Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠နှမ်းသီး⁠နှံတွင် အဓိကကျ⁠ရောက်⁠သော ပိုးမွှားများနှင့် ကာကွယ်⁠နှိမ်နင်းနည်းများ

$
0
0

နှမ်းဖြုတ်ပိုး

သိပ္ပံအမည်                   – Orosius albicinetus

လက္ခဏာရပ်

အကောင်ငယ်နှင့် အကောင်ကြီးများပါအရွက်အောက်မျက်နှာပြင်တွင်နေသည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ကိုထိခိုက် ပျက်စီးမှု မရှိသော်လည်း နှမ်းဖိုရောဂါ ဖြစ်စေသည့် သက်ရှိကို သယ်ဆောင်သောကြောင့် နှမ်းဖိုရောဂါ ကူးစက်ပြန့်ပွားစေပါသည်။

ကျရောက်ချိန်

ပင်ပိုင်းကြီးထွားချိန် တစ်လျောက် ကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

ပေါင်းမြက်များရှင်းလင်းပါ။ သီးလှည့်စိုက်ပျိုးပါ။ မျိုးစေ့ ဆေးစီရင်ခြင်းပြုလုပ်ပါ။ ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။

သီးလုံးဖောက်ပိုး

သိပ္ပံအမည်

Helicoverpa armigera

လက္ခဏာရပ်

လောက်ကောင်များသည် အပွင့်၊ အရွက်၊ အသီးနုတို့ကို စားသောက်ကြသည်။အသီးတွင် ၀င်ရောက်စားသုံး၍ ရေစိုနာကွက်များ ဖြစ်ပေါ်ပြီး မရင့်မှည့်ခင် ကြွေကျနိုင်ပါသည်။ အရွက်များပေါ်တွင် ကြပ်ခိုးမှိုများတွေ့နိုင်သည်။

ကျရောက်ချိန်

ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန်တစ်လျောက် ကျေ၇ာက်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

ထယ်ရေးနက်နက် ထိန်ပေးပါ။ သီးလှည့် စိုက်ပျိုးခြင်းဖြင့် ပိုးဦးရေကို လျော့နည်းစေသည်။ မြေပြင်ချိန်တွင်  ပိုးသတ်ဆေး တစ်မျိုးမျိုးထည့်ပါ။ ထိသေစားသေ ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။

နှမ်းစေ့စုပ်ဂျပိုး

သိပ္ပံအမည်

Aphanus sordidius

လက္ခဏာရပ်

အရွယ်ရောက်ကောင်ကြီးများသည် နှမ်းသီးများကို စုပေါင်းစုပ်စားကြပြီး နှမ်းနယ်လေ့သည်ချိန် ဆက်လက်ဖျက်ဆီးပြီး သိုလှောင်ချိန်ထိ ကျရောက်နိုင်သည်။

ကျရောက်ချိန်

နှမ်းသီးချိန်မှ ရိတ်သိမ်းခြွေလှေ့ချိန်အထိကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

ပေါင်းမြက်များရှင်းလင်းပါ။ ဥအစုများကို ရှာဖွေဖျက်ဆီးပါ။ ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။

ပျပိုး

သိပ္ပံအမည်

Aphis gossypii

လက္ခဏာရပ်

အပွင့်များ၊ အရွက်များ၊ ပုံသဏ္ဍာန်မမှန်ခြင်း၊ အရောင်ပြောင်း၍ ညိုသွားခြင်း နှင့် ကြပ်ခိုးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ပင်ပိုင်းကြီး ထွားမှုနှေးကွေးပြီး အပင်များပု၍ သေးကွေးခြင်း ဖြစ်ပေါ်မည်။

ကျရောက်ချိန်

ပန်းပွင့်ချိန်၊ အသီးသီးချိန် နှင့် ပင်ပိုင်းကြီးထွားချိန် တစ်လျှောက်ကျရောက်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ။

သရစ်ပိုး

သိပ္ပံအမည်

Thrips tabaci

လက္ခဏာရပ်

ခေါင်ညွန့်သေခြင်း၊ ပန်းပွင့်များ ရေစိုနာကွက်ဖြစ်၍ အရောင်ပြောင်းခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်းတို့ ဖြစ်သည်။ အရွက်များလိပ်၍ ကုပ်နေသည်ကိုတွေ့ရသည်။

ကျရောက်ချိန်

ပျိုးပင်ပေါက်အဆင့်မှ ခူးဆွတ်ရိတ်သိမ်းချိန်ထိ ကျရောက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

ပေါင်းမြက်များရှင်းလင်းပါ။ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။ ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးပက်ဖျန်းပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ⁠နှမ်းသီး⁠နှံတွင် အဓိကကျ⁠ရောက်⁠သော ပိုးမွှားများနှင့် ကာကွယ်⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>