက်သော စိုက်ကျင်းကို အကျယ်(၂ပေ)ပတ်လည် အနက် (၃)ပေ တူး၍ စိုက်စတွင် အပေါ်ယံမြေလွှာကို နွားချေးဆွေး၊ သစ်ရွက်ဆွေး (သို့မဟုတ်) မြေဆွေးဆတူရောထည့်၍ ကျင်းကိုမြေပြန့်ဖို့ ထားရန်လိုသည်။ မြန်မာပြည်တွင် ရာသီဥတုအခြေအနေအရ (၉×၉)ပေမှ (၉×၂)ပေ အကွာအဝေးထား၍ စိုက်သင့်သည်။ အကယ်၍ အုန်းခြံတွင်ရောနှော၍ စိုက်ပါက အုန်းပင် (၃၀×၃၀)ပေတွင် ကိုကိုး(၁၀×၁၀)ပေ စိုက်ပျိုးလျက်  (၂၅×၂၅)ပေ အကွာအဝေးရှိသော အုန်းခြံတွင် (၈×၁၂)ပေစိုက်လျှင် သင့်တင့်သည်။

၆။ ပြောင်းရွှေ့စိုက်နည်း

စိုက်ရာသီ၌ ပြောင်းရွှေ့စိုက်ရန် အကောင်းဆုံးဖြစ်သည်။ သင့်လျှော်သော အကွာအဝေးအရ တူးထားသော ကျင်းများ၏ အလယ်တည့် တည့်တွင် ပျိုးပင်ကို တည့်မတ်စွာထား၍ စိုက်ရသည်။ အပင်ရှည့်နွဲ့သောပျိုးပင်များကို ငုတ်များစိုက်ထူ၍ ချည်နှောင်ပေးရန်လိုသည်။ အရိပ်နှင့်နေကာပင်များ မရှိလျှင် မဖြစ်သောသီးနှံပင်ဖြစ်သောကြောင့် ကိုကိုးပင်များ မစိုက်ခင် အမြဲတမ်းအရိပ်ပင်များ စိုက်ပျိုးထားရန် လိုသည်။ ယာယီအရိပ်ပင်အဖြစ် ငှက်ပျောပင်သည် အကောင်းဆုံဖြစ်သည်။ ပိုဇာပင်၊ ပေါက်ပန်းဖြူ၊မဲဇလီ၊ ဘောစကိုင်း၊ တညင်းပင်ကို စိုက်နိုင်သော်လည်း အပင်ကြီးထွားမှုနှေးကွေးသောကြောင့် ကြိုတင်စိုက်ထားရန် လိုသည်။ အုန်းပင်ကြား၌ စိုက်ပျိုးမှုသည့် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရသည်။

၇။ မြေသြဇာ

စိုက်ပြီး ၄-လမှ ၁၀လသားအထိ အပင်တပင်အတွက် ယူရီးယား ၆-ကျပ်သား၊ တီဆူပါ ၆-ကျပ်သား၊ ပိုတက်-၂ကျပ်သားကိုလည်းကောင်း၊ ၁၈လသားကျော်သောအပင်အတွက် ယူရီးယား ၁၆-ကျပ်သား၊တီဆူပါ-၁၆ကျပ်သား၊ ပိုတက် ၅-ကျပ်သားကိုလည်းကောင်း၊ တနှစ်လျှင် မိုးဦးတစ်ကြိမ် မိုးနှောင်းတစ်ကြိမ်ထည့်ပေးရမည်။

၈။ အပင်ပြုစုနည်း

အပင်ပြုစုခြင်းကို (၂)ဆင့်ထား၍ ပြုလုပ်ရသည်။ အပင်ပုံဖော်ခြင်းနှင့် သီးကိုင်းမွေးခြင်းဟူ၍ လုပ်ငန်း ၂ဆင့်ရှိသည်။

(က) အပင်ပုံဖော်ခြင်း

အပင်၏သက်တမ်း(၁နှစ်မှ ၃နှစ်)အတွင်း အပင်အဖျားတွင် အကိုင်း၃ကိုင်းမှ ၅ကိုင်းအထိ စုံဖြာ၍ထွက်လာသည်။ ထိုကိုင်းစုံဖြာထွက်မှု သည် အပင်ခြေမှ ၅ပေခန့်အမြင့်၍သာ ရှိစေရမည်။ အကယ်၍ ၅ပေထက်နိမ့်၍ဖြာထွက်ပါက ယင်းကိုင်းစုံအား ဖြတ်၍   နောက်ကိုင်း တစ်ခုအသစ် ထပ်မံမွေးယူရမည်ဖြစ်ပါသည်။

(ခ) သီးကိုင်းမွေးခြင်း

ကိုကိုးပင်သည်ပင်စည်နှင့် ကိုင်းများမှသာ အသီးသီးသောကြောင့် ပင်စည်နှင့်ကိုင်းများ ဖြောင့်တန်းစေရန် ကိုင်းပို ကိုင်းညှပ်များကို   ဖြတ်တောက်ပေးရန် လိုသည်။ အသီးသီးမည့် ပင်စည်နှင့် သီးဆုံများတွင်ေ၇ာဂါဝင်ခြင်း၊ နာခြင်းများမရှိစေရန်ဂရုစိုက်၍ ပြုစုပေးရမည်။ ပင်စည်မှ ရေစို့တက်များထွက်လာပါက ဖြတ်တောက်ပေးရမည်။

၉။ ပိုးမွှား-ရောဂါ ကာကွယ်နှိမ်နင်းနည်းများ

ပင်စည်ထိုးပိုး၊ရွက်စားပိုးနှင့် သီးပုပ်ရောဂါများ ကျရောက်ဖျက်စီးမှု ရှိတတ်သည်။ အသီးသီးချိန်တွင် ကြွက်၊ပူး၊ ရှဥ့်နှင့် ရှူးပျံတို့လည်း ဖျတ်ဆီးတတ်သည်။ မိုးဦးနှင့် မိုးပြတ်စရွက်နုထွက်ချိန်တွင်ရွက်စားပုရစ် ပိတုန်းများကျရောက်တတ်ပါသည်။ ယင်းအန္တရာယ်များကို ကာကွယ်နှိမ်နင်းရမည်။ သီးပုပ်ရောဂါမှ အပျက်အစီးများတတ်သဖြင့် ထုံး၊ဒုတ္ထာဖျော်ရည်ကို (၅း၅း၅၀)အချိုးအစားဖော်စပ်၍ ပက်ဖျန်းကာ ကာကွယ်နှိမ်နင်းပေးရသည်။ ပိုးမွှားများအတွက် မလာသီယွန်ပိုးသတ်ဆေးရည်ဖြင့် နှိမ်နင်းနိုင်သည်။

၁၀။ ဆွတ်ခူးခြင်း

စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပြီး ၄နှစ် ကြာလျှင် ပန်းစပွင့်၍ အသီးသီးသည်။ ၅နှစ် မှ ၂၀နှစ်အထိ ဖြိုက်ဖြိုက်သီးပြီး ပင်သက် (၄၅)နှစ်   ကျော်သည်အထိ ဆက်လက်သီးသည်။ တစ်ပင်လျှင် အနည်းဆုံးအလုံး ၂၀သီးမှသာလျှင် စီးပွားရေးတွင် ထွက်ခြေကိုက်သည်။

၁၁။ အထွက်နှုန်း

တဧကလျှင် ကိုကိုးအစေ့ ခြောက်ပိသာ၊ (၅၀မှ ၈၀)ခန့်အထိထွက်ရှိနိုင်ပါသည်။

 

 

 

 

The post ကိုကိုး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link