Quantcast
Channel: စိုက္ပ်ိဳးေရးနည္းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဒူးရင္းသီး အ⁠ျမစ္ပုတ္⁠ေရာဂါဒဏ္ခံနိုင္ရည္ရွိရန္ ⁠ေအာက္ခံပင္ ⁠ႏွစ္ပင္ဆက္ (Double Root) ပ်ိဳးပင္ ထုတ္လုပ္ပံု

$
0
0

၁။ မ်ိဳးသန္႔ (၁) ကိုင္းဆက္ပ်ိဳးပင္ (၁) ႏွစ္သားကို  (၁၄ x ၁၈) လက္မ ပလတ္စတစ္ အိတ္မဲသို႔ ေျပာင္းေရႊ႕ေပးပါ။

၂။ ေျပာင္းေရႊ႕ၿပီး (၁) လသားခန္႔ အၾကာတြင္ ဒူးရင္းေအာက္ခံပင္ (၁) ႏွစ္သားကို ၄င္းပ်ိဳးအိပ္တြင္ ထည့္စိုက္ပါ။

၃။ ေအာက္ခံပင္ ထည့္ၿပီး (၁) လခန္႔အၾကာတြင္ ႏွစ္ပင္ ပူးဆက္ရန္အသင့္အေနအထား ရရွိပါသည္။

၄။ မ်ိဳးသန္႔ (၁) ကိုင္းဆက္ပင္ကို ပင္ေျခမွ (၉) လက္မအရွည္ထား၍ ပံုပါအတိုင္း ေဘးေစာင္းလွီးျဖတ္ပါ။

၅။ ေအာက္ခံပင္ကို ေအာက္ေျခ မွ (၁၀ – ၁၁)  လက္မအရွည္ခ်န္၍ ျဖတ္ၿပီးေဘးေစာင္းသပ္ပံုလွီးျဖတ္ပါ။

၆။ ေဘးေစာင္းလွီးျဖတ္ထားသည့္ ကိုင္းဆက္ ပ်ိဳးပင္၏ လွီးထားသည့္ေနရာတြင္ ေအာက္ခံပင္ကို ကပ္၍ ေထာက္ေပးပါ။

၇။ ကိုင္းဆက္ပ်ိဳးပင္ ႏွင့္ ေအာက္ခံပင္လွီးျဖတ္ထားသည့္ မ်က္ႏွာျပင္ ႏွစ္ခုကပ္ၿပီးပါက ပလတ္စတစ္ျဖင့္ ပတ္ေပးပါ။

၈။ ပလတ္စတစ္ပတ္ရာတြင္ လွီးျဖတ္ထားသည့္ မ်က္ႏွာျပင္တစ္ေလွ်ာက္ လံုေအာင္ပတ္ေပးရမည္။

၉။ မ်ိဳးသန္႔ ကိုင္းဆက္ ဒူးရင္းမ်ိဳးသန္႔ (၁) ပ်ိဳးပင္ ႏွင့္ ေအာက္ခံပင္ (ေဒသမ်ိဳး) ပူးကပ္ၿပီး ပလတ္စတစ္ျဖင့္ ခ်ည္ေနွာင္ၿပီးပါက ေအာက္ခံ ႏွစ္ပင္ဆက္ အျမစ္ (၂) ခုရွိ (Double Root) ဒူးရင္းကိုင္းဆက္ပ်ိဳးပင္ကို ရရွိပါသည္။

၁၀။ ပူးကပ္ၿပီး ပလတ္စတစ္စကို သက္တမ္း (၂)လၾကာျမင့္သည့္အခါ ဓါးပါးျဖင့္ လွီးျဖတ္ၿပီး ဖယ္ရွားေပးပါ။

၁၁။ (Double Root) ကိုင္းဆက္ပ်ိဳးပင္သည္ ေရေသာက္ျမစ္ (၂) ခုရွိသည့္အတြက္ ဒူးရင္း အျမစ္ပုတ္ေရာဂါ (Phytopthara) ဒဏ္ကို ေရရွည္တြင္ အမွန္တကယ္ ခံႏိုင္ရည္ရွိပါသည္။

၁၂။ ေအာက္ခံပင္ (ေဒသမ်ိဳး) ႏွစ္ပင္ဆက္ပ်ိဳးပင္ ကို ေျမတြင္ ခ်စိုက္ၿပီးေနာက္ထပ္ေအာက္ခံပင္တစ္ပင္ ႏွင့္ ထပ္မံ၍ အထက္ပါနည္းအတိုင္း ပူးဆက္ေပးျခင္းျဖင့္  ေရေသာက္ျမစ္ (၃) ခုရွိ မ်ိဳးသန္႔ (၁) ဒူးရင္းပင္ကို ရရွိပါသည္။

၁၃။ ေရေသာက္ျမစ္ (၃) ခုရွိ မ်ိဳးသန္႔ (၁) ဒူးရင္းကိုင္းဆက္ပင္သည္ ဒူးရင္းသီးပင္တြင္ က်ေရာက္တတ္သည့္ အျမစ္ပုပ္ေရာဂါ (Pytopthara) ေရာဂါကိုခံႏိုင္ရည္ရွိပါသည္။

