မ်ိဳး
ေဒသ မ်ိဳးတြင္ အလုံးလတ္ (၁-၂)ေပ ႏွင့္ အလုံးႀကီး ႏွစ္ေပအထက္ အရွည္ မ်ိဳးဟူ၍ ရွိသည္။ အလုံး လတ္မ်ိဳး မ်ားကို စီးပြားျဖစ္ေျမလႊတ္ စိုက္ၾကသည္။ အလုံးႀကီး မ်ိဳးမ်ားကို အခ်ိဳ႕ေဒသ မ်ားတြင္ စင္တင္ စိုက္ၾကၿပီး ဧရာဝတီ တိုင္းမွ ပန္းတေနာ္၊ ဟသၤာတအလုံးႀကီး မ်ိဳးမ်ားသည္ ထင္ရွားသည္။ မ်ိဳးအား လုံးသည္ အျပင္ခြံတြင္ ဖေရာင္း ပါဝင္မႈ မ်ား၍ အျဖဴေရာင္ ပိုေတာက္သည္။
စိုက္ခ်ိန္
မိုးေႏွာင္းတြင္ ေျမလႊတ္စိုက္ၾကၿပီး စင္တင္စိုက္ပါက တစ္ႏွစ္ပတ္လုံးစိုက္ပ်ိဳးႏိုင္သည္။ အခ်ိဳ႕ေဒသမ်ား တြင္ သစ္ပင္ႀကီးမ်ားႏွင့္တဲမ်ား ေပၚတြင္ တင္၍ ႏွစ္ပတ္လည္ စိုက္ပ်ိဳးထား တတ္ၿပီး အလုံးလတ္ မ်ိဳးမ်ားကို ယိုလုပ္ငန္း အတြက္ စီးပြားျဖစ္ ေျမလႊတ္၍စိုက္ပ်ိဳးၾကသည္။
စိုက္ပ်ိဳးျခင္း
စင္တင္ စနစ္၊ ေျမလႊတ္ စနစ္ကို ေဘာင္ဆြဲ၍ တိုက္႐ိုက္ အေစ့ခ် စိုက္ၾကသည္။ သဘာဝေျမၾသဇာ၊ ႏြားေခ်းႏွင့္ တီစူပါေျမၾသဇာတို႔ကိုေရာ၍ စိုက္ေဘာင္ကို ဆြၿပီး သမေအာင္ေမႊ၍ ထည့္ေပးရမည္။ စင္တင္စနစ္တြင္ သုံးေပအက်ယ္၊ တစ္ေပအျမင့္ ေဘာင္ဆြဲ၍ စိုက္ပါ။ စိုက္ေဘာင္ႀကီးေလ ပိုေကာင္းေလျဖစ္ပါသည္။ ေျမ လႊတ္စနစ္တြင္ ႏွစ္ေပအက်ယ္၊ တစ္ေပအျမင့္ေဘာင္ဆြဲ၍ တစ္ပင္ႏွင့္တစ္ပင္ ႏွစ္ေပၾကားႏွစ္တန္းစိုက္ၿပီး တစ္ေဘာင္ႏွင့္ တစ္ေဘာင္(၁၅-၂၀)ေပျခားဆြဲပါက တစ္ဧကလွ်င္ အပင္ ၂,၀၀၀ခန႔္ ထည့္သြင္းရပါမည္။
ေျမၾသဇာထည့္သြင္းျခင္း
ေက်ာက္ဖ႐ုံ တစ္ဧကလွ်င္ သဘာ၀ ေျမၾသဇာလွည္း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ္၊ တီစူပါ(၂-၄)အိတ္၊ ပိုတက္ရွ္ေျမၾသဇာ(၁-၂)အိတ္ ထည့္ေပးရမည္။ ေဒသမ်ိဳးအားလုံးသည္ စိုက္ၿပီး ရက္ ၁၀၀ ေက်ာ္မွ စတင္ ခူးဆြတ္ႏိုင္သည္။ စိုက္ၿပီး အ႐ြက္ ခုနစ္႐ြက္ထြက္ခ်ိန္တြင္ ေခါင္ႏွိမ္ေပးသင့္ပါသည္။
အျပင္ျပဳစုျခင္း
တိုက္႐ိုက္ အေစ့ခ် စိုက္ျခင္းျဖစ္၍ အပင္ငယ္စဥ္တြင္ သတိထားၿပီး ေပါင္းရွင္းေပးရမည္။ အေစ့ကို အေညႇာက္ေဖာက္ၿပီးမွခ်၍အပင္ငယ္စဥ္တြင္ေရကို မျပတ္ေလာင္းေပးရမည္။ အပင္ႀကီးထြားစဥ္ ေရငတ္ဒဏ္ အသင့္တင့္ခံႏိုင္ၿပီး အသီးစတင္သီးခ်ိန္တြင္လိုအပ္ပါက ေရသြင္းေပးဖို႔ လိုအပ္သည္။
ပိုးမႊားေရာဂါကို အျခားဗူး၊ ဖ႐ုံမ်ိဳးရင္းဝင္အပင္မ်ားထက္ ပိုမိုဒဏ္ခံေသာ္လည္း ေရာဂါကင္းေလ အသီးထြက္မႈပို၍ တာရွည္ေလဖစ္သျဖင့္ အပင္ငယ္စဥ္တြင္ ပိုးမႊားမ်ားကို ဂ႐ုစိုက္ႏွိမ္နင္း၍ မႈိေရာဂါႀကိဳတင္ကာ ကြယ္ထားသင့္ပါသည္။ ခူးယူျခင္း၊ အေစ့ထုတ္ျခင္း အေစ့ခ်ၿပီး ရက္ေပါင္း ၁၀၀ ေက်ာ္တြင္ စတင္၍ ခူးယူစားသုံးႏိုင္သည္။
မ်ိဳးေစ့ထုတ္ယူလိုပါက ပန္းပြင့္ၿပီး ၆၅ ရက္ေက်ာ္မွ ခူးဆြတ္သင့္သည္။ ေက်ာက္ဖ႐ုံသီးသည္ တာရွည္အထားခံသျဖင့္ အလုံးလိုက္အရိပ္ထဲ တြင္ ႏွစ္ပတ္လည္ထားသင့္သည္။ ေက်ာက္ဖ႐ုံတြင္ မ်ိဳးေစ့ကိုအလုံးလိုက္ သဘာဝအတိုင္းသိုေလွာင္ျခင္းျဖင့္ အပင္ေပါက္ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္သည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
