အာရေဗျကော်ဖီသည် စပွင့်သည်မှ အသီးရင့်မှည့်သည်အထိ ခြောက်လ၊ ရှစ်လ၊ ယူဂန္ဓာ ကော်ဖီသည် ရှစ်လ၊ ဆယ့်တစ်လ၊ လိုက်ဘရီးယားကော်ဖီသည် ဆယ်နှစ်လ ဆယ်လေးလ ကြာသည်။ အာရေဗျ ကော်ဖီသည် အသီးရင့်မှည့်လျှင် ကြွေတတ်သဖြင့် မှည့်လျှင် ချက် ချင်းခူးရသည်။
ကော်ဖီသီးများကို မိုးပြတ်သော ရာသီတွင် ဆွတ်ခူးသင့်သည်။ ကော်ဖီသီးများ နီလာသောအခါ ခူးယူနိုင်သည်။ မရန်းရောင်၊ အညိုရောင်ရှိလျှင် အသီးများ အမှည့်လွန်လာသည်။
စိုက်ခင်းထဲတွင် စိုက်ပြီး သုံးနှစ်ကြာလျှင် အသီးစသီးသည်။ သီးစတွင် အထွက်နှုန်း နည်းသော် လည်း နောင် အနည်းငယ်အတွင်း အထွက်နှုန်း ကောင်းလာသည်။ ကော်ဖီသီးများ ဆွတ်ခူး ရာတွင် တစ် နှစ်လျှင် တစ်ကြိမ်တည်းလည်းကောင်း၊ ဆယ်ငါးကြိမ်အထိလည်းကောင်း ခူးကြသည်။
အညှာလွယ်သော မျိုးဖြစ်လျှင် ကိုင်းများကို လှုပ်ခါပေးပြီး အသီးမှည့်များကြွေကျသော အခါလိုက်ကောက်ယူ ကြသည်။
အပင်အောက်တွင် အ၀တ်စခင်းထားပြီး လူသုံးလေးဦးက လက်ဖြင့် သပ်ချ၍ လည်း စုဆောင်းနိုင်သည်။
ဆွတ်ခူးရရှိသော ကော်ဖီသီးများကို ရေတစ်ရက်စိမ်ပြီးနောက် စက်ဖြင့်ကြိတ်၍ ဖြစ်စေ၊ မောင်းဆုံးတွင် ထည့်ထောင်း၍ ဖြစ်စေ အသားကွာအောင် အသားခွာရသည်။
အသားခွာပြီး အသီးများကို အင်္ဂတေ ရေကန်တွင် နှစ်ဆယ့်လေးနာရီခန့် ရေစိမ်ပြီး အပုပ်ခံရသည်။
အပုပ်ခံပြီး အသီးများကို ရေစီးဆင်းမှုရှိသော ရေကန်တွင် လျင်မြန်စွာဆေးကြောရသည်။ ရေကန်ပေါ်တွင် ပေနေသော အသီးခွံများ နှင့် အစားအကြွင်းအကျန်တို့ကို ဖယ်ရှားပြီးနောက် အခွံမာဖုံး ကော်ဖီစေ့များကို ရရှိသည်။
အခွံမာဖုံး ကော်ဖီစေ့များကို တလင်းပေါ်တွင် ခုနှစ်ရက်နေလှန်းသောအခါ အစေ့ခြောက်များကို ရရှိသည်။ ပြန်စိုက်ရန် မျိုးယူလိုလျှင်ငါးရက်သာ နေလှန်းရသည်။
ထို့နောက် ကော်ဖီမှုန့် ထုတ်လုပ်ခြင်း လုပ်ငန်း ဆက်လက်လုပ်ကိုင်ရသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကော်ဖီသီး ဆွတ်ခူးခြင်း နှင့် ကော်ဖီစေ့ထုတ်ယူခြင်း appeared first on Myanmar Farmers' Portal.