၁၄။ အပင္က်န္းမာသန္စြမ္းၿပီး အရည္အေသြး ေကာင္း ဒူးရင္းသီးကို ရရွိေစပါသည္။

#စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ဒူးရင်းသီး အမြစ်ပုတ်ရောဂါဒဏ်ခံနိုင်ရည်ရှိရန် အောက်ခံပင် နှစ်ပင်ဆက် (Double Root) ပျိုးပင် ထုတ်လုပ်ပုံ

=============================================================

၁။ မျိုးသန့် (၁) ကိုင်းဆက်ပျိုးပင် (၁) နှစ်သားကို (၁၄ x ၁၈) လက်မ ပလတ်စတစ် အိတ်မဲသို့ ပြောင်းရွှေ့ပေးပါ။

၂။ ပြောင်းရွှေ့ပြီး (၁) လသားခန့် အကြာတွင် ဒူးရင်းအောက်ခံပင် (၁) နှစ်သားကို ၎င်းပျိုးအိပ်တွင် ထည့်စိုက်ပါ။

၃။ အောက်ခံပင် ထည့်ပြီး (၁) လခန့်အကြာတွင် နှစ်ပင် ပူးဆက်ရန်အသင့်အနေအထား ရရှိပါသည်။

၄။ မျိုးသန့် (၁) ကိုင်းဆက်ပင်ကို ပင်ခြေမှ (၉) လက်မအရှည်ထား၍ ပုံပါအတိုင်း ဘေးစောင်းလှီးဖြတ်ပါ။

၅။ အောက်ခံပင်ကို အောက်ခြေ မှ (၁၀ – ၁၁) လက်မအရှည်ချန်၍ ဖြတ်ပြီးဘေးစောင်းသပ်ပုံလှီးဖြတ်ပါ။

၆။ ဘေးစောင်းလှီးဖြတ်ထားသည့် ကိုင်းဆက် ပျိုးပင်၏ လှီးထားသည့်နေရာတွင် အောက်ခံပင်ကို ကပ်၍ ထောက်ပေးပါ။

၇။ ကိုင်းဆက်ပျိုးပင် နှင့် အောက်ခံပင်လှီးဖြတ်ထားသည့် မျက်နှာပြင် နှစ်ခုကပ်ပြီးပါက ပလတ်စတစ်ဖြင့် ပတ်ပေးပါ။

၈။ ပလတ်စတစ်ပတ်ရာတွင် လှီးဖြတ်ထားသည့် မျက်နှာပြင်တစ်လျှောက် လုံအောင်ပတ်ပေးရမည်။

၉။ မျိုးသန့် ကိုင်းဆက် ဒူးရင်းမျိုးသန့် (၁) ပျိုးပင် နှင့် အောက်ခံပင် (ဒေသမျိုး) ပူးကပ်ပြီး ပလတ်စတစ်ဖြင့် ချည်နှောင်ပြီးပါက အောက်ခံ နှစ်ပင်ဆက် အမြစ် (၂) ခုရှိ (Double Root) ဒူးရင်းကိုင်းဆက်ပျိုးပင်ကို ရရှိပါသည်။

၁၀။ ပူးကပ်ပြီး ပလတ်စတစ်စကို သက်တမ်း (၂)လကြာမြင့်သည့်အခါ ဓါးပါးဖြင့် လှီးဖြတ်ပြီး ဖယ်ရှားပေးပါ။

၁၁။ (Double Root) ကိုင်းဆက်ပျိုးပင်သည် ရေသောက်မြစ် (၂) ခုရှိသည့်အတွက် ဒူးရင်း အမြစ်ပုတ်ရောဂါ (Phytopthara) ဒဏ်ကို ရေရှည်တွင် အမှန်တကယ် ခံနိုင်ရည်ရှိပါသည်။

၁၂။ အောက်ခံပင် (ဒေသမျိုး) နှစ်ပင်ဆက်ပျိုးပင် ကို မြေတွင် ချစိုက်ပြီးနောက်ထပ်အောက်ခံပင်တစ်ပင် နှင့် ထပ်မံ၍ အထက်ပါနည်းအတိုင်း ပူးဆက်ပေးခြင်းဖြင့် ရေသောက်မြစ် (၃) ခုရှိ မျိုးသန့် (၁) ဒူးရင်းပင်ကို ရရှိပါသည်။

၁၃။ ရေသောက်မြစ် (၃) ခုရှိ မျိုးသန့် (၁) ဒူးရင်းကိုင်းဆက်ပင်သည် ဒူးရင်းသီးပင်တွင် ကျရောက်တတ်သည့် အမြစ်ပုပ်ရောဂါ (Pytopthara) ရောဂါကိုခံနိုင်ရည်ရှိပါသည်။

၁၄။ အပင်ကျန်းမာသန်စွမ်းပြီး အရည်အသွေး ကောင်း ဒူးရင်းသီးကို ရရှိစေပါသည်။

#စိုက်ပျိုးရေးဦးစီးဌာန

The post ဒူးရင္းသီး အ⁠ျမစ္ပုတ္⁠ေရာဂါဒဏ္ခံနိုင္ရည္ရွိရန္ ⁠ေအာက္ခံပင္ ⁠ႏွစ္ပင္ဆက္ (Double Root) ပ်ိဳးပင္ ထုတ္လုပ္ပံု appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>