Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691
$
0
0
Unicode ဖြင့်ဖတ်ရန်
ပိန်းပန်း စိုက်ပျိုးပြုစုနည်း
==================
ပိန်းပန်းပင်က ရေစီးရေလာကောင်းတဲ့ မြေကို ပိုပြီးတော့ နှစ်သက်ပါတယ်။
အပင်ရဲ့ မြေခံ အနေနဲ့ ပွားစာကို မီးသွေး၊ အုန်းဆံမှုန့် တို့ကို အသုံးပြုပေးပါ။
အုတ်နီခဲ အပိုင်းအစကိုတော့ အပင်တည့်မတ်အောင် ထိန်းထားတဲ့ အနေနဲ့ အသုံးပြုပေးသင့်ပါတယ်။
ပိန်းပင်ပင်ဟာ ပင်ခြေရေဝပ်တာကို မကြိုက်နှစ်သက်ပါ။ သို့သော် အစိုဓာတ်ရရှိနေဖို့တော့ လိုအပ်ပါတယ်။
အပင်ကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့သည့်နေရာတွင် မထားပါ နှင့်။ ပုံမှန်အလင်းရောင်ရရှိသည့်နေရာတွင်သာ ထားပေးပါ။
နွေရာသီမှာ ဆိုရင် အပင်ကို ၃ – ၅ ရက်ခြားတစ်ကြိမ်ခန့် ရေလောင်းပေးသင့်ပါတယ်။
အားဆေးအနေနဲ့ ဗိုက်တာမင် ဘီဝမ်း နှင့် ဘော့ဘလပ် ဆေးပြားများ BPI ထုတ်တွေတင်သာမက အခြားထုတ်တွေလည်း တွေ့ရပါသည်။ ဆေးနှစ်ပြားကို ရေတစ်ဂါလံတွင် သုံးပေးပါ။
အပင်ကြီးလာသောအခါ အိုးကြီးထဲကို ထပ်ပြောင်းပေးမှသာလျှင် ပင်ပွားများများရရှိမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန
The post ပိန်းပန်း စိုက်ပျိုး⁠ပြုစုနည်း appeared first on Myanmar Farmers' Portal.
Viewing all articles
Browse latest Browse all 691
Trending Articles