မြန်မာအမည် – ဂေါ်ဖီထုပ်
အင်္ဂလိပ်အမည် – CABBAGE
ရုက္ခဗေဒအမည် – Brassica aleracea var; capitata
မျိုးရင်းအမည် – CRUCIFERAE
၁။ မူရင်းဒေသ
ဥရောပတိုက်တောင်ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်း မြေထဲပင်လယ်အနီးပတ်ဝန်းကျင် ဖြစ်သည်။
၂။ အမျိုးအစား
ဂေါ်ဖီထုပ်ကို အကြမ်းအားဖြင့် အုပ်စု (၃) စု ခွဲခြားထားသည်။
(၁) Common Cabbage
အစိမ်းရောင် အရွက်အုပ်စုဖြစ်၍ အလုံးပုံ၊ အပြားပုံ၊ ထိပ်ချွန်ပုံနှင့် ရံဖန်ရံခါ ဘဲဥပုံသဏ္ဍာန်များ ရှိကြသည်။ ပန်းပွင့်သောအလေ့အထတွင် စောခြင်း၊ နောက်ကျခြင်းရှိသည်။ အရွက်အထူမျိုး၊ အပါးမျိုးဟူ၍ ရှိသည်။ မြန်မာပြည်တွင် သရဖူမျိုး၊ Topical Delight Pro -588 မျိုးများ စိုက်လျက် ရှိပါသည်။
(၂) Red Cabbage
ခရမ်းနီရင့်ရောင် အရွက်အုပ်စုတွင်ပါဝင်သည်။ အများအားဖြင့် အလုံးပုံဖြစ်၍ အရွက်ထူသည်။ အပူ ဒဏ်ခံနိုင်မှုနည်းသည်။ သက်လျင်မျိုးမှ သက်ကြီးမျိုးထိ ရှိသည်။
(၃) Savoy Cabbage
ရွက်တွန့်မျိုးဖြစ်သည်။ အပြားပုံသဏ္ဍာန်ရှိသည်။ တရုတ်မုံညင်းနှင့် ဂေါ်ဖီထုပ် မျိုးစပ်၍ ရရှိသောမျိုးဖြစ် ကာ အနံ့ကောင်းမွန်ပြီး စားသုံးရာတွင် နူးညံ့မှုရှိသည်။
မြန်မာနိုင်ငံတွင် သက်တမ်းကိုလိုက်၍ အောက်ပါအတိုင်း (၃) မျိုး ခွဲခြားထားသည်။
သက်လျင် မျိုး – သက်တမ်း (၉၀-၁၀၀) ရက်ရှိသည်။
သက်လတ် မျိုး – သက်တမ်း (၁၁၀-၁၃၀) ရက်ရှိသည်။
သက်ကြီး မျိုး – သက်တမ်း (၁၃၀-၁၅၀) ရက် ရှိသည်။
၃။ မြေအမျိုးအစား
မြေအမျိုးအစားမရွေး ဖြစ်ထွန်းပါသည်။ မြေသြဇာအလွန်စားသုံးသည့်အပင်မျိုးဖြစ်သဖြင့် သဲနုန်းမြေတွင် အကောင်းဆုံးဖြစ်ထွန်းသည်။ ထို့အပြင် ရေစီးရေလာကောင်းပြီး၊ ရေသွင်းရေထုတ် လွယ်သည့် မြေတွင် စိုက်ရမည့် မြေအချဉ်အငံဓာတ် pH (၅.၅ – ၆.၅) တွင် စိုက်သင့်ပါသည်။ မြေချဉ်လွန်းပါက အမြစ်တင်း ပုပ်ရောဂါ ဖြစ်တတ်သည်။ ဤကဲ့သို့ ဖြစ်လျှင် ထုံးထည့်ပေးရန် လိုအပ်ပါသည်။
၎။ ရာသီဥတု
