အဂၤလိပ္အမည္ – Bell pepper, Sweet pepper
႐ုကၡေဗဒအမည္-Capsicum annum
မ်ိဳးရင္းအမည္ -Solanaceae]
မူရင္းေဒသ
ေတာင္အေမရိကတိုက္၊အေမရိကအလယ္ပိုင္းႏွင့္အပူပိုင္းေဒသမ်ားဟုယူဆရသည္။ဘရာဇီးႏွင့္အနီးတဝိုက္ရွိကြၽန္းမ်ား၊အေနာက္အိႏၵိယကြၽန္းစုတို႔အားလည္းမူရင္းေဒသအျဖစ္အခ်ိဳ႕ကယူဆသည္။
ေတာင္ အာဖရိကမွာ အမ်ားဆုံး စိုက္ပ်ိဳးထုတ္လုပ္ၾကပါတယ္။
ေျမအမ်ိဳးအစား
ေျမၾသဇာႂကြယ္ၿပီးေရမဝပ္ေသာေျမမ်ိဳး၊သဲႏုန္း၊ႏုန္းေျမပြမ်ိဳးသည္အေကာင္းဆုံးျဖစ္သည္။ေျမေစးအသင့္အတင့္ပါေသာေျမတြင္လည္းစိုက္ပ်ိဳးႏိူင္သည္။ သို႔ေသာ္ ေရမဝပ္ေစရန္ ေရထုတ္ေျမာင္းမ်ား ျပဳလုပ္စိုက္ရမည္။ သဲေျမတြင္ စိုက္ပါက သဘာဝေျမၾသဇာ လုံေလာက္စြာ ထည့္ၿပီးမွစိုက္ရမည္။ ေျမသားပါးၿပီး ေအာက္ခံ သဲၾကပ္ေသာ ေျမတြင္ စိုက္ပ်ိဳးရန္မသင့္။ ေျမသားထုနက္ၿပီးေက်ာက္စရစ္ကင္းစင္ရန္အထူးလိုအပ္သည္။ အသင့္ေတာ္ဆုံးpHမွာ(၅.၅ မွ ၇.ဝ)ရွိေသာေျမျဖစ္သည္။
ပ်ိဳးေထာင္ျခင္း
ပ်ိဳးေဘာင္ကိုအက်ယ္(၃)ေပ၊အျမင့္(၆)လက္မ၊အရွည္(၃၀)ေပေဘာင္မ်ားျပဳလုပ္ကာႏြားေခ်း၊ေျမေဆြးတို႔ထည့္ကာေဘာင္မ်က္ႏွာျပင္ညီေအာင္ညႇိ၍မ်ိဳးေစ့ကိုျပာ၊သဲတို႔ျဖင့္ေရာကာညီညာစြာခပ္ပါးပါးႀကဲေပးျခင္း၊မ်ိဳးေစ့မ်ားခိုင္မာစြာစြဲကပ္ေစရန္လက္(သို႔)ပ်ဥ္ျပားျဖင့္ဖိေပးျခင္း၊ေကာက္႐ိုးပါးပါးအုပ္၍ေရေလာင္းျခင္းနည္းကိုေသာ္လည္းေကာင္း၊မ်ိဳးေဘာင္ေပၚတြင္ကန႔္လန႔္ျဖတ္(၃)လက္မျခားေျမာင္းမ်ားေဖာ္၍အေစ့မ်ားကိုအတန္းလိုက္ခ်ျခင္းနည္းျဖင့္ေသာ္လည္းေကာင္းပ်ိဳးေထာင္ႏိူင္သည္။ တစ္ဧကအတြက္မ်ိဳးေစ့(၅၀-၇၀)ဂရမ္လိုအပ္ပါသည္။ (၇)ရက္မွ(၁၀)အတြင္း အပင္ေ ပါက္စုံပါက ေကာက္႐ိုးဖယ္၍ နံနက္တစ္ႀကိမ္ ၊ညေနတစ္ႀကိမ္ ေရေလာင္းေပးရမည္။ မိုးမ်ားေ သာေဒသ(သို႔) မိုးမ်ားေသာ အခ်ိန္ပ်ိဳးေထာင္ပါက အရိပ္လုပ္ေပးရမည္။ ပ်ိဳးပင္မ်ား(၂၅-၃၅ )ရက္အတြင္း ေ႐ြ႕ေျပာင္း စိုက္ပ်ိဳးႏိူင္သည္။
စိုက္ခင္းေျမျပဳျပင္ျခင္း
ေျမတစ္ဧကႏြားေခ်းလွည္း(၂၀)စီးခန႔္ထည့္သည္။ထယ္ေရး၊ထြန္ေရးေကာင္းမြန္ရမည္။
ပင္ၾကား(၁)ေပခြဲ၊ တန္းၾကား(၃)ေပထား၍ စိုက္ပ်ိဳးႏိုင္သည္။
ရာသီဥတု