ကျောက်ဖရုံ စိုက်ပျိုးနည်း
==================
မျိုး
ဒေသ မျိုးတွင် အလုံးလတ် (၁-၂)ပေ နှင့် အလုံးကြီး နှစ်ပေအထက် အရှည် မျိုးဟူ၍ ရှိသည်။ အလုံး လတ်မျိုး များကို စီးပွားဖြစ်မြေလွှတ် စိုက်ကြသည်။ အလုံးကြီး မျိုးများကို အချို့ဒေသ များတွင် စင်တင် စိုက်ကြပြီး ဧရာဝတီ တိုင်းမှ ပန်းတနော်၊ ဟင်္သာတအလုံးကြီး မျိုးများသည် ထင်ရှားသည်။ မျိုးအား လုံးသည် အပြင်ခွံတွင် ဖရောင်း ပါဝင်မှု များ၍ အဖြူရောင် ပိုတောက်သည်။
စိုက်ချိန်
မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အချို့ဒေသများ တွင် သစ်ပင်ကြီးများနှင့်တဲများ ပေါ်တွင် တင်၍ နှစ်ပတ်လည် စိုက်ပျိုးထား တတ်ပြီး အလုံးလတ် မျိုးများကို ယိုလုပ်ငန်း အတွက် စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။
စိုက်ပျိုးခြင်း
စင်တင် စနစ်၊ မြေလွှတ် စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက် အစေ့ချ စိုက်ကြသည်။ သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကို ဆွပြီး သမအောင်မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် သုံးပေအကျယ်၊ တစ်ပေအမြင့် ဘောင်ဆွဲ၍ စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။ မြေ လွှတ်စနစ်တွင် နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေကြားနှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင်(၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင် ၂,၀၀၀ခန့် ထည့်သွင်းရပါမည်။
မြေသြဇာထည့်သွင်းခြင်း
ကျောက်ဖရုံ တစ်ဧကလျှင် သဘာ၀ မြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ်မြေသြဇာ(၁-၂)အိတ် ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီး ရက် ၁၀၀ ကျော်မှ စတင် ခူးဆွတ်နိုင်သည်။ စိုက်ပြီး အရွက် ခုနစ်ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။
အပြင်ပြုစုခြင်း
တိုက်ရိုက် အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက်ပြီးမှချ၍အပင်ငယ်စဉ်တွင်ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင်လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံသော်လည်း ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကြိုတင်ကာ ကွယ်ထားသင့်ပါသည်။ ခူးယူခြင်း၊ အစေ့ထုတ်ခြင်း အစေ့ချပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် စတင်၍ ခူးယူစားသုံးနိုင်သည်။
မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး ၆၅ ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက်အရိပ်ထဲ တွင် နှစ်ပတ်လည်ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်းဖြင့် အပင်ပေါက် ရာခိုင်နှုန်း ပိုမိုကောင်းမွန်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ေက်ာက္ဖရံု စိုက္ပ်ိဳးနည္း appeared first on Myanmar Farmers' Portal.