ဂေါ်ဖီထုပ်သည် အအေးဒဏ်ကို နှစ်သက်သောကြောင့် Cool Crops အဖြစ် သတ်မှတ်ရာအေးပြီး စိုစွတ်နေသည့် ရာသီဥတုကို အထူးကြိုက်နှစ်သက်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် (၆၀-၇၀) ဒီဂရီဖာရင် ဟိုက်တွင် အကောင်းဆုံးဖြစ်ထွန်း၏။ (၅၅) ဒီဂရီဖာရင်ဟိုက်အောက် ရာသီမျိုးနှင့် (၈၀) ဒီဂရီဖာရင်ဟိုက်ထက် ကျော်ပါက ကြီးထွားမှု နှေးကွေးသွား၏။ အစေ့မှ အပင်ပေါက်ရန် အကောင်းဆုံးမြေအပူချိန်မှာ (၅၅-၆၀) ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။
၅။ မြေပြုပြင်ခြင်း
(က) ပျိုးထောင်ခြင်း
(၂၅ x ၂.၅) ပေရှိ ပျိုးဘောင် (၆) ဘောင်ပြုလုပ်ပါက တစ်ဧကအတွက် ပျိုးပင် လုံလောက်၏။ ပျိုးဘောင်ပြုလုပ်ရာတွင် မြေကောင်းလျှင် ဓာတ်မြေသြဇာထည့်ရန် မလိုဘဲ မြေညံ့လျှင် ယူရီးယား (၁၀) ပေါင်ခန့် နှင့် အော်ဒရင်းဆေးမှုန့် (၆) ပေါင်ကို ပျိုးဘောင်တွင် ညီညာစွာ ထည့်ပေးရမည်။ ပျိုးဘောင်ပေါ်တွင် (၁) လက်မအနက် မြောင်းများကို (၄) လက်မခြားဖော်ပေးရမည်။ မျိုးစေ့ (၁) အောင်စကို ပျိုးထောင်လျှင် အပင် (၁၅၀၀-၂၀၀၀) ခန့်အထိရ၍ တစ်ဧကလျှင် မျိုးစေ့ (၅) အောင်စ (၂၀၀ ဂရမ်) ခန့်ဆိုလျှင် လုံလောက်ပါ သည်။
(ခ) ပြောင်းရွှေ့စိုက်ပျိုးခြင်း
စက်ထယ်တစ်စပ်၊ စက်ထွန် (၂) စပ်ကို မစိုက်မီ၊ (၁) ရက်ခန့် ကြိုတင်ပြုပြင်ထားရမည်။ နွားချေး/မြေ ဆွေး (၄-၅) တန်ခန့် ထည့်ပေးရပါသည်။ ထို့နောက် စိုက်ကျင်းကို (၂) ပေကွာပြီး (၃) ပွင့်ဆိုင်ပေါက်တူးဖြင့် ကျင်းဖော်ပေးရ၏။ အမျိုးအစားလိုက်၍ (၂-၂.၅) ပေခွာပြီး အတန်းလိုက်စိုက် ကျင်းဖော်ပေးရမည်။ ၄င်းကျင်းထဲ သို့ ဓာတ်မြေသြဇာ (၃) မျိုးအရာကို တစ်ကျင်းလျှင် အနည်းငယ်ထည့်၍ အပေါ်မှ နွားချေးဆွေးပါးပါးကို အုပ် ပေးပြိး ပျိုးပင်ထည့်စိုက်ရပါမည်။ အစေ့မှ တိုက်ရိုက်စိုက်ပါက ပျိုးထောင်စကိသည်ထက် (၂-၃) ပတ်စောထွက် ၏။ သို့သော် ဂေါ်ဖီထုပ် အရည်အသွေးသည် ရွှေ့ပြောင်းစိုက်သကဲ့သို့ ကောင်းမွန်ခြင်းမရှိပါ။
ဂေါ်ဖီထုပ်ကို ပျိုးထောင်၍ ပျိုးသက်တစ်လမှ (၁-၁၁/၂) လအတွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ပူပြင်းသောအချိန်တွင် ပြောင်းရွှေစိုက်ပျိုးလျှင် အသေအပျောက်များတတ်သည်။ ထို့ကြောင့် မိုးအုံ့သော နေ့ဖြစ် စေ၊ ညနေအေးမှဖြစ်စေ၊ ပြောင်းရွှေ့စိုက်သင့်သည်။
