Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါးရွက်ဖုံးေ⁠ခြာက်မှို⁠ရောဂါ ကျ⁠ရောက်လျှင် ⁠ဆောင်ရွက်ရမည့်နည်းလမ်းများ

$
0
0

ဆောင်ရွက်ရန်

၁။ ခံနိုင်ရည်ရှိသော မျိုးများမှာ – ရွှေတဆုပ်၊ ဆားငံခံ (၂)၊ ရေနက် (၃)

အသင့်အတင့်ခံနိုင်သောမျိုးများမှာ – ကျော်ဇေယျ၊ မနောသုခ၊ စိန်တလေး၊ ဧရာမင်း၊ လုံးသွယ်မွှေး၊ ဆင်းသီရိ တို့ ဖြစ်သည်။

၂။ ရွက်ဖုံးခြောက်ရောဂါဖြစ်မှိုသည် သဘာဝအားဖြင့် ပေါင်းမြက်ပင်များတွင် ခိုအောင်းနေသဖြင့် ပေါင်းမြက်များကို မီးရှို့ဖျက်ဆီးရန် လိုအပ်ပါသည်။

၃။ မစိုက်မီ စပါးမျိုးစေ့ကို  မှိုသတ်ဆေး ဟိုမိုင်း (Homai 80% WP) နှင့် လူးနယ် စိုက်ပျိုးရပါမည်။

(မှိုသတ်ဆေး ဟင်းစားဇွန်း တစ်ဇွန်း – မျိုးစေ့တစ်ပြည်နှုန်း)။

၎။ စိုက်ခင်းတွင် ရောဂါကျရောက်ပါက ဆာလ်ဖာပါသော မှိုသတ်ဆေးများကို ပက်ဖျန်းနိုင် ပါသည်။ အထူးသဖြင့် ဘာလီဒါမိုင်ဇင် (Validamycim) ၊ ကာဆူမင် (Kasumin) မှိုသတ်ဆေး ၁း၁၀၀၀ အချိုးနှုန်းနှင့် ဖျော်၍ ပတ်ဖျန်းပါက ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင် ပါသည်။

၅။ ပုလဲမြေသြဇာတစ်မျိုးတည်း လွန်ကဲစွာထည့်သွင်းခြင်းမပြုရပါ။ တီစူပါ နှင့် ပိုတက်မြေ သြဇာကို အချိုးညီရော၍ ထည့်သွင်းရပါမည်။

၆။ မျိုးစေ့များ ဆားရည်စိမ်စိုက်ပါ။ ဆားရည်ကို စင်အောင် သေချာစွာရေဖြင့်ဆေးပြီးမှ အပင်ေ ဖာက်စိုက်ပါ။ ဤသို့ ပြုလုပ်ခြင်းသည် သန်မာသော ပျိုးပင်ရ၍ ကိုယ်ခံအားကောင်းသည့်အပြင် မျိုးစေ့ဆောင်ရောဂါများကို ဖယ်ရှားနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

The post စပါးရွက်ဖုံးေ⁠ခြာက်မှို⁠ရောဂါ ကျ⁠ရောက်လျှင် ⁠ဆောင်ရွက်ရမည့်နည်းလမ်းများ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>