မိုးေရခ်ိန္(၂၅ မွ ၅၀)လက္မ႐ြာေသာေဒသမ်ားတြင္စိုက္ပ်ိဳးရန္ေကာင္းမြန္သည္။ မိုးသိပ္မ်ား ကအသီးပုပ္ႏိူင္သည္။ မိုးမ်ားေသာေဒသမ်ားတြင္ မိုးနည္းကာလ စိုက္ေလ့ရွိသည္။ အပူပိုင္းႏွင့္အပူသမပိုင္းသီႏွံျဖစ္သည္။ ႏွင္းဒဏ္မခံႏိူင္ပါ။ အပူခ်ိန္ ( ၅ ̊C မွ ၁၅ ̊C ) အတြင္း ေကာင္းစြာ မျဖစ္ထြန္းႏိုင္ပါ။ င႐ုပ္ပြ စိုက္ပ်ိဳးရန္ အတြက္ အေကာင္းဆုံး အပူခ်ိန္ကေတာ့ ၂၀̊C မွ ၂၅ ̊C အတြင္း ျဖစ္သည္။
င႐ုပ္ပြ ပန္းပြင့္ခ်ိန္မွာ အပူခ်ိန္ ၃၃ ̊C ေက်ာ္ခဲ့ရင္ေတာ့ အပြင့္ကန္းပီး အထြက္ႏႈန္းကို ထိခိုက္ႏိုင္ပါသည္။
အပင္ျပဳစုေစာင့္ေရွာက္ျခင္း
ေ႐ြ႕ေျပာင္းစိုက္ပ်ိဳးၿပီး(၃-၄)ရက္ၾကာကအပင္စတင္လန္းလာပါမည္။(၁၀-၁၂)ရက္ၾကာကေပါင္းႏွိ မ္ျခင္း၊ေရသြင္းျခင္းစတင္ႏိူင္ပါသည္။ ၾကားေပါင္းလိုက္ျခင္း၊ေျမေတာင္ေျမႇာက္ျခင္း ၊ေျမၾသ ဇာေကြၽးျ ခင္းကို(၂)ပတ္တစ္ႀကိမ္ခန႔္ျပဳလုပ္ေပးႏိူင္သည္။
ေျမၾသဇာ
င႐ုပ္ စိုက္ပ်ိဳးရန္ တစ္ဧကႏြားေခ်းလွည္းအစီး (၁၀-၂၀)စီး ထည့္ေပး ႏိူင္သည္။ ဓာတ္ေျမၾသဇာ အျဖစ္ယူရီးယား(ပုလဲ)၁-အိတ္၊တီစူပါ(၁)အိတ၊္ပိုတတ္ရွ္(၁) အိတ္ႏူန္းကိုေျမျပဳျပင္စဥ္တြင္ ထည့္၍အပင္ႀကီးထြားစဥ္အဆင့္တြင္ယူရီးယား(၂)အိတ္ကိုထပ္မံေကြၽးရပါမည္။ႏွမ္းဖတ္ကိုတစ္ဧကလွ်င္(ဝ.၅)တန္ႏူန္းကိုင႐ုတ္ပင္ပတ္လည္တြင္ထည့္ေပးႏိူင္ပါသည္။ ကယ္ဆီယမ္ ခ်ိဳ႕တဲ့မႈကို မခံႏိုင္ပါ။
ကယ္ဆီယမ္ခ်ိဳ႕တဲ့ေသာ ေျမမ်ားတြင္ င႐ုပ္ပြ အသီးထိပ္ပိုင္းေတြမွာ အမည္းေရာင္ ခ်ိဳင့္ကြက္ လကၡဏာေတြကို ေတြ႕ရတက္သည္။ ထို႔အျပင္ အျခားေသာ ဇင့္၊ မန္းဂနိစ္၊ အိုင္း႐ြန္း၊ ဘို႐ြန္ စေသာ အနည္းလို အာဟာရဓါတ္မ်ားကို ခ်ိဳ႕တဲ့လြယ္တာေၾကာင့္ သီးပြင့္ဝင္ခ်ိန္မွာ ႐ြက္ဖ်န္းအားေဆး ဖ်န္းေပးပါ။
ရိတ္သိမ္းျခင္း ႏွင့္ အထြက္
င႐ုပ္ပြမ်ားသည္ မ်ိဳးအေပၚ မူတည္၍ ရက္ ၉၀ မွ ၁၀၀ အတြင္း ခူးဆြတ္ႏိုင္သည္။ မိမိ အသုံးျပဳ သည့္ မ်ိဳး၊ သြင္းအားစု အေပၚ မူတည္၍ တစ္ဧကလွ်င္ အသီးႏႈန္း တစ္ေသာင္း ခန႔္ ( ၃၀၀ မွ ၄၀၀ ပိသာ) ရႏိုင္သည္။
စိုက္ပ်ိဳးေရးဦးစီးဌာန
Unicode ျဖင့္ဖတ္ရန္
ငရုတ်ပွစိုက်နည်းအေကြာင်းသိကောင်းစရာ
============================
အင်္ဂလိပ်အမည် – Bell pepper, Sweet pepper
ရုက္ခဗေဒအမည်-Capsicum annum
မျိုးရင်းအမည် -Solanaceae]
