- မြေပြုပြင်ရာတွင် ထယ်ရေးနက်၍ ထွန်ရေးညက်ရန် လိုအပ်သည်။
- အစေ့ထုတ်ပြောင်းသီးနှံကို မိုးရာသီ (မေလဆန်းမှ ဇွန်လကုန်) ထိ၊ ဆောင်းရာသီတွင် (စက်တင်ဘာ၊ အောက်တိုဘာ) အတွင်း စိုက်ပျိုးသင့်သည်။
- မြေဆောင်ရောဂါများကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုး လူးနယ်စိုက်ပျိုးသင့်သည်။
- အစိုဓာတ်ထိန်းပေးရန် ကြမ်းတုံးဖြင့်ရိုက်ပြီးမှ စိုက်ကြောင်းဆွဲသင့်သည်။
- တစ်ဧကအပင်ဦးရေ အနည်းဆုံး (၂၀၀၀၀၀ မှ ၂၅၀၀၀) ရရှိရန် အစေ့ထုတ်ပြောင်းကို (တန်းကြား ၂.၅’ ၊ ပင်ကြား ၉”) စိုက်ပျိုးသင့်သည်။
- စိုက်ကြောင်းတွင် မျိုးစေ့ (၂) စေ့ခန့်ကို (၂” – ၂.၅”) အနက်ထက်မပိုပဲ မျိုးစေ့ချသင့်သည်။ ပြောင်းဖူးတွင် အလင်းရောင်တုန့်ပြန်မှုမရှိ၍ အစိုဓာတ်ရရှိပါက မည်သည့်လတွင်မဆို စိုက်ပျိုးနိုင်သည်။
- မြေခံအဖြစ် ယူရီးယာ (၁/၂) အိတ်၊ တီစူပါ (၁) အိတ် နှင့် ပိုတက်ရှ် (၁/၂) အိတ်၊ သဘာဝမြေသြဇာ (နွားချေး)၊ သစ်ရွက်ဆွေးမြေသြဇာ ထည့်ပေးသင့်သည်။
- စိုက်ပြီး (၇)ရက်အကြာ ပင်မပေါက်သည့် ကျင်းများတွင် မျိုးစေ့ထပ်ချရမည်။
- အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်း (၁)ပင်ချန်မဖြစ်မနေသားခွဲပြီး အပင်ခြေမြေဆွခြင်းဆောင်ရွက်ပါ။ ကျင်းပျောက်ရှိပါက ကပ်လျက်ကျင်းတွင် (၂) ပေချန်၍ သားခွဲသင့်သည်။
- (၂၀ – ၂၁) ရက်သားတွင် ကြားထွန်လိုက်စဉ် တစ်ဧက ယူရီးယား (၁/၂) အိတ် ပိုတက်ရှ် (၁/၄) အိတ် ထည့်သင့်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post အစေ့ထုတ်ပြောင်း အပင်ပြုစုစောင့်ရှောက်ခြင်းအကြောင်း appeared first on Myanmar Farmers' Portal.