၆။ စိုက်ပျိုးချိန်
မြေပြန့်ဒေသ – စက်တင်ဘာလ၊ အောက်တိုဘာလ
တောင်ပေါ်ဒေသ – မတ်လ၊ ဧပြီလ၊ စက်တင်ဘာလ၊ အောက်တိုဘာလ
၇။ မြေသြဇာကျွေးခြင်း
မြေအမျိုးအစားလိုက်၍ မြေသြဇာကို အသုံးပြုရပါမည်။ စံမူနာအဖြစ်ထား၍ အသုံးပြုသင့်သော မြေသြဇာတစ်ဧကနှုန်းထားကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
စဉ် မြေသြဇာ စုစုပေါင်း မြေပြုပြင်စဉ်ထည့် စိုက်ပြီးထည့်
ပထမ ဒုတိယ တတိယ
၁။ နွားချေး၊ ၃-၄ ၃-၄ တန် – – –
မြေဆွေး
၂။ ယူရီးယား ၁၆၀ ပေါင် ၈၀ ပေါင် ၂၀ ၂၀ ၄၀
၃။ တီစူပါ ၁၀၀ ပေါင် ၁၀၀ ပေါင် – – –
၎။ ပိုတက်ရှ် ၁၄၀ ပေါင် ၈၀ ပေါင် – – ၆၀
၅။ ပဲဖတ် ၄၀ ပေါင် ၄၀ ပေါင် – – –
စိုက်ပြီးမြေသြဇာထည့်ရမည့်အချိန်မှာ ပထမအကြိမ် ယူရီးယားကို ရွှေ့စိုက်ပြီး (၁၀) ရက်။ ဒုတိယအကြိမ် ယူရီးယားကို ပထမအကြိမ် ထည့်အပြီး (၁၄) ရက်ခန့်အကြာ။
တတိယအကြိမ် ပိုတက်ရှ်ကို ခေါင်းအထုပ် စတင်ဖြစ်ပေါ်ချိန် ထည့်ရန်နှင့် ယူရီးယားကိုမူ အပင်သန်စွမ်းမှုအပေါ်ကြည့်၍ ထည့်ရန်။
၈။ အပင်ပြုစုစောင့်ရှောက်နည်း
စိုက်ပျိုးပြီး (၁၅) ရက်ခန့်ကြာလျှင် အမြစ်သစ်များထွက်လာပြီး ခေါင်ညွန့်များ ပြန်လည်စိမ်း လန်းစပြုလာသည်။ ၄င်းရက်တွင် ပေါက်ပြားဖြင့် တစ်ကွက်လုံးမြေဆွပေးရ၏။ (၁၅) ရက်တစ်ကြိမ်မြေဆွပေးရ သည်။ ရေအလွယ်တကူရပါက ရေလိုသလို သွင်းပေးရ၏။ မြေပြန့်ဒေသတွင် ရေထမ်းပုံးဖြင့် နေ့စဉ် နံနက် တစ် ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေးရ၏။ ဆွတ်ခူးခါနီးလျှင် ရေကို လျှော့ရောင်းပါမှ အထုပ်ကွဲမှု သက်သာပါ မည်။
ဂေါ်ဖီထုပ်အဆမတန် ကြီးထွားပြီး၊ အကြီးမြန်ဆန်ပါလျှင် အထုပ်ကွဲအက်တတ်ပါသည်။ အထူး သဖြင့် သက်ကြီးမျိုးတွင် ဖြစ်တတ်ပါသည်။ ရေအလွန်အမင်းများလျှင် (သို့မဟုတ်) မိုးရွာသွန်းမှုများလျှင် ဤကဲ့ သို့ ဖြစ်တတ်ပါသည်။ ကာကွယ်ရန် အပင်ကို နဲ့ပေးရပါမည်။
၉။ ဆွတ်ခူးခြင်း