မူရင်းဒေသ
တောင်အမေရိကတိုက်၊အမေရိကအလယ်ပိုင်းနှင့်အပူပိုင်းဒေသများဟုယူဆရသည်။ဘရာဇီးနှင့်အနီးတဝိုက်ရှိကျွန်းများ၊အနောက်အိန္ဒိယကျွန်းစုတို့အားလည်းမူရင်းဒေသအဖြစ်အချို့ကယူဆသည်။
တောင် အာဖရိကမှာ အများဆုံး စိုက်ပျိုးထုတ်လုပ်ကြပါတယ်။
မြေအမျိုးအစား
မြေသြဇာကြွယ်ပြီးရေမဝပ်သောမြေမျိုး၊သဲနုန်း၊နုန်းမြေပွမျိုးသည်အကောင်းဆုံးဖြစ်သည်။မြေစေးအသင့်အတင့်ပါသောမြေတွင်လည်းစိုက်ပျိုးနိူင်သည်။ သို့သော် ရေမဝပ်စေရန် ရေထုတ်မြောင်းများ ပြုလုပ်စိုက်ရမည်။ သဲမြေတွင် စိုက်ပါက သဘာဝမြေသြဇာ လုံလောက်စွာ ထည့်ပြီးမှစိုက်ရမည်။ မြေသားပါးပြီး အောက်ခံ သဲကြပ်သော မြေတွင် စိုက်ပျိုးရန်မသင့်။ မြေသားထုနက်ပြီးကျောက်စရစ်ကင်းစင်ရန်အထူးလိုအပ်သည်။ အသင့်တော်ဆုံးpHမှာ(၅.၅ မှ ၇.ဝ)ရှိသောမြေဖြစ်သည်။
ပျိုးထောင်ခြင်း
ပျိုးဘောင်ကိုအကျယ်(၃)ပေ၊အမြင့်(၆)လက်မ၊အရှည်(၃၀)ပေဘောင်များပြုလုပ်ကာနွားချေး၊မြေဆွေးတို့ထည့်ကာဘောင်မျက်နှာပြင်ညီအောင်ညှိ၍မျိုးစေ့ကိုပြာ၊သဲတို့ဖြင့်ရောကာညီညာစွာခပ်ပါးပါးကြဲပေးခြင်း၊မျိုးစေ့များခိုင်မာစွာစွဲကပ်စေရန်လက်(သို့)ပျဉ်ပြားဖြင့်ဖိပေးခြင်း၊ကောက်ရိုးပါးပါးအုပ်၍ရေလောင်းခြင်းနည်းကိုသော်လည်းကောင်း၊မျိုးဘောင်ပေါ်တွင်ကန့်လန့်ဖြတ်(၃)လက်မခြားမြောင်းများဖော်၍အစေ့များကိုအတန်းလိုက်ချခြင်းနည်းဖြင့်သော်လည်းကောင်းပျိုးထောင်နိူင်သည်။ တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ဂရမ်လိုအပ်ပါသည်။ (၇)ရက်မှ(၁၀)အတွင်း အပင်ေ ပါက်စုံပါက ကောက်ရိုးဖယ်၍ နံနက်တစ်ကြိမ် ၊ညနေတစ်ကြိမ် ရေလောင်းပေးရမည်။ မိုးများေ သာဒေသ(သို့) မိုးများသော အချိန်ပျိုးထောင်ပါက အရိပ်လုပ်ပေးရမည်။ ပျိုးပင်များ(၂၅-၃၅ )ရက်အတွင်း ရွေ့ပြောင်း စိုက်ပျိုးနိူင်သည်။
စိုက်ခင်းမြေပြုပြင်ခြင်း
မြေတစ်ဧကနွားချေးလှည်း(၂၀)စီးခန့်ထည့်သည်။ထယ်ရေး၊ထွန်ရေးကောင်းမွန်ရမည်။
ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထား၍ စိုက်ပျိုးနိုင်သည်။
ရာသီဥတု
