Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဟင်းသီးဟင်းရွက် တွင် ကျ⁠ရောက်တတ်⁠သော ပိုးမွှား⁠ရောဂါ ⁠နှင့် ကာကွယ် ⁠နှိမ်နင်းနည်းများ

$
0
0

ဖားဥမှိုရောဂါ (Powdery mildew)

ရောဂါဖြစ်စေသက်ရှိ – Sphaerotheca fuliginea

ကျရောက်သည့်အချိန် – ဆောင်းရာသီ

ရောဂါလက္ခဏာ

ဘူး၊ ဖရုံ၊ သခွားမျိုးရင်းဝင် အပင်များတွင် အများဆုံး ကျရောက်သော ရောဂါဖြစ်သည်။ ဖြူဖျော့ဖျော့ မှိုမျှင်အစုအဝေးကို အရွက်၏အပေါ် မျက်နှာပြင်တွင် စတင်တွေ့ ရှိရသည်။ ထိုမှိုမျှင်စုများ ပေါင်းစပ်သွားပြီး ၊ ရွက်ညှာနှင့် ပင်စည်ပေါ်အထိ ပျံ့ နှံ့ သွားသည်။ ရောဂါရ အရွက်သည် အ၀ါရောင်မှ အညိုရောင်သို့  တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အသီးတွင် များသောအားဖြင့် ရောဂါကျရောက်မှု မရှိသော်လည်း ထိုရောဂါရအပင်မှ အသီး များသည် အချိန်မတန်မီ ရင့်မှည့်၍ အသီး၏အရည်အသွေး၊ အလေးချိန်လျော့နည်း ကျဆင်းကာ အသီးဖြစ်ပေါ် မှုလည်း နည်းပါစေသည်။

ရောဂါသံသရာ

ရောဂါဖြစ်စေမှိုသည် ခြောက်သွေ့ သော ရာသီဥတုနှင့် မြေတွင်းအစိုဓါတ်နည်းချိန်တွင် ပို၍ အဖြစ်များသည်။ တစ်ပင်မှ တစ်ပင်သို့  လေအားဖြင့် ကူးစက်ပျံ့ နှံ့ နိုင်သည်။ ဖားဥမှိုရောဂါသည် ဘူး၊ ဖရုံ၊ သခွာ မျိုးရင်းဝင်များသာမက အခြားသော ခရမ်းမျိုးရင်းဝင် အပင်များ၊ ရုံးပတီး နှင့် ပဲမျိုးရင်းဝင် အပင်များပေါ်တွင်လည်း ဖြစ်ပေါ်စေနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ရောဂါခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။

(၂) မြေတွင်း အစိုဓါတ်နည်ခြင်းသည် ရောဂါကျရောက်မှုကို ပိုမို ဖြစ်ပေါ်စေနိုင်သဖြင့် ရေကို လုံလောက်စွာပေး သွင်းပါ။

(၃) ရောဂါကျရောက်ပါက မှိုသတ်ဆေးများဖြစ်သော ကူးမြူလပ် (Kumulus) PHI (၇)ရက် (၂၀၀ – ၄၀၀) ဂရမ် /ဧက၊ ဘီနိုမိုင်း (Benomyl) PHI (၇) ရက် (၈၀ – ၁၆၀) ဂရမ်/ဧက၊ ဘာဗစ်စတင် (Bavistin)PHI (၇) ရက် (၅၀ – ၁၀၀) စီစီ /ဧက နှုန်းဖြင့် (၁၀ – ၁၄) ရက်ခြား တစ်လှည့်စီ ပက်ဖြန်း ပါ။

စိုက်ပျိုးရေးဦးစီးဌာန

The post ဟင်းသီးဟင်းရွက် တွင် ကျ⁠ရောက်တတ်⁠သော ပိုးမွှား⁠ရောဂါ ⁠နှင့် ကာကွယ် ⁠နှိမ်နင်းနည်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>