အရွက်ကြီးများအောက်သို့ အနည်းငယ်လန်ကျပြီးအထပ်များ မာကျစ်လာလျှင် ဆွတ်ခူးနိုင်ပါ သည်။ အရွက်ကြမ်း (၃-၄) ရွက်ပါအောင် ပင်စည်မှ ဓားထက်ထက်ဖြင့် လှီးဖြတ်ရပါမည်။ အပင်ငုတ်များကို ကောင်းစွာချန်ထားပါလျှင် ၄င်းတို့မှ အထုပ်ကလေး ထွက်လာတတ်ပါသည်။ သို့သော် စားသုံးရန်မသင့်ချေ။ အပင်ကောင်းမွန်ပါက တစ်ဧကအထုပ်ပေါင်း (၆၀၀၀ – ၇၀၀၀) ထိထွက်ပြီး၊ ပိဿာချိန်အားဖြင့် (၃၅၀၀-၄၀၀၀) ထိ ထွက်မည်။ ဂေါ်ဖီထုပ်များကို ရင့်အောင်ထားလျှင် စား၍ အရသာမရှိလှချေ။
၁၀။ မျိုးစေ့ခံယူခြင်း
ဂေါ်ဖီထုပ်စေ့ကို နည်း (၂) နည်းဖြင့် ထုတ်ယူနိုင်ပါသည်။
၁။ ကောင်းမွန်သောအထုပ်ကို ခုတ်ယူရောင်းချပြီး၊ ကျန်သောငုတ်များကို နုတ်ယူပြီး ရွှေ့ပြောင်းစိုက်ပျိုး ခြင်း။
၂။ ဂေါ်ဖီထုပ်ကိုလှီး၍ ရွှေ့ပြောင်းစိုက်ခြင်း၊ အထက်ဖော်ပြပါနည်း (၂) နည်းအနက် ဒုတိယနည်းဖြင့် မျိုးစေ့ကို ထုတ်ယူလျက်ရှိပါသည်။
မျိုးစေ့ထုတ်ယူရာတွင် ရှိရမည့် အရည်အချင်းများ
(၁) အမျိုးအစားပုံသဏ္ဍာန်မှန်၍ အထုပ်ကျစ်လစ်ပြီး ကြီးရမည်။
(၂) ခါးတန်ရှည်လွန်ခြင်း၊ တိုလွန်းခြင်းမဖြစ်စေရ၊ (၆) လက်မခန့်ရှိရမည်။
(၃) ရောဂါနှင့် အနာအဆာကင်းရှင်းရမည်။
(၄) အရွက်ပျဉ်းရမည်။
ဂေါ်ဖီထုပ်လှီးနည်းများ
(က) ဂေါ်ဖီထုပ်ကို ထိပ်တည့်တည့်မှ အပေါင်းလက္ခဏာသဏ္ဍာန်အထုပ်၏ (၇.၅) ထိ ဓားထက်ထက် နှင့် လှီးရမည်။
(ခ) အခြားနည်းမှာ ဂေါ်ဖီထုပ်ပတ်လည်ရှိ အရွက်များကို လှီးပစ်ပြီး၊ အလယ်ပင်စည်တိုင် (Core) အသားကို (၁-၂) လက်မ ချန်ထားရမည်။
ရွှေ့ပြောင်းစိုက်ခြင်း
ကျင်းအကျယ် (၁) ပေ၊ အနက် (၁) ပေ၊ တစ်ကျင်းနှင့် တစ်ကျင်း (၁၁/၂) ပေထား၍ (၂) တန်း စိုက်နိုင်ပါသည်။
မြေသြဇာနှုန်းထား
မျိုးစေ့ထုတ်မည့် အပင် (၁၀၀) အတွက် –
၁။ ယူရီးယား – ၁.၅ ပိဿာ
၂။ တီစူပါ – ၃.၀ ပိဿာ
၃။ နွားချေး/မြေဆွေး (၆)ပုံးတို့ကို ရောစပ်၍ ထည့်ပေးရမည်။ ရာသီဥတုပေါ်မူတည်၍ ရေလောင်းပေး ရပါမည်။
မျိုးစေ့အတွက်
တစ်ပင်မှ မျိုးစေ့ (၁-၁.၅) အောင်စခန့် ရှိပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ဂေါ်ဖီထုပ် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.