မိုးရေချိန်(၂၅ မှ ၅၀)လက်မရွာသောဒေသများတွင်စိုက်ပျိုးရန်ကောင်းမွန်သည်။ မိုးသိပ်များ ကအသီးပုပ်နိူင်သည်။ မိုးများသောဒေသများတွင် မိုးနည်းကာလ စိုက်လေ့ရှိသည်။ အပူပိုင်းနှင့်အပူသမပိုင်းသီနှံဖြစ်သည်။ နှင်းဒဏ်မခံနိူင်ပါ။ အပူချိန် ( ၅ ̊C မှ ၁၅ ̊C ) အတွင်း ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ ငရုပ်ပွ စိုက်ပျိုးရန် အတွက် အကောင်းဆုံး အပူချိန်ကတော့ ၂၀̊C မှ ၂၅ ̊C အတွင်း ဖြစ်သည်။
ငရုပ်ပွ ပန်းပွင့်ချိန်မှာ အပူချိန် ၃၃ ̊C ကျော်ခဲ့ရင်တော့ အပွင့်ကန်းပီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
အပင်ပြုစုစောင့်ရှောက်ခြင်း
ရွေ့ပြောင်းစိုက်ပျိုးပြီး(၃-၄)ရက်ကြာကအပင်စတင်လန်းလာပါမည်။(၁၀-၁၂)ရက်ကြာကပေါင်းနှိ မ်ခြင်း၊ရေသွင်းခြင်းစတင်နိူင်ပါသည်။ ကြားပေါင်းလိုက်ခြင်း၊မြေတောင်မြှောက်ခြင်း ၊မြေသြ ဇာကျွေးြ ခင်းကို(၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိူင်သည်။
မြေသြဇာ
ငရုပ် စိုက်ပျိုးရန် တစ်ဧကနွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေး နိူင်သည်။ ဓာတ်မြေသြဇာ အဖြစ်ယူရီးယား(ပုလဲ)၁-အိတ်၊တီစူပါ(၁)အိတ၊်ပိုတတ်ရှ်(၁) အိတ်နူန်းကိုမြေပြုပြင်စဉ်တွင် ထည့်၍အပင်ကြီးထွားစဉ်အဆင့်တွင်ယူရီးယား(၂)အိတ်ကိုထပ်မံကျွေးရပါမည်။နှမ်းဖတ်ကိုတစ်ဧကလျှင်(ဝ.၅)တန်နူန်းကိုငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိူင်ပါသည်။ ကယ်ဆီယမ် ချို့တဲ့မှုကို မခံနိုင်ပါ။
ကယ်ဆီယမ်ချို့တဲ့သော မြေများတွင် ငရုပ်ပွ အသီးထိပ်ပိုင်းတွေမှာ အမည်းရောင် ချိုင့်ကွက် လက္ခဏာတွေကို တွေ့ရတက်သည်။ ထို့အပြင် အခြားသော ဇင့်၊ မန်းဂနိစ်၊ အိုင်းရွန်း၊ ဘိုရွန် စသော အနည်းလို အာဟာရဓါတ်များကို ချို့တဲ့လွယ်တာကြောင့် သီးပွင့်ဝင်ချိန်မှာ ရွက်ဖျန်းအားဆေး ဖျန်းပေးပါ။
ရိတ်သိမ်းခြင်း နှင့် အထွက်
ငရုပ်ပွများသည် မျိုးအပေါ် မူတည်၍ ရက် ၉၀ မှ ၁၀၀ အတွင်း ခူးဆွတ်နိုင်သည်။ မိမိ အသုံးပြု သည့် မျိုး၊ သွင်းအားစု အပေါ် မူတည်၍ တစ်ဧကလျှင် အသီးနှုန်း တစ်သောင်း ခန့် ( ၃၀၀ မှ ၄၀၀ ပိသာ) ရနိုင်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ငရုတ္ပြစိုက္နည္းအေၾကာင္းသိေကာင္းစရာ appeared first on Myanmar Farmers' Portal.