Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးဘက္တီးရီးယား⁠ေရာဂါ (ရြက္စင္း) က်⁠ေရာက္လွ်င္ ⁠ေဆာင္ရြက္သင့္သည့္ အခ်က္မ်ား

$
0
0

ေဆာင္ရြက္ရန္

၁။ ေရာဂါဒဏ္ခံႏိုင္ရည္ရွိေသာ မ်ိဳးကို စိုက္ပါ။

၂။ ပုလဲဓာတ္ေျမၾသဇာကို လြန္ကဲစြာအသံုးမျပဳဘဲ တီစူပါ၊ ပိုတက္ (ဖြဲျပာ) စသည္တို႔ႏွင့္ ေရာ၍ အသံုးျပဳပါ။

၃။ ေကာက္ပင္စိတ္စိတ္မစိုက္ရ။

၄။ ၄င္းေရာဂါသည္ စက္တင္ဘာလတြင္ ျပင္းထန္စြာက်ေရာက္တတ္သျဖင့္ မိုးစပါးကို စိုက္ခ်ိန္ေစာ၍ စိုက္ျခင္းျဖင့္ ဘက္တီးရီးယားရြက္စင္းေရာဂါ က်ေရာက္ျခင္းကို ေရွာင္ရွားႏိုင္ပါသည္။

၅။ Copper hydroxide ေၾကးဒုတၱာ ေအာက္ဆီကလိုရိုဒ္အုပ္စု၀င္ (ေကာ့ပ္တက္၊ က်ဴမရိုမက္)ကဲ့သို႔ ေသာ အလားတူေဆးမ်ား၊ Kasugamycin ကာစူကာမိုင္စင္အုပ္စု၀င္ (ကာဆူမင္၊ ဆိုင္ပန္) ကဲ့သို႕ေသာ အလားတူေဆးမ်ားကို အညႊန္းပါေဆးႏႈန္းထားအတိုင္း ပက္ဖ်န္းကာကြယ္ႏွိမ္နင္းပါ။

၆။ မ်ိဳးေစ့မ်ား ဆားရည္စိမ္စိုက္ပါ။ ဆားရည္ကို စင္ေအာင္ ေသခ်ာစြာ ေရျဖင့္ေဆးၿပီးမွ အပင္ေဖာက္စိုက္ပါ။ ဤသို႔ ျပဳလုပ္ျခင္းသည္ သန္မာေသာပ်ိဳးပင္ရ၍ ကိုယ္ခံအားေ ကာင္းသည့္အျပင္ မ်ိဳးေစ့ေဆာင္ေရာဂါမ်ားကို ဖယ္ရွားႏိုင္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

စပါးဘက်တီးရီးယား⁠ရောဂါ (ရွက်စင်း) ကျ⁠ရောက်လျှင် ⁠ဆောင်ရွက်သင့်သည့် အချက်များ

===================================================

ဆောင်ရွက်ရန်

၁။ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပါ။

၂။ ပုလဲဓာတ်မြေသြဇာကို လွန်ကဲစွာအသုံးမပြုဘဲ တီစူပါ၊ ပိုတက် (ဖွဲပြာ) စသည်တို့နှင့် ရော၍ အသုံးပြုပါ။

၃။ ကောက်ပင်စိတ်စိတ်မစိုက်ရ။

၄။ ၎င်းရောဂါသည် စက်တင်ဘာလတွင် ပြင်းထန်စွာကျရောက်တတ်သဖြင့် မိုးစပါးကို စိုက်ချိန်စော၍ စိုက်ခြင်းဖြင့် ဘက်တီးရီးယားရွက်စင်းရောဂါ ကျရောက်ခြင်းကို ရှောင်ရှားနိုင်ပါသည်။

၅။ Copper hydroxide ကြေးဒုတ္တာ အောက်ဆီကလိုရိုဒ်အုပ်စုဝင် (ကော့ပ်တက်၊ ကျူမရိုမက်)ကဲ့သို့ သော အလားတူဆေးများ၊ Kasugamycin ကာစူကာမိုင်စင်အုပ်စုဝင် (ကာဆူမင်၊ ဆိုင်ပန်) ကဲ့သို့သော အလားတူဆေးများကို အညွှန်းပါဆေးနှုန်းထားအတိုင်း ပက်ဖျန်းကာကွယ်နှိမ်နင်းပါ။

၆။ မျိုးစေ့များ ဆားရည်စိမ်စိုက်ပါ။ ဆားရည်ကို စင်အောင် သေချာစွာ ရေဖြင့်ဆေးပြီးမှ အပင်ဖောက်စိုက်ပါ။ ဤသို့ ပြုလုပ်ခြင်းသည် သန်မာသောပျိုးပင်ရ၍ ကိုယ်ခံအားေ ကာင်းသည့်အပြင် မျိုးစေ့ဆောင်ရောဂါများကို ဖယ်ရှားနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးဘက္တီးရီးယား⁠ေရာဂါ (ရြက္စင္း) က်⁠ေရာက္လွ်င္ ⁠ေဆာင္ရြက္သင့္သည့္ အခ်က္မ